SJ WorldNews - шаблон joomla Авто

ရန်ကုန် တက္ကသိုလ် ရာပြည့် အထိမ်းအမှတ်စတင်ကြောင်း ကြေညာခြင်း အခမ်းအနားကျင်းပ

Tuesday, 03 December 2019 12:38 font size decrease font size decrease font size increase font size increase font size

ရန်ကုန် တကသိုလ် ရာပြည့် အထိမ်းအမှတ်စတင်ကြောင်း ကြေညာခြင်း အခမ်းအနားကျင်းပ

ရန်ကုန် တကသိုလနှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် ကျင်းပရေး ဦးစီးကော်မတီက ဦးဆောင်ကျင်းပသည့်  ရန်ကုန် တကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်း ကြေညာခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်  တကသိုလ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရန်ကုန် တကသိုလနှစ်(၁၀၀)ပြည့် ရာပြည့် သဘင် အခမ်းအနား ကျင်းပရေး ဦးစီး ကော်မတီ ဥကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားသည်။

အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဥကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊  ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေးနှင့် ဦးကျော်တင်၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယ ၀န်ကြီးများ ဖြစ်ကြသည့် ဦးဝင်းမော်ထွန်းနှင့်  ဦးကျော်လင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊    တကသိုလ်များမှ ပါမောက်္ခချုပ်များ၊ ပါမောကများ၊ ရန်ကုန် တကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်း များ၊ မျိုးဆက် သစ် ကျောင်းသား၊ ကျောင်းသူ များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တကသိုလ် ကျောင်းသား၊ ကျောင်းသူများက ““မြကျွန်းညိုညို တကသိုလ်””တေးသီချင်းဖြင့် သီဆိုဖျော် ဖြေ ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရာပြည့် အထိမ်းအမှတ် စတင်ကြောင်း စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးသည်။

ယင်းနောက်    ရန်ကုန် တကသိုလနှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်  ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်းပြောကြားသည်။

ယင်းနောက် ရန်ကုန် တကသိုလ သမိုင်းကြောင်း ဗီဒီယိုကိုပြသပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်သည် အခမ်းအနား သို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ အမျိုးသား လွှတ်တော် ဥကဋ္ဌ မန်းဝင်းခိုင်သန်းက   အမှာ စကား ပြောကြားသည်။

ယင်းနောက် ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ရန်ကုန် တကသိုလရာပြည့် သဘင် အထိမ်းအမှတ်ကျင်းပခြင်းနှင့် ရန်ကုန် တကသိုလမှ   ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် စပ်လျဉ်း၍  ရှင်းလင်း တင်ပြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဂုဏ်ပြုစကားပြောကြားသည်။

ယင်းနောက် ရန်ကုန် တကသိုလရာပြည့် အခမ်းအနားအတွက် ပါဝင်အားဖြည့်လှူဒါန်းကြသည့် အလှူရှင်များအား   အမျိုးသား လွှတ်တော် ဥက    မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဒေါက်တာ အောင်သူ၊ ဦးသိန်းဆွေ၊   ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာ မြင့်ထွေး၊ ဦးကျော်တင်နှင့် ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး  လွှတ်တော်ဥကဋ္ဌ ဦးတင်မောင်ထွန်းတို့က  ဂုဏ်ပြုလက်မှတ်များ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက်     ရန်ကုန် တကသိုလကျောင်းသားဟောင်းများဖြစ်သည့် ရန်ကုန် တကသိုလ်ပါမောကချုပ်(ငြိမ်း) ဒေါက်တာ တင်အောင်အေး၊ ရုပ်ရှင် အနုပညာဖန်တီးသူ  ဒါရိုက်တာဦးကြည်စိုးထွန်း၊ သဘင်ပညာရှင် စာရေးဆရာချစ်ဦးညို၊    ဂီတ ပညာရှင်  ဒေါ်နွဲ့ယဉ်ဝင်း၊ စာပေပညာရှင် ဒေါက်တာ ခင်အေး(မောင်ခင်မင်-ဓနုဖြူ)၊ အားကစားထူးချွန်သူ ဦးနနကျော်စွာ တို့က အမှတ်တရ စကားများပြောကြားကြသည်။

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး (ရန်ကုန် တကသိုလပါမောကချုပ်- ငြိမ်း) ဒေါက်တာ အောင်သူက အခြေခံသိပ်္ပံ ပညာထူးချွန်ဆုရ ကျောင်းသားဟောင်းများ ကိုယ်စား ကံ့ကော်တောနှင့် ကံ့ကော်ဥယျာဉ် ဖြစ်ပေါ်လာမှုနှင့် လှူဒါန်းမှုဖြစ်ပေါ်လာခဲ့ရခြင်းနှင့်စပ်လျဉ်းပြီး   ရှင်းလင်းတင်ပြသည်။

