SJ WorldNews - шаблон joomla Авто

အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာမှ ငွေနှစ်ခု၊ ကြေးရှစ်ခု စတင်ဆွတ်ခူးရရှိ

Monday, 02 December 2019 12:55 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

ဖိလစ်ပိုင်နိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့်  ၂၀၁၉ ခုနှစ် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများကို မြို့နယ် အသီးသီးရှိ အားကစား ကွင်း/အားကစားရုံများ၌ကျင်းပရာ  ယနေ့ပြိုင်ပွဲများအပြီးတွင် မြန်မာနိုင်ငံမှ ငွေနှစ်ခု၊ ကြေးရှစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ယနေ့ပြိုင်ပွဲများအဖြစ် Subic Bay Gymuasium အားကစားရုံ၌ ကျင်းပသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ(ကွင်း သွင်းခြင်းခတ်) ပြိုင်ပွဲတွငမြန်မာအမျိုးသမီး ပိုက်ကျော်ခြင်း အဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်ရာ မြန်မာအသင်း အနေဖြင့် ကြေးတံဆိပ် ဆွတ်ခူး ရရှိခဲ့ပြီး အိမ်ရှင် ဖိလစ်ပိုင်က ၆၇၀ မှတ်ဖြင့် ပထမ၊ အင်ဒိုနီးရှားက ၆၆၀ မှတ်ဖြင့် ဒုတိယ၊  မြန်မာက ၆၄၀ မှတ်ဖြင့် တတိယ၊ လာအိုက ၄၂၀ စတုတအသီးသီး ရရှိခဲ့သည်။

ဆက်လက်၍ မနီလာမြို့ World Trade Center Halls A & Bအားကစားခန်းမ၌ ကျင်းပသော ၀ူရှူးပြိုင်ပွဲတွင် မြန်မာဝူရှူး အားကစား သမားများ ၀င်ရောက်ယှဉ်ပြိုင်ရာ ၀ူရှူး(အမျိုးသား)ချန်းချွမ်ပွဲစဉ်တွင် မင်းခန့်ဇော်က အဆင့် ၈ နေရာနှင့် မျိုးမင်းကြီးက အဆင့် ၁၀ နေရာတွင် လည်းကောင်း၊ (အမျိုးသား)ထိုက်ချိချွမ်းပွဲစဉ်တွင် ငြိမ်းချမ်းကိုကိုက အဆင့် ၇ နေရာနှင့် (အမျိုးသမီး)ထိုက်ချိချွမ်း ပွဲစဉ်တွင် မြတ်နိုးအိမ်က အဆင့် ၉ နေရာတွင်လည်းကောင်း၊ သိန်းသန်းဦးက ၀ူရှူး (နန်းသောင်း၊ နန်းချွန်)ပွဲစဉ်တွင် ပြိုင်ပွဲ  နှစ်ရက်ပေါင်း ယှဉ်ပြိုင်ကစားရ မည်ဖြစ်ရာ ပထမနေ့ပွဲစဉ် အပြီးတွင် အဆင့် ၅ နေရာတွင် လည်းကောင်း အသီးသီး ရရှိသည်။

ထို့နောက်  မနီလာမြို့ Ninoy Aquino Stadium ၌ ကျင်းပသော အလေးမ အားကစားနည်းမှ အမျိုးသမီး ၄၅ ကီလိုတန်း ပြိုင်ပွဲတွင် ဇင်မေဦးဝင်ရောက် ယှဉ်ပြိုင်ရာ အဆင့် ၅ နေရာသာရရှိခဲ့ပြီး အမျိုးသား ၄၅ကီလိုတန်းပြိုင်ပွဲတွင် ပြည့်ဖြိုး ၀င်ရောက်ယှဉ် ပြိုင်ရာ အဆင့် ၄ နေရာသာ ရရှိခဲ့သည်။

Kurash ကီလိုထက် အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မြင့်ဇင်က ကြေးတံဆိပ် တစ်ခုရရှိခဲ့သည်။

SCC Angleles University Foundation Clark City အားကစားရုံ၌ကျင်းပသည့် အားနစ် (Arnis) အားကစား နည်းတွင် အမျိုးသား ၅၅ ကီလို ဘင်တန်ဝိတ်တန်း ပြိုင်ပွဲတွင် စိုးပိုင်(မြန်မာ)က ငွေတံဆိပ်တစ်ခု နှင့် အမျိုးသား + ၅၅-၆၅ ကီလို ဖယ်သာ ၀ိတ်တန်းပြိုင်ပွဲတွင် ၀င်းသက်ပိုင်(မြန်မာ)က ကြေးတံဆိပ် တစ်ခု၊ အမျိုးသား ၆၀-၆၅ ကီလိုလိုက် ၀တ်တန်း ပြိုင်ပွဲတွင် သက်နိုင်ဝင်း (မြန်မာ)က ကြေးတံဆိပ် တစ်ခု၊ အမျိုးသား +၆၅ ကီလိုဝယ်သာ ၀ိတ်တန်း ပြိုင်ပွဲတွင် ဗန်လျန် ခေါလ် (မြန်မာ)က ကြေးတံဆိပ် တစ်ခု အသီးသီး ရရှိခဲ့သည်။

အမျိုးသမီး ၅၀ ကီလိုဝိတ်တန်း ပြိုင်ပွဲတွင် သနာခိုင်(မြန်မာ)က ကြေးတံဆိပ်တစ်ခု၊ အမျိုးသမီး ၅၀-၅၅ ကီလိုဖယ်သာ ၀ိတ်တန်း ပြိုင်ပွဲတွင် လှနွယ်အေး(မြန်မာ)က ကြေး တံဆိပ် တစ်ခု၊ အမျိုးသမီး ၅၅- ၆၀ ကီလိုလိုက်ဝိတ်တန်းပြိုင်ပွဲတွင် မိုးမိုးအေး(မြန်မာ) က ကြေးတံဆိပ် တစ်ခုနှင့် အမျိုးသမီး +၆၀ကီလိုဝယ်သာ ၀ိတ်တန်းပြိုင်ပွဲတွင် သက်ဝေဦး (မြန်မာ)က ဆီမီးဖိုင်နယ် ပွဲစဉ်၌ အိမ်ရှင် ဖိလစ်ပိုင် ကစားသမားကို အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီး ဗီယက်နမ် ကစားသမားနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရာ ရှုံးနိမ့် သွားသဖြင့် ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ကျော်လွင်

Read 56 times Last modified on Monday, 02 December 2019 12:56