SJ WorldNews - шаблон joomla Авто

ဝိုင်းမော်မြို့နယ် အတွင်း KIA အဖွဲ့ထံမှ လက်နက်/ ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ သိမ်းပိုက် ရရှိ

Wednesday, 04 December 2019 19:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဒီဇင်ဘာလ -၎

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်း တစ်ကြောင်းသည် နိုဝင်ဘာလ ၂၉ ရက် နေ့လယ် ၁၂ နာရီခန့်တွင်  နန်ဆန်ယန် ကျေးရွာ၏ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာသို့ အရောက် KIA အဖွဲ့များက စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများ အနောက် တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ၄င်းတို့ ယာယီ အခြေပြုထားသည့် စခန်း ၁ ခုအား သိမ်းပိုက် ရရှိခဲ့သည်။

၎င်းဖြစ်စဉ် နေရာ တစ်ဝိုက်အား ဆက်လက်ရှာဖွေရာ KIA ယူနီဖောင်းဝတ် အလောင်း ၁ လောင်း၊ KIA အဖွဲ့မှ ထုတ် လုပ်သော ၁၀၇မမ ရှော့တိုက် ဒုံးပစ်စင် ၁ ခု နှင့် ၄င်းဒုံးသီး ၁ လုံး၊ ၆၀မမ စိန်ပြောင်း ၁ လက်၊ ၆၀မမ ဗုံးသီး ၄ လုံး၊ အမ်-၂၂ သေနတ် ၄ လက်၊ အမ်-၂၂ ကျည်အိမ် ၂၄ ခု၊  အမ်-၂၂ ကျည် ၂၁၆ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ရီမု ခလုတ် ၁၉ ခု၊ ဆားကစ်ပြား (ဓာတ်ခဲ အပါ) ၂၂ ခု၊ မှန်ပြောင်း   ၁ လက်၊ အိုင်ကွန် ၂ လုံး၊ လူနေတဲ ၁၂ လုံး၊ ပစ်ကျင်း ၂၀ ကျင်းနှင့် ဆက်စပ် ပစည်းတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ နယ်မြေ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေ စိုးမိုးရေးနှင့် နယ်မြေ လုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Read 149 times Last modified on Wednesday, 04 December 2019 19:37