ထို့နောက် ကံ့ကော်ဥယျာဉ်အလှူရှင်များက လှူဒါန်းငွေနှင့် လှူဒါန်းမှုမှတ်တမ်း များအား ရန်ကုန် တကသိုလပါမောကချုပ် ဒေါက်တာ ဖိုးကောင်းထံ ပေးအပ်သည်။ ဆက်လက်၍    ရန်ကုန် တကသိုလနှစ်(၁၀၀)ပြည့် အထိမ်း အမှတ် ကံ့ကော် တောနှင့် ကံ့ကော်ဥယျာဉ်ဖွင့်လှစ်ခြင်းအခမ်းအနားကို ရန်ကုန် တကသိုလ၀င်း  အမရဆောင်ရှေ့ မြက်ခင်းပြင်၌ ကျင်းပရာ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဒေါက်တာ အောင်သူနှင့် ဦးကျော်တင် တို့ တက်ရောက်ကြသည်။

ယင်းနောက်   ရန်ကုန် တကသိုလ်  နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ကံ့ကော်တောနှင့် ကံ့ကော်ဥယျာဉ်ကို ရန်ကုန် တကသိုလ် ပါမောကချုပ် ဒေါက်တာ ဖိုးကောင်းနှင့် အလှူရှင်များ ဖြစ်ကြသည့် ဒေါက်တာ ဇော်ဝင်းနှင့် ဦးစိုင်းမျိုးဝင်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး     တက်ရောက်လာကြသူများက ကမည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းကာ ကံ့ကော်တောနှင့် ကံ့ကော် ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။ 

ရန်ကုန် တကသိုလ်  နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနားများကို ၂၀၁၉ ခုနှစ်  ဒီဇင်ဘာလမှ   ၂၀၂၀ ပြည့်နှစ်  ဒီဇင်ဘာလ အထိ တစ်နှစ်တာပတ်လုံး ကျင်းပသွားမည်ဖြစ်သည်။

ယခုရက်သတပတ်တွင်   ရန်ကုန် တကသိုလ် အဓိပတိလမ်း၊ စာကြည့်တိုက် ရှေ့နှင့် သစ်ပုတ်ပင်တစ်ဝိုက်တွင် ရာပြည့်အကြိုအထိမ်းအမှတ်   စာအုပ်ပြပွဲနှင့်  စာအုပ်ဈေးရောင်းပွဲတော်ကို လည်းကောင်း၊ အပန်းဖြေရိပ်သာတွင် ရန်ကုန် တကသိုလ် ၏ဖြစ်တည်မှုသမိုင်းပုံရိပ်များကို ပြသထားသည့် ရာပြည့်အမှတ်သညာပွဲတော်ကို လည်းကောင်း၊ တကသိုလ်နှင့် ဆက်နွှယ်သော ရုပ်ရှင်ဇာတ်ကားများ၊  စကားဝိုင်းဆွေးနွေးပွဲ များဖြင့် နံနက် ၁၀ နာရီမှ ည ၆ နာရီ အထိ    ရန်ကုန် တကသိုလ်ဝင်းအတွင်း  စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ရန်ကုန်တကသိုလ်  နှစ်(၁၀၀)ပြည့်  ရာပြည့်သဘင် အခမ်းအနားကို  မြန်မာနိုင်ငံ၏   ဂုဏ်ဆောင် တကသိုလ်အဖြစ် ထိန်းသိမ်း မြှင့်တင်ရေး၊ ထာဝရငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အထောက် အကူပြုစေရေး၊ နိုင်ငံ တော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စနစ်များနှင့် လိုက်လျောညီထွေဖြစ်သည့် အရည်အသွေးရှိသော တကသိုလ်ပညာရေးကို ဖော်ဆောင်ရေး၊ ပညာအခြေပြုလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင် ရည်ပြည့် ၀ သော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရေး၊ နိုင်ငံ့ကောင်းကျိုး၊ ကမာ့ကောင်းကျိုးကို ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံတကာ အဆင့်မီ တကသိုလ်အဖြစ် ဦးတည်အကောင်အထည် ဖော်ရေး   စသည့်ဦး တည်ချက်များဖြင့်  ဆောင်ရွက် ကျင်းပခြင်း ဖြစ်ကြောင်း  သိရသည်။                         

 

Read 58 times Last modified on Tuesday, 03 December 2019 12:39