SJ WorldNews - шаблон joomla Авто

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ များကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင်ချက် အဆိုတင်သွင်း

Thursday, 05 December 2019 12:00 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဒီဇင်ဘာ   ၄၊ ပြည်သူ့လွှတ်တော် အစည်းအဝေး

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက်  ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင်  နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်  အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့်    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို ပဉ္စမအကြိမ် ပြင် ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုအား ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းများ ဆောင်ရွက်သည်။

တပ်မတော်သား  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးထင်လင်းဦးပည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက် အဆိုအား ဆွေးနွေး ရာတွင် ဥပဒေ ကြမ်းအား မိမိအနေဖြင့် ပြင်ဆင်ချက်တင်ထားရာမှာ အချက်နှစ်ချက်ပါဝင်ကြောင်း၊ ပထမ အချက်က ရွေးကောက်ပွဲများမတိုင်မီမှာ လွတ်လပ်၍တရားမျှတမှုမရှိသည့် ကိစ္စရပ် များအပေါ် သက်ဆိုင်ရာမဲဆန္ဒရှင်များက ကန့်ကွက်ခွင့်ရရှိစေရေးဖြစ်ကြောင်း၊ လွှတ်တော်တွင်းရောက်လာကြတဲ့အခါ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအပေါ် သက် ရောက်မှုရှိလာနိုင်သောကိစ္စရပ်များ ဆောင်ရွက်ကြမည့် ကိုယ်စားလှယ်လောင်းများ အပေါ် မဲဆန္ဒရှင်ပြည်သူ များကပါ ပိုမိုကျယ်ပြန့်စွာ လေ့လာ ဆန်းစစ်နိုင်ရန် ရည်ရွယ်ကြောင်း၊ Public Participation နှင့် National Interest အတွက်ဖြစ်ကြောင်း၊ ဒုတိယ အချက်က ရွေးကောက်ပွဲများ အပြီးမှာ မဲပေး ခဲ့သည်ဖြစ်စေ၊ မဲမပေးဘဲ နေခဲ့သည်ဖြစ်စေ ရွေးကောက်မှု ဆိုင်ရာ အခွင့်အရေး (Electoral Rights ) အရ သက်ဆိုင်ရာမဲဆန္ဒရှင်များက ကန့်ကွက်ပိုင်ခွင့် ရရှိစေရေးဖြစ်ကြောင်း။

A Key dimension of rule of law  in a democracy is the concept of electoral justice  လို့  IDEA ကဆို ကြောင်း၊ Electoral justice system ကို ပိုမိုထိရောက် အားကောင်းစေရန်  Prevention of electoral Disputes ç Dispute Resolution Mechanism နှင့် Dispute Resolution Alternative Mechanism စတဲ့ Elements  အပိုင်း သုံးပိုင်းကို ဆောင်ရွက် ရကြောင်း၊ Prevention of electoral Disputes အပိုင်းမှာ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိသူများ/အရည်အချင်းမရှိသူများ ရွေးကောက်တင်မြှောက် ခံရာတွင် ပါရှိမလာစေရေး၊ ရွေးကောက်ပွဲဆိုင်ရာ တရား မဲ့ပြု ကျင့် မှုများ မပေါ် ပေါက်စေရေး၊ ရွေးကောက်ပွဲ ဆိုင်ရာပြစ်မှုများမဖြစ်ပွားစေရေး၊  ရွေးကောက်မှု ဆိုင်ရာ အခွင့် အရေးများ အပြည့်အဝရရှိစေရေး စတဲ့ အချက်တွေပါဝင်မှာဖြစ်ကြောင်း၊ ထို့ကြောင့် မိမိပြင်ဆင်လိုတဲ့အချက် နှစ်ချက် သည် Prevention of electoral Disputes နဲ့ သက်ဆိုင်မှာဖြစ်ကြောင်း။ 

ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ ကိုယ်စားလှယ်များဟာ လွှတ်တော်ကိုယ်စား လှယ်များဖြစ်လာပြီးနောက်မှာ  သမ္မတ၊ ဒုတိယ သမ္မတများ ရွေးချယ်ခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းတွေမှာ ထောက်ခံအတည်ပြု ဆန္ဒမဲများပေးရသလို  တို့ ကိုယ်တိုင် လည်း ထိုရာထူးများရရှိလာနိုင်ကြောင်း၊ထို့ပြင် လွှတ်တော် ကိုယ်စားလှယ်များဟာ  ဥပဒေအသစ်များ ပြဋ္ဌာန်းခြင်း၊ အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်းတို့မှာ ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက်ခွင့် ရရှိမှာဖြစ်သလို အစိုးရအဖွဲ့အပါ အဝင် အခြားသော မဏ္ဍိုင်ကြီးများအပေါ် အပြန်အလှန် စောင့်ကြည့်ထိန်း ကျောင်းခွင့်နဲ့ ဥပဒေက ပေးအပ်တဲ့ အခြား သော လုပ်ပိုင်ခွင့်၊ တာဝန်၊ အခွင့်အရေးများ ရရှိမယ့် ပုဂ္ဂိုလ်များ ဖြစ်ကြောင်း။

ယင်းသို့ အရေးပါတဲ့ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်ကြရာမှာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိသူ များ၊ အရည်အချင်း မရှိသူများ ရွေးကောက်တင် မြှောက်ခံရာတွင် ပါရှိမလာစေရေးအတွက် စတုတ္ထအကြိမ်မြောက်အထိ   ပြင်ဆင် အတည်ပြုပြီးခဲ့သည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေများကို လေ့လာကြည့် ရာမှာ ရွေးကောက်ပွဲများ မတိုင်မီ မှာပြိုင်ဘက်  ကိုယ်စားလှယ်လောင်း အချင်းချင်းကသာ ကန့်ကွက်နိုင်ပြီး  မဲဆန္ဒရှင်များကိုတော့ ကန့်ကွက် ခွင့် ပေး မထားကြောင်း၊ ပုဒ်မ ၂၅(ခ)မှာ လေ့လာနိုင်ကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများကသာ စစ်ဆေး အတည် ပြုခဲ့ကြတာ ဖြစ်ကြောင်း၊ ဒီထက်ပိုပြီး ကျယ် ပြန့်တဲ့၊ သေချာစေမယ့် Confirmed Candidate  စနစ်တစ်ရပ် လိုအပ်နေ ကြောင်း၊ လစ်ဟာသွားခဲ့ရင် ပြိုင်ဘက် ကိုယ်စားလှယ်လောင်း နစ်နာ ထိခိုက်တာထက် နိုင်ငံ တော်ရဲ့ အမျိုးသား အကျိုး စီးပွားက ပိုမိုနစ်နာ ထိခိုက်မှာဖြစ်ကြောင်း။

ကနေဒါနိုင်ငံမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ရန် အတွက် Registered Candidate ç Certified Candidate  စသည်ဖြင့်  အဆင့်ဆင့် ဆောင်ရွက်ရကြောင်း၊ နောက်ဆုံးသက်ဆိုင်ရာ မဲဆန္ဒနယ် က မဲဆန္ဒရှင် ၁ဝဝ က အတည်ပြု လက်မှတ် ရေးထိုးတင်ပြမှသာ Confirmed Candidate ဖြစ်ကြောင်း။

အမေရိကန်မှာလည်းပဲ ရွေးကောက်ပွဲတွေမှာ တရားမဲ့ပြုကျင့်မှုတွေ၊ အငြင်းပွားမှုတွေကို ကြိုတင်ကာကွယ်ရန်  ၂ဝ၁၉ -၂ဝ၂ဝ ခုနှစ်အတွင်းကျင်းပဆဲ ၁၁၆ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးများမှာ ရွေးကောက်ပွဲများတွင် နိုင်ငံခြားမှ ဝင်ရောက် စွက်ဖက်မှု တားဆီးရေး ဥပဒေ၊ ရွေးကောက် ပွဲများအပေါ်သက်ရောက်သည့် နိုင်ငံခြားမှ လှူဒါန်းမှုများ ရပ်တန့်ရေး ဥပဒေ၊ ရွေးကောက် ပွဲများတွင် နိုင်ငံခြားမှ ဝင်ရောက်စွက်ဖက်မှုများကို ငြင်းဆန်ရေး၊ သိရှိပါကသတင်း ပို့ရေးနှင့် လိုအပ်ပါက  FBI ကပါဝင် စုံစမ်းနိုင်တဲ့ အမေရိကန် ရွေးကောက်ပွဲများတွင် နိုင်ငံခြားမှ ဝင်ရောက် စွက်ဖက် မှုများကို ငြင်းဆန်ရေးနဲ့  သတင်းပို့ရေးတာဝန်ရှိမှုဆိုင်ရာ ဥပဒေ ( Duty to refuse and report foreign interference in American  elections Act ) အစရှိသည့် ဥပဒေကြမ်းများကို အတည်ပြုနိုင်ရေး ဆောင်ရွက်လျက် ရှိကြကြောင်း။

