SJ WorldNews - шаблон joomla Авто

ဖိလစ်ပိုင်ဆီးဂိမ်းတွင် အားကစားနည်းအလိုက် မြန်မာအသင်း ဆုတံဆိပ်များ ထပ်မံဆွတ်ခူး

Tuesday, 03 December 2019 09:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဒီဇင်ဘာ  

ဖိလစ်ပိုင်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၉ ခုနှစ် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံ အသီးသီး၌ ဆက်လက်ကျင်းပလျက်ရှိသည်။

မနီလာမြို့ (Ninoy Aquino Stadium) ၌ကျင်းပသော အလေးမအားကစားနည်းမှ ၄၉ ကီလိုတန်းပြိုင်ပွဲ အမျိုးသမီး ပွဲစဉ်တွင် ပြည့်ပြည့်ဖြိုး ၀င်ရောက်ယှဉ်ပြိုင်ရာ ငွေတံဆိပ် တစ်ခုရရှိခဲ့သည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပထမဆုရရှိသော အင်ဒိုနီးရှား၊ ဒုတိယဆု ရရှိသော မြန်မာ၊ တတိယဆု ရရှိသော ဗီယက်နမ်တို့အား  မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့် ကာယ ပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အင်ဒိုနီးရှား နိုင်ငံ အမျိုးသားအားကစား ကော်မတီ ဥကဋ္ဌတို့က ဆုများ ပေးအပ် သည်။

SAN  JUAN  AREA  ကျင်းပသည့် ဘတ်စကက်ဘော အားကစားနည်း၌ အမျိုးသား (3 & 3)ပွဲစဉ်တွင် ထိုင်းအ သင်းနှင့်  မြန်မာ အသင်းတို့  ယှဉ်ပြိုင်ကစားကြရာ ထိုင်းအသင်းက ၂၁ မှတ် ၁၃ မှတ်ဖြင့်လည်းကောင်း၊ အမျိုးသမီး (3 & 3)ပွဲစဉ်တွင် အင်ဒိုနီးရှား အသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အင်ဒိုနီးရှား အသင်းက ၂၁ မှတ် ၁၁ မှတ်ဖြင့် လည်းကောင်း  အသီးသီး အနိုင်ရရှိသည်။

ညနေပိုင်းတွင် ဆက်လက် ယှဉ်ပြိုင်ကစားသော ၀ူရှူးအားကစားနည်း၌ ဆန်းဒါ ၆၅ ကီလို တန်းပြိုင်ပွဲတွင် မြန်မာမှ စုလှိုင်ဝင်းက ထိုင်းကစား သမားကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူပြီး ငွေတံဆိပ်တစ်ခု ဆွတ်ခူးရရှိကာ ဆန်းဒါအမျိုးသား အတိုက် ပြိုင်ပွဲ၌ ၄၈ ကီလိုတန်းပြိုင်ပွဲတွင် အောင်မျိုးထွန်းက ကြေးတံဆိပ် တစ်ခု၊ ၆၅ ကီလိုတန်းပြိုင်ပွဲတွင် ချစ်ကိုကိုက ကြေးတံဆိပ် တစ်ခု ဆွတ်ခူးရရှိခဲ့သည်။

ထို့ပြင် DCD. LOT.  FRONT  of  Royce Hotel(Lark) တွင် ကျင်းပသော ပီတန်း အားကစားနည်း၌  မြန်မာ အားကစား အဖွဲ့ဝင် ရောက်ယှဉ်ပြိုင်ရာ  အမျိုးသမီးသုံးယောက်တွဲ အုပ်စုတွင်းပြိုင်ပွဲတွင်  မြန်မာအသင်းက  ထိုင်း အသင်း ကို ၁၃ မှတ် ၄ မှတ်ဖြင့် အနိုင်ရရှိသည်။

