SJ WorldNews - шаблон joomla Авто

(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟို ကော်မတီ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေး ကျင်းပ

Thursday, 05 December 2019 08:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဒီဇင်ဘာ 

၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ၏  တတိယအကြိမ်  ညှိနှိုင်းအစည်းအဝေး ကို  ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရ အဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၀ ပြည့်နှစ် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီဥကဋ္ဌ ဒုတိယ သမတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင်၊  နေပြည်တော် ကောင်စီ ဥကဋ္ဌ ဒေါက်တာ မျိုးအောင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်၊ ဒုတိယ ၀န်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် သန်းထွဋ်နှင့်  ဦးခင်မောင်ဝင်း၊  တွဲဖက်စစ်ရေးချုပ်  ဗိုလ်ချုပ် ဇင်မင်းထက်၊ စစ်လက်နက် ပစည်း ညွှန်ကြားရေးမှူးရုံးမှ ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်၊ အမြဲတမ်း အတွင်းဝန်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမတက  (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသားရေး ဦးတည်ချက် (၅) ရပ်နှင့်အညီ ပြည်ထောင်စုသမတမြန်မာ နိုင်ငံတော်တစ်ဝန်းလုံး၌  အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန်အတွက် ““၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ””ကိုဖွဲ့စည်းခဲ့ပြီး  ဗဟို ကော်မတီ၏ လမ်းညွှန်ချက်များကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဆပ်ကော်မတီ ၁၀ ခုကိုလည်း ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း။

ဗဟိုကော်မတီ၏ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင်ကျင်းပခဲ့ပြီး အစည်း အဝေး ဆုံးဖြတ်ချက် (၂၁)ချက် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် ပြုလုပ်ခဲ့ပြီး  အစည်းအဝေး ဆုံးဖြတ်ချက် (၁၉)ချက် ချမှတ်ခဲ့ကာ အစည်းအဝေးဆုံး ဖြတ်ချက် စုစုပေါင်း ၄၀ ချက်ကို သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်ကို   တွေ့ရကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် သတ်မှတ်ထားသည့် လုပ်ငန်း တာဝန်များကိုအောင်မြင်အောင် အကောင်အထည် ဖော်ဆောင် ရွက်ရာတွင်  ယခင်နှစ်အတွေ့အကြုံများ အပေါ်အခြေခံပြီး  အချင်းချင်း ပေါင်းစပ် ညှိနှိုင်းကာ လစ်ဟာမှု မရှိအောင် အကောင်းဆုံး လုပ်ဆောင်သွားရန် ပြောကြား လိုကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်““လွတ်လပ်ရေးနေ့အခမ်းအနားများ””ကို အမျိုးသားရေး ဦးတည်ချက်များ နှင့်အညီ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားကြရန်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ကျင်းပမည့် ““နိုင်ငံတော် အဆင့် လွတ်လပ်ရေးနေ့ အခမ်းအနား””ကို အပိုင်းနှစ်ပိုင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး နံနက်ပိုင်းတွင် နိုင်ငံတော် အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားပြုလုပ်သွားမည်

ဖြစ်ပြီး  ညနေပိုင်းတွင်  နိုင်ငံတော်အဆင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်   ညစာ စားပွဲအခမ်းအနားကို ကျင်းပသွား မည်ဖြစ်ကြောင်း၊ အခမ်းအနား ကျင်းပရန် ရက်နီးကပ် လာသည် နှင့်အမျှ  ဆပ်ကော်မတီအလိုက် တာဝန်ယူ ဆောင် ရွက်ရသည့် လုပ်ငန်းများသည်လည်း ရာနှုန်းပြည့် နီးပါးပြီးစီးနေမည် ဟု ယုံကြည်ကြောင်း။

အခမ်းအနားကို နိုင်ငံတော် အကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ နိုင်ငံခြားသံတမန်များ၊ ပြည်တွင်း/ပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ   တက်ရောက်ကြမည်ဖြစ်သည့်အတွက် အဘက်ဘက်က လစ်ဟာမှုများ မရှိအောင် ဆပ်ကော်မတီအားလုံးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာမည့် ပုဂ်္ဂိုလ်များ ၀င်/ထွက်မှု အဆင်ပြေစေရေး၊ ကြိုဆို နေရာချထားရာတွင်လည်း စနစ်တကျစီမံ ဆောင်ရွက်ရေး၊ ကျွေးမွေး ဧည့်ခံမှု အပိုင်းနှင့် ဖျော်ဖြေရေးအပိုင်းတို့ တွင်လည်း အဆင်ပြေပြီး စနစ်တကျရှိစေရေး အတွက် သက် ဆိုင်ရာဆပ်ကော်မတီအလိုက် ပူးပေါင်းညှိနှိုင်း၍ ဇာတ်တိုက် လေ့ကျင့်မှုများ ကြိုတင်ဆောင် ရွက်သွား ကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

