SJ WorldNews - шаблон joomla Авто

မြန်မာအမျိုးသမီး ဘောလုံး အသင်းသည် အကြိုဗိုလ်လုပွဲ အဖြစ် ထိုင်းအမျိုးသမီးဘောလုံးအသင်းနှင့်ယနေန့ ည ၆နာရီခွဲတွင် ယှဉ်ပြိုင်ကစားသွားမည်……

Thursday, 05 December 2019 08:20 font size decrease font size decrease font size increase font size increase font size

 မြန်မာအမျိုးသမီး ဘောလုံး အသင်းသည် အကြိုဗိုလ်လုပွဲ အဖြစ် ထိုင်းအမျိုးသမီးဘောလုံးအသင်းနှင့်ယနေန့ ည ၆နာရီခွဲတွင် ယှဉ်ပြိုင်ကစားသွားမည်……

ရန်ကုန် ဘောလုံး

အုပ်စု(က)တွင် အုပ်စုဗိုလ်အဖစြ် တက်ရောက်ခဲ့သော မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် အုပ်စု(ခ)တွင် အုပ်စု ဒုတိယ ရရှိခဲ့သော ထိုင်း အမျိုးသမီးဘောလုံးအသင်းတို့သည် ယနေ့ညနေတွင် အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ဒီဇင်ဘာ၂ရက်က  အမျိုးသမီး ဘောလုံး အုပ်စု(က)နောက်ဆုံးပွဲစဉ်အဖြစ်  မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း နှင့်  မလေးရှားလက်ရွေးစင် အမျိုးသမီး အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ပြီး  မြန်မာအမျိုးသမီး အသင်းက ၅ဂိုး - ဂိုးမရှိဖြင့်  အနိုင် ရရှိခဲ့ကာ အကြို ဗိုလ်လုပွဲသို့ အုပ်စု ပထမနေရာမှ တက်ရောက်ခဲ့သည်။

အုပ်စု (က)တွင်  မြန်မာ၊  ဖိလစ်ပိုင် အသင်းတို့သည်  တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ရဂိုးငါးဂိုး တူညီခဲ့သောကြောင့် Fair  Play စည်း မျဉ်းအရ မြန်မာ အမျိုးသမီးအသင်းက   အသာရကာ   အုပ်စု ပထမနေရာမှ တက်ရောက်နိုင်ခဲ့ပြီး  အုပ်စု(ခ) ဒုတိ ယ နေရာမှ ထိုင်း အသင်းနှင့် အကြို ဗိုလ်လုပွဲတွင် တွေ့ဆုံမည်ဖြစ်သည်။

မြန်မာ အမျိုးသမီးအသင်းသည်  ထိုင်းအသင်းနှင့် အကြိုဗိုလ်လုပွဲ အဖြစ် ဒီဇင်ဘာ ၅ရက် (ယနေ့) မြန်မာစံတော်ချိန် ည ၆ နာရီ ခွဲတွင် မနီလာမြို့ရှိ Rizal Memorial ကွင်း၌ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။         

myawady webportal 

Read 126 times Last modified on Thursday, 05 December 2019 08:59