Subic Bay Gymuasium  အားကစားရုံ တွင်ကျင်းပသည့် ပိုက်ကျော်ခြင်းအမျိုးသား နှစ်ယောက်တွဲအသင်း လိုက်ပြိုင်ပွဲ တွင်  မြန်မာက ကမောဒီးယားကို  သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ထို့အတူ SCC Angleles University  Foundation  Clark  City  အားကစားရုံ၌ကျင်းပ သည့် အားနစ် (Arnis) ပြိုင်ပွဲ များကို ဒုတိယ နေ့ပွဲစဉ်များအဖြစ် ဆက်လက်ကျင်းပလျက်ရှိရာ မြန်မာအားနစ် အသင်းမှ   အမျိုးသား အတန်း (၄) တန်း၊ အမျိုးသမီး အတန်း (၄)တန်း ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိရာ အမျိုးသားပွဲစဉ်၌ အမျိုးသား -၅၅ ကီလို ဘင်တန်ဝိတ် တန်းပြိုင် ပွဲ၌ နေလင်းဦး (မြန်မာ)က ကြေးတံဆိပ်တစ်ခု၊ အမျိုးသား -၆၀ကီလို ဖယ်သာဝိတ် တန်းပြိုင်ပွဲ၌ တင်ကို (မြန်မာ)က ကြေးတံဆိပ်တစ်ခု၊ အမျိုးသား +၆၀-၆၅ ကီလိုလိုက်ဝိတ်တန်း ပြိုင်ပွဲတွင် အောင်ခိုင်လင်း (မြန်မာ)က ကြေးတံဆိပ် တစ်ခု၊ အမျိုးသား +၆၅ ကီလို ၀ယ်သာဝိတ်တန်းပြိုင်ပွဲတွင် ကျော်သူရိန် ထွန်း(မြန်မာ)က ကြေးတံဆိပ် တစ်ခု အသီးသီး ရရှိထားသည်။

အမျိုးသမီး -၅၀ ကီလို ဘင်တန်ဝိတ်တန်း ပြိုင်ပွဲ၌ ၀တ်ရည်ချို(မြန်မာ)က ကြေးတံဆိပ်တစ်ခု၊ အမျိုးသမီး +၆၀ ကီလို ၀ယ်သာဝိတ်တန်း ပြိုင်ပွဲ၌  အယ်ရှီးလာမင်းနိုင်(မြန်မာ)က ကြေးတံဆိပ်တစ်ခု၊  အမျိုးသမီး +၅၀-၅၅ ကီလို  ဖယ်သာ ၀ိတ်တန်းပြိုင်ပွဲ၌ မော်မော်ဦး(မြန်မာ)က  ငွေတံဆိပ်တစ်ခု၊  အမျိုးသမီး +၅၅  ကီလို လိုက်ဝိတ်တန်းပြိုင်ပွဲ၌   မိုးမိုးအေး (မြန်မာ)က ငွေတံဆိပ်တစ်ခု ရရှိသည်။

ထို့နောက် အမျိုးသမီးပွဲစဉ်တွင် ဆုရရှိသူများအား မြန်မာ အားကစားအဖွဲ့ ဒုတိယ ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးခွန်ဂျာ အောင်၊ ဖိလစ်ပိုင်  ဗမညငျ  အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ တွဲဖက် အတွင်းရေးမှူး  ဦးခင်မောင်လွင်၊ မြန်မာနိုင်ငံ Arnis အဖွဲ့ချုပ် ဒုတိယ ဥကဋ္ဌတို့က ဆုများ အသီးသီး ပေးအပ်သည်။

မနီလာမြို့ရှိ World Trade Center  Halls  A & B အားကစားခန်းမ၌ ကျင်းပသော ၀ူရှူး ပြိုင်ပွဲတွင်   မြန်မာဝူရှူး အားကစားသမားများ  ၀င်ရောက်ယှဉ်ပြိုင်ရာ  သိန်းသန်းဦးက  ၀ူရှူး(နန်းသောင်း၊ နန်းကွန့်)ပွဲစဉ်တွင် ပြိုင်ပွဲနှစ်ရက် ပေါင်း ယှဉ်ပြိုင် ကစားပြီးဖြစ်ရာ ဒုတိယနေ့ပွဲစဉ် အပြီးတွင်   အဆင့်(၄)နေရာ၌လည်းကောင်း၊  (အမျိုးသား) ထိုက်ချိ ကျန့် ပွဲစဉ်တွင် ငြိမ်းချမ်းကိုကိုက အဆင့်(၇)နေရာ၌လည်းကောင်း၊ (တောင်းဆု၊ ကွန့်ဆု)ပွဲအတွက် တောင်းဆု ပွဲစဉ်တွင် မျိုးမင်းကြီးသည် အဆင့်(၈)နေရာတွင်လည်းကောင်း အသီးသီး ရရှိကြောင်း သိရသည်။

..............                  

 

Read 54 times Last modified on Tuesday, 03 December 2019 09:06