မိမိတို့နိုင်ငံ၏ရွေးကောက်ပွဲ ဥပဒေများမှာ အထက်မှာ ဥပမာတင်ပြခဲ့တဲ့ နိုင်ငံများကဲ့သို့ Confirmed Candidate စနစ်တွေ၊ ရွေးကောက်ပွဲတွေမှာ နိုင်ငံခြား အထောက်အပံ့တွေ အပါအဝင် အခြားသော နည်းမျိုးစုံနဲ့ ဝင်ရောက်စွက်ဖက် မှု မခံရစေရေးအတွက် ရေပက်မဝင် တားဆီး ကာကွယ်ပေးမယ့် သီးခြားဥပဒေတွေ မရှိသေးကြောင်း၊ ထို့ကြောင့်   မိမိအနေဖြင့်   နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားကိုရှေးရှုပြီး ကိုယ်စားလှယ်လောင်းများ အပေါ် သက်ဆိုင်ရာ မဲဆန္ဒရှင် ပြည်သူများကပါ ပိုမိုကျယ်ပြန့်စွာ လေ့လာဆန်းစစ်နိုင်ရန်နဲ့ လိုအပ်ပါက ကန့်ကွက်နိုင်ရန် ပြင်ဆင်ချက် တင်သွင်း ရခြင်း ဖြစ်ကြောင်း။

ဒုတိယ အချက်ဖြစ်သည့် ရွေးကောက်မှု ဆိုင်ရာ အခွင့်အရေး (Electoral Rights) နှင့်စပ်လျဉ်း၍ တင်ပြရရင် နိုင်ငံတော် ဖွဲ့ စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပုဒ်မ၃၈(ခ)၊ ၃၆၉(ခ)၊ ၃၉၆(ခ) တို့တွင် သက်ဆိုင်ရာ မဲဆန္ဒရှင်များ ကို electorates လို့  သုံးနှုန်းထားတာတွေ့ရှိရကြောင်း၊ ဒီအချက်သည် သက်ဆိုင်ရာ မဲဆန္ဒနယ်မှာရှိတဲ့ မဲပေး ပိုင်ခွင့် ရှိသူ မဲဆန္ဒရှင်များ အားလုံးကို ဆိုလို ခြင်းဖြစ်ကြောင်း။

ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ အ သီးသီး ၏ပုဒ်မ၂ (ဎ)၊ ရွေးကောက်မှုဆိုင်ရာအခွင့် အရေး (Electoral Rights) မှာလည်း မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေးဆိုတဲ့ စကားရပ်ပါရှိကြောင်း၊ ဒီအချက်သည် IPU အပါအဝင် နိုင်ငံတကာကလည်း လက်ခံထားကြတဲ့  ရွေးကောက်မှု ဆိုင်ရာ အခွင့်အရေး  (Electoral Rights) တစ်ရပ်ဖြစ်ကြောင်း၊ ပုဒ်မ ၂ (ဎ)မှာ မဲပေးခြင်းမပြုဘဲ နေနိုင် သော အခွင့်အရေးကို ပေးထားပြီးမှ အခုပုဒ်မမှာတော့ မဲမပေးခဲ့ရင် ကန့်ကွက် ခွင့်မပြုဟုဆိုသည့်သဘောသည် ရှေ့နောက် ဆီလျော်မှု မရှိသလို  သက်ဆိုင်ရာမဲဆန္ဒ နယ်မှာရှိတဲ့ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များရဲ့ ရွေးကောက်မှု ဆိုင်ရာ အခွင့်အရေးကို ထိခိုက်နစ်နာ စေမှာဖြစ်ကြောင်း။

ထို့ကြောင့် ယခုပြင်ဆင်လာတဲ့ ပုဒ်မ ၆၈( ခ )မှာ ယင်းမဲဆန္ဒနယ်တွင် ဆန္ဒမဲပေးခဲ့ သည့် မည်သည့်မဲဆန္ဒရှင်ကမဆို ဆိုသည့် စကားရပ်အစား ရွေးကောက်တင်မှုဆိုင်ရာ အခွင့်အရေး (Electoral Rights) ကို ကန့်သတ်ချက် မထားဘဲ ယင်းမဲ ဆန္ဒနယ်ရှိ မဲစာရင်း တွင်ပါရှိသော မည်သည့် မဲဆန္ဒရှင်က မဆိုလို့ ပြင်ဆင်ရခြင်း ဖြစ်ကြောင်း၊ အထက်တင် ပြပါ အချက်များအရ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင် ဆင်သည့် ဥပဒေပုဒ်မ ၆၈(ခ)နှင့် စပ်လျဉ်း ၍ နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားနှင့် ပြည်သူများ၏ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများကို အလေးထား ရှေးရှု၍ မိမိ၏ ပြင်ဆင်ရန် တင်ပြချက်အား လွှတ်တော်မှ အတည်ပြုပေးပါရန် တင်ပြဆွေးနွေးသည်။

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး အောင်ဇင်မင်းက အမျိုးသား လွှတ်တော် ရွေး ကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေ ကြမ်းနဲ့စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်ပြ ဆွေးနွေးရာ   အမျိုးသား လွှတ်တော်ရွေး ကောက်ပွဲ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ (က)ပါ  လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေး ကောက်ခံ ရသူအား ရွေးကောက်ပွဲ အပြီးတွင် ကန့်ကွက်လွှာ တင်နိုင်သည့် အခွင့်အရေးကို ပေးထားခြင်းဖြစ်ပြီး ပုဒ်မခွဲ(က)အား

မူလ ဥပဒေပြဋ္ဌာန်းချက်ပါ အတိုင်းဆက်လက် ထားရှိရန် အဆိုတင်သွင်း အပ်ကြောင်း။  

ဆက်လက်၍ ပုဒ်မ ၆၈ ၊ ပုဒ်မခွဲ(ခ) မူလဥပဒေပြဋ္ဌာန်းချက်တွင် ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသူအနေဖြင့်  ''မည်သည့် မဲဆန္ဒရှင်မဆို ''ဟု ဖော်ပြထားချက်သည် တစ်နိုင်ငံလုံးရှိ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒ ရှင်ပြည်သူ တစ်ရပ်လုံးအား ရည်ညွှန်း နေပြီး သက်ဆိုင်ရာမဲဆန္ဒနယ်ရှိ မဲဆန္ဒရှင်ပြည်သူ များကိုသာ ကန့်ကွက်လွှာ တင်သွင်းခွင့်အခွင့် အရေးပေးရမှာ ဖြစ်ကြောင်း၊ ကန့်ကွက်ခံရ သူကိုဖော်ပြထား ရာတွင်လည်း ''လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်ခံ ရသူ''ဟု ဖော်ပြထားချက်သည် စကားရပ် အသုံးအနှုန်း မှားယွင်းနေသည်ကို တွေ့ရှိရမှာ ဖြစ်ကြောင်း။

ပုဒ်မ ၆၈၊ ပုဒ်မခွဲ (ဂ) မူလဥပဒေပြဋ္ဌာန်း ချက်တွင် မိမိသာလျှင် မဲအများဆုံးရရှိသူဖြစ်ခြင်း၊ အခန်း (၁၄)ပါ တရားမဲ့ ပြုကျင့် မှုကြောင့် မဲအနိုင် ရရှိသွားခြင်းအပေါ် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးက လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံရသူကို ကန့်ကွက်ခွင့်ပေးထားခြင်းဖြစ်ပြီးပုဒ်မခွဲသည် လွှတ်တော်ကိုယ်စားလှယ် လောင်းတစ် ဦး၏ ရပိုင်ခွင့်ကိုတောင်းဆိုရန် ကန့်ကွက်ခြင်းဖြစ်သည့်အတွက် ပုဒ်မခွဲ(ဂ)အား မူလပြဋ္ဌာန်းချက်အတိုင်း ဆက်လက် ထားရှိရန် အဆိုတင်သွင်း လိုကြောင်း။

ပုဒ်မ ၆၈၊  ပုဒ်မခွဲ(က)နှင့် စပ်လျဉ်း၍ အမျိုးသား လွှတ်တော်၏ အတည်ပြုချက်ကို လေ့လာ ကြည့်ပါက ယှဉ်ပြိုင် အရွေးခံသော ကိုယ်စားလှယ်လောင်းများ အတွက် ကန့် ကွက်ခွင့်ပေးထားပြီး ''ယင်းမဲဆန္ဒနယ်တွင် ဆန္ဒမဲပေးခဲ့သည့်  မည်သည့် မဲဆန္ဒရှင်က မဆို'' ဟူသည့်ဖော်ပြချက်တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည် သူများ၏ အခွင့် အရေးကို ကန့်သတ်ထားသည့် သဘောမျိုးဖြစ်နေတာကို တွေ့ရကြောင်း၊

ရွေးကောက်ပွဲဆိုင်ရာ   အခွင့်အရေးကို လွတ်လပ်စွာ ကျင့်သုံးနိုင်ခွင့်အပေါ် ထိပါးမှု မရှိစေဘဲ အပြည့်အဝပေးအပ်ထားဖို့ လိုအပကြောင်း၊ ပြင်ဆင်ချက် အဆိုတင်သွင်းရခြင်း မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၂၁၊ ပုဒ်မခွဲ  (က)နှင့် ပုဒ်မ ၃၄၇ တို့အရ မဲပေးသူနှင့်မဲပေး ခြင်းမပြုဘဲနေသူ မဲဆန္ဒရှင်ပြည်သူအားလုံး၏ ကန့်ကွက်လွှာတင်သွင်းခွင့် တန်းတူရရှိ စေရန်ဖြစ်ကြောင်း။

ဆက်လက်၍ ပုဒ်မ ၆၈၊  ပုဒ်မခွဲ(ခ)မှာအမျိုးသားလွှတ်တော်၏ အတည်ပြုချက်ဖြစ်ပြီး မူလဥပဒေပါ ပုဒ်မခွဲ(ဂ)ကို ပုဒ်မခွဲ(ခ)အဖြစ် ပြောင်းလဲအမှတ်စဉ် တပ်ထားခြင်းသာ ဖြစ်ကြောင်း၊ ပုဒ်မခွဲ(ဂ)သည် ယှဉ်ပြိုင်အရွေးခံသော  လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးက မိမိသာလျှင် မဲအများဆုံး ရရှိ၍ ရွေးကောက်တင်မြှောက်ခံရသူဖြစ်သည်ဟု

တောင်းဆိုနိုင်ရန် အခွင့်အရေးပေးထားခြင်း ဖြစ်ကြောင်း၊ ပုဒ်မခွဲ(ဂ)အား မူလဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း ထားရှိရန် အဆိုပြုတင်ပြ အပ်ကြောင်း။

တင်ပြပါ  ပုဒ်မ ၆၈၊  ပုဒ်မခွဲ (က) နှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ အတည်ပြုချက်တွင်ပါရှိသည့် ကန့်ကွက်လွှာ တင်သွင်း ခွင့်ရှိသူအဖြစ် ဖော်ပြထားသည့် ''ယင်းမဲဆန္ဒနယ်တွင် ဆန္ဒမဲပေးခဲ့သည့် မည်သည့် မဲဆန္ဒရှင်မဆို ''ဟူသည့် ပြဋ္ဌာန်းချက်တွင် သက်ဆိုင်ရာမဲဆန္ဒနယ်ရှိ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူအားလုံး ကန့်ကွက်ပိုင်ခွင့် မရှိဘဲ မဲပေးသူများသာလျှင်ကန့်ကွက်လွှာ တင်သွင်းခွင့်ပေးထားတဲ့ ကိစ္စရပ်နှင့် ဆက်စပ်ပြီး မဲဆန္ဒရှင်ပြည်သူများရဲ့ အခွင့် အရေး များကို ပြန်လည်ပြီျးွနလငနတ လုပ်ကြည့်ဖို့ လိုအပ်မှာဖြစ်ကြောင်း။

မဲဆန္ဒရှင်ပြည်သူများရဲ့  မဲပေးနိုင်သော အခွင့်အရေး ; (Right  to Vote) နဲ့ မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့် အရေး ( Right not to Vote)ကို အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂ ၊ ပုဒ်မခွဲ (ဎ) တွင်လည်းကောင်း၊  The Penal Code၊ Chapter IXA ၊ Section 171A ၊ Subsection (b) တွင် လည်းကောင်း အတိအလင်း ဖော်ပြထားပြီး ဖြစ်ကြောင်း၊ Compulsory သို့မဟုတ် Voluntary Voting ၂ဝ၁၅ ခုနှစ်  ကမ္ဘာ့စစ်တမ်းတစ်ခုအရ Compulsory Voting  နိုင်ငံပေါင်း ၂၇ နိုင်ငံ၊ ၁၃ ရာခိုင်နှုန်းရှိပြီး Voluntary Voting သို့မဟုတ် No Compulsory  Voting နိုင်ငံပေါင်း ၁၇၂  နိုင်ငံ၊ ၈၅ ရာခိုင်နှုန်းနှင့် ရွေးကောက်ပွဲ မရှိသည့်  နိုင်ငံလေးနိုင်ငံ၊ ၂ ရာခိုင်နှုန်း ရှိနေကြောင်း၊ Voter Turnout အရလည်း အမေရိကန်နိုင်ငံတွင်  ၄၂  ရာခိုင်နှုန်း၊  ကနေဒါ နိုင်ငံတွင် ၆ဝ ရာခိုင်နှုန်း၊ ရုရှားနိုင်ငံတွင်  ၆၂ ရာခိုင်နှုန်း၊ သြစတြေး လျ နိုင်ငံတွင် ၉၅  ရာခိုင်နှုန်း စသည်ဖြင့် တွေ့ရှိရကြောင်း။  

တချို့သော  ဒီမိုကရေစီနိုင်ငံများမှာ ဆိုရင်လည်း ကန့်ကွက်နိုင်သော အခွင့်အရေ (Right to Reject) နှင့် အမည် စာရင်း တင် သွင်းထားသည့်   ယှဉ်ပြိုင်ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း အားလုံးကိုကြိုက်နှစ်သက်ခြင်း မရှိ ကြောင်း ဖော်ပြနိုင်သော (None Of The Above - NOTA)အခွင့်အရေး ပေးနိုင်ဖို့ရန်အထိ စဉ်းစားလာနေကြပြီဖြစ် ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကို တာဝန်မှပြန်လည်ရုပ်သိမ်းခွင့် ( Right to Recall) အခွင့်အရေးနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မ ၃၆၉၊ ပုဒ်မခွဲ(ခ)တို့တွင်လည်းကောင်း၊ ပုဒ်မ ၃၉၆၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ)တို့မှာ သက်ဆိုင်ရာ မဲဆန္ဒနယ်၏   မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး ၁ ရာခိုင်နှုန်းတို့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တိုင်တန်းနိုင်သည့် အခွင့်အရေး အပ်နှင်းထားပြီး    Legal Process  နဲ့ လုပ်ဆောင်ရမှာဖြစ် ကြောင်း။

အပ်နှင်းထားတဲ့  Right to Recall အခွင့်အရေးကို အပြည့်အဝရရှိပြီး ကျင့်သုံးနိုင်ဖို့ ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉၇  အရ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်း ရမည်ဟု အတိအလင်းဖော်ပြ ထားသော်လည်း လွှတ်တော်သက်တမ်း နှစ်ရပ် အတွင်း ယနေ့အချိန်ထိ  Right to Recall Law ကို တာဝန်ကျေပွန်စွာ ပြဋ္ဌာန်းပေး နိုင်ခြင်း မရှိသေးတာတွေ့ရှိရကြောင်း။

ဒီမိုကရေစီနိုင်ငံများမှာတော့ Political Device  များဖြစ်တဲ့   Recall Election Recall Referendum  သို့မဟုတ် Repre-sentative Recall များပြုလုပ်ပြီး မဲဆန္ဒရှင်ပြည်သူများရဲ့ ရွေးကောက်ပွဲဆိုင်ရာ အခွင့် အရေး (Electoral Right) အပြည့် အဝ ရရှိနိုင်ဖို့   ကြိုးပမ်းလုပ်ဆောင်နေကြတာ အားလုံး အသိပဲဖြစ်ကြောင်း။

မဲဆန္ဒရှင် ပြည်သူများ၏ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးနှင့် စပ်လျဉ်း၍ ပြင်ဆင်ရန် အဆိုပြုချက်အနေဖြင့်  ကန့်ကွက်လွှာ တင်သွင်းခွင့်ရှိသူနေရာတွင် ''သက်ဆိုင်ရာမဲဆန္ဒ နယ်ရှိ မဲစာရင်းတွင်ပါရှိသောမဲဆန္ဒရှင်များ'' ဟု သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ မဲပေးပိုင်ခွင့်ရှိသူ ပြည်သူအားလုံးကို ရည်ညွှန်း၍ လည်းကောင်း ၊ ကန့်ကွက်ခံရသူအနေနဲ့ လွှတ်တော် ကိုယ်စား လှယ်အဖြစ်ရွေးကောက်ခံရသူသာမက လွှတ်တော်ကိုယ်စားလှယ်လောင်းကိုပါ ကန့်ကွက် နိုင်သည့် အခွင့်အရေး မဲဆန္ဒရှင် ပြည်သူများ အား ပေးအပ်၍လည်းကောင်း ၊ ကန့်ကွက်လွှာတင်သွင်းချိန်နှင့်စပ်လျဉ်းပြီး ရွေးကောက် ပွဲမတိုင်မီနှင့်   ရွေးကောက်ပွဲအပြီးဟူ၍ အချိန်ကာလ တိုးမြှင့်သတ်မှတ်၍ လည်းကောင်း၊ ပုဒ်မ ၆၈ ၊ ပုဒ်မခွဲ (ခ)ကို ''လွှတ်တော်ကိုယ်စား လှယ်လောင်း သို့မဟုတ် လွှတ်တော်ကိုယ်စား လှယ်အဖြစ်    ရွေးကောက်ခံရသူအား ကန့်ကွက်သော ကန့်ကွက်လွှာကို ယင်းမဲဆန္ဒ နယ်ရှိ  မဲစာရင်းတွင်ပါရှိသော မည်သည့် မဲဆန္ဒရှင်ကမဆို ပုဒ်မ ၅၃ အရ ကော်မရှင်က ဆုံးဖြတ်ပြီးသည့် ကိစ္စရပ်များမှအပ ယင်းမဲဆန္ဒနယ်အတွက် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုမရှိကြောင်း အကြောင်းပြ၍ ကန့်ကွက်လိုလျှင် ယင်းရွေးကောက်ပွဲနှင့် စပ်လျဉ်း၍  ဆီလျော် သော အကြောင်းပြချက်များကိုဖော်ပြပြီး ကော်မရှင်သို့ သတ်မှတ်ထားသည့်အတိုင်း တင်သွင်း လျှောက်ထားနိုင် သည်''ဟု ပြင်ဆင် လိုပါသဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြု ပေးနိုင်ပါရန် အဆိုပြုတင်ပြသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ဇင်လင်းက တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့်  ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို   တင်ပြ ဆွေးနွေးရာ  ပုဒ်မ ၆၈ နှင့် ပတ်သက်ပြီး ပုဒ်မ ၆၈ ဟာ လွှတ်တော်ကိုယ်စားလှယ်တွေကို  အခန်း (၁၄)ပါ  တရားမဲ့ပြုကျင့် မှုတွေ  ကျူးလွန်ရင် ကန့်ကွက်ခွင့်ပြုထားသော ပုဒ်မဖြစ်ပါတယ်။

ကိုယ်စားလှယ်နဲ့မဲဆန္ဒရှင်ဆိုပြီး  ကန့်ကွက်နိုင်သောသူနှစ်ဦးနှင့် ရွေးကောက်ပွဲအကြိုကာလနဲ့ရွေးကောက်ပွဲအပြီး ကာလ ဆိုပြီး အချိန်နှစ်မျိုး တွေ့ရမှာဖြစ်ကြောင်း။

ယင်းဥပဒေကို ကနဦး နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်က စတင်ပြဋ္ဌာန်းခဲ့တာဖြစ် ကြောင်း၊ ဥပဒေမှာ ပုဒ်မခွဲ နှစ်ခုပါရှိကြောင်း၊ တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို ၈-၁၂- ၂ဝ၁၅ မှာ  တင်သွင်း ခဲ့ တာဖြစ်ကြောင်း၊ ၂ဝ၁၅ ရွေးကောက်ပွဲအပြီးကာလဖြစ်လို့ ဥပဒေကြမ်းကို ရွေးကောက်ပွဲမှာအနိုင်ရတဲ့ ပုဂ္ဂိုလ် တွေကပဲ  ဦးဆောင်ဆွေးနွေးအတည်ပြု ထားတာဖြစ်ကြောင်း၊ ပုဒ်မခွဲ သုံးခုဖြစ်သွားကြောင်း။

ယခုအခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း တင်ပြလာတာဖြစ် ကြောင်း၊  ပုဒ်မ ၆၈ (က) နှင့် (ဂ)ကို ပြင်ဆင်ခြင်း မပြုပဲ (ခ) ကိုသာ ပြင်ဆင်ရန်တင်ပြလာ ခြင်းဖြစ်ကြောင်း၊ အမျိုးသား လွှတ်တော်က ပုဒ်မခွဲ (က) နဲ့ (ခ) ကို ပေါင်းပြီး တင်ပြပါ အတိုင်း အတည်ပြုခဲ့ကြောင်း၊ မဲပေးခဲ့သော  မဲဆန္ဒရှင်တွေက သာ ရွေးကောက်ပွဲအပြီး တွင် ကန့်ကွက်ခွင့်ရှိတော့မှာဖြစ်ကြောင်း။

ရွေးကောက်ပွဲ အကြိုကာလတွင် ဥပဒေ နှင့်ညီညွတ်မှုမရှိဘဲ မဲဆွယ်စည်းရုံးနေတာကို မဲဆန္ဒရှင်များက တွေ့မြင်ကြား သိနေရ သော်လည်း ကန့်ကွက်နိုင်သည့် အခွင့်အရေး မရှိတော့ကြောင်း၊ တရားမဲ့ပြုကျင့်မှုတွေကို ကျူးလွန်နေရင် မတိုင်ကြားနိုင်သေးဘဲ မဲပေးပြီး ရွေးကောက်ပွဲပြီးသည်အထိ စောင့်နေရမှာဖြစ်ကြောင်း၊  ကန့်ကွက်နိုင်သည့် အချိန်နှင့် ကန့်ကွက်နိုင်သည့် မဲဆန္ဒရှင် ဦးရေလွန်စွာ   လျော့နည်းသွားမှာ ဖြစ်ကြောင်း၊ ကိုယ်စားလှယ်များအတွက် အခွင့် အရေး အသာရရှိကာ မဲဆန္ဒရှင်ပြည်သူများ အတွက် အခွင့်အရေး အလွန်နည်းပါးသွားမည့် ပြင်ဆင်ချက်မျိုးဖြစ်နေကြောင်း၊ လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၉၆ ပါတီရှိကြောင်း၊ မြို့နယ်တိုင်းမှာ ပါတီအားလုံး ဝင်ရောက် ယှဉ်ပြိုင်တာမဟုတ်ကြောင်း၊ အချို့မြို့နယ် တွေမှာ (၂ /၃) ပါတီပဲ  ပြိုင်ကြတာဖြစ်ကြောင်း၊ ကိုယ်စားလှယ်လောင်းတွေဟာ ပါတီ၏ တာဝန်ပေးချက် အရ ဝင်ရောက် ယှဉ်ပြိုင်ကြရတာဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပသည့် မြို့နယ်မှာ   နေထိုင်တဲ့သူ ဟုတ်ချင်မှဟုတ် မှာဖြစ်ကြောင်း၊ ကိုယ်စားလှယ်လောင်းတွေရဲ့ အကြောင်း မဲဆန္ဒရှင်တွေက သေသေချာချာ မသိနိုင်ကြောင်း၊ မဲဆန္ဒရှင်များ အနေဖြင့် လွတ်လပ်စွာ မဲပေး ခွင့်ရှိကြောင်း၊ ပါတီများနှင့် ကိုယ်စားလှယ်လောင်းများကိုမသိ၊ မကြိုက