SJ WorldNews - шаблон joomla Авто

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ အားကစားလ(ပထမပတ်) စုပေါင်း လမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်

Monday, 02 December 2019 12:56 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ပထမပတ်) စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင်  တိုင်းစစ်ဌာနချုပ် အသီးသီးရှိ တပ်နယ်များ၌ ကျင်းပပြုလုပ်ကြသည်။

ထိုသို့စုပေါင်း လမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်ရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် ပုဗ်္ဗသီရိတပ်နယ်၏ စုပေါင်း လမ်းလျှောက်ပွဲကို နယ်မြေခံ တပ်အားကစားကွင်း၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မြစ်ကြီးနား တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ် လားရှိုးတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊ အရှေ့အ လယ်ပိုင်းတိုင်း စစ်ဌာနချုပ် ခိုလမ်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ်အား ကစား ကွင်း၌ လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်၏ စုပေါင်း လမ်းလျှောက်ပွဲကို ကျိုင်းတုံတပ်နယ် အားကစားကွင်း၌ လည်းကောင်း၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် မော်လမြိုင်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို ရွှေနတ်တောင် အားကစားကွင်း၌ လည်းကောင်း ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် မြိတ်တပ်နယ်၏ စုပေါင်းလမ်း လျှောက်ပွဲကို တိုင်း စစ်ဌာနချုပ် အားကစားကွင်း၌လည်းကောင်း ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှု အောက် တပ်နယ် အသီးသီး အလိုက် စုပေါင်း လမ်းလျှောက်ပွဲများကို တပ်နယ်အားကစား ကွင်းများ၌ လည်းကောင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ်၏စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ် ဘောလုံး ကွင်း၌ လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ် ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မနလေး တပ်နယ်၏စုပေါင်းလမ်းလျှောက်ပွဲကို တိုင်း စစ်ဌာနချုပ် ရန်အောင်မြင်ခန်းမရှေ့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ငူတပ်နယ်၏ စုပေါင်း လမ်းလျှောက်ပွဲကို   တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမရှေ့၌လည်းကောင်း အသီးသီးကျင်းပပြုလုပ်ကြရာ တိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ပါဝင် ဆင်နွှဲကြပြီး သတ်မှတ်နေရာများတွင် စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရုံး/ဌာနများ၏ ဒီဇင်ဘာအားကစားလ(ပထမပတ်) စုပေါင်းလမ်းလျှောက် ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းမှူးရုံး စခန်းမှူးနှင့် ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများပါဝင်ဆင်နွှဲကြပြီး ကိုယ်လက်ကြံ့ခိုင်ရေးများ စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

Read 65 times Last modified on Monday, 02 December 2019 12:59