ထို့ပြင် မီးရှူးမီးပန်းများ ပစ်ဖောက်ရာ၌ အနရာယ်ကင်းအောင် စနစ်တကျ စီမံရေး၊ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပို့စကတ်များကို အချိန်မီ ပြီးစီးဖြန့်ဝေနိုင်ရေး၊ ဆပ်ကော်မတီများအလိုက်  အသုံးစရိတ် များကို  သေချာစွာ စိစစ်တွက်ချက်  တင်ပြသုံးစွဲ သွားရေးနှင့် ရာသီဥတု အခြေအနေမှာ  ခန့်မှန်းမရနိုင်သဖြင့် အခမ်း အနား အားလုံးအတွက် ဗ ဏူညေ အပြင်ြ ဏူညေ ကိုပါ ထည့်သွင်းပြင်ဆင် ထားရန် လိုအပ်ကြောင်း။

လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ဆက် စပ်ကျင်းပမည့် စကားရည်လုပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲ၊ အားကစား ပြိုင်ပွဲများကိုလည်း အမျိုးသားရေး တည်ချက်(၅)ရပ်နှင့်အညီ နိုင်ငံရေး အနှစ်သာရပိုမိုပြည့်ဝစွာဖြင့် ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာ ဆပ်ကော်မတီ အသီးသီးက မိမိတို့ တာဝန်ယူထားသည့် လုပ်ငန်းကဏ္ဍများ အလိုက် ပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများ အနေဖြင့် ယခင်ကျင်းပခဲ့ သော ဗဟိုကော်မတီ၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးများမှ ဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်း အခြေအနေများနှင့် လိုအပ်သည့် အကြံပြုချက် များကို ပွင့်လင်းစွာ တင်ပြဆွေးနွေးပေးရန် ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထောင်စု အစိုးရအဖွဲ့ရုံး  အမြဲတမ်း အတွင်းဝန် ဦးဇော်သန်းသင်းက လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေး အတွက် ဗဟိုကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ““နိုင်ငံတော် အလံတင်နှင့် နိုင်ငံတော်အလံ အလေးပြုပွဲ စစ်ရေးပြဆပ် ကော်မတီ””ဆိုင်ရာ ကိစရပ်များကို နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်ကလည်းကောင်း၊ ““နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေး နှင့်ဖိတ်ကြားရေးဆပ်ကော်မတီ”” ဆိုင်ရာ ကိစ်္စရပ်များကို နေပြည်တော်ကောင်စီ ဥက ဒါက်တာမျိုးအောင်နှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ အမြဲတမ်း အတွင်းဝန်    ဦးမျိုးအောင်တို့ကလည်းကောင်း၊ ““ လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေးဆပ်ကော်မတီ””ဆိုင်ရာ ကိစရပ်များကို အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံတော် သမတရုံး ညွှန်ကြား ရေးမှူးချုပ် ဦးမောင်မောင်အုန်းနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင် ကျော်တို့က လည်းကောင်း၊ ““မီးရှူးမီးပန်းများ ပစ်ဖောက်ရေး ဆပ်ကော်မတီ””ဆိုင်ရာ ကိစရပ်များကို စစ်လက်နက် ပစည်းညွှန်ကြားရေးမှူးရုံးမှ  ဗိုလ်မှူးချုပ်ထွန်းထွန်းနိုင်က လည်းကောင်း၊ ““လုံခြုံရေးဆပ်ကော်မတီ”” ဆိုင်ရာ ကိစရပ် များကို ပြည်ထဲရေးဝန်ကြီး ဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်   ဒုတိယ ရဲဗိုလ်ချုပ်ကြီး   အောင်ဝင်းဦးက လည်းကောင်း၊  ““ပြန်ကြားရေး ဆပ်ကော်မတီ”” ဆိုင်ရာကိစရပ်များကို ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင် နှင့်   သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံတို့က လည်းကောင်း၊  ““နိုင်ငံတော် သမတ၏ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာပြုစုရေးဆပ်ကော်မတီ””ဆိုင်ရာ ကိစရပ်များကို ပညာရေး ၀န်ကြီးဌာန  အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက လည်းကောင်း၊ ““ကျန်းမာရေး ဆပ်ကော်မတီ””ဆိုင်ရာ ကိစရပ်များကို   ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင် ၀င်းက လည်းကောင်း၊ ““အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီ”” ဆိုင်ရာကိစရပ်များကို ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ကလည်း ကောင်း၊   ““စာရင်းစစ်ဆေးရေး ဆပ်ကော်မတီ””ဆိုင်ရာ ကိစရပ်များကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး   အမြဲတမ်း အတွင်းဝန် ဒေါ်နိုင်သက်ဦးက လည်းကောင်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟို ကော်မတီ ဥကဋ္ဌ ဒုတိယ သမတ ဦးမြင့်ဆွေ က ဆပ်ကော်မတီများ အလိုက် ရှင်းလင်း တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ 

..............

Read 106 times Last modified on Thursday, 05 December 2019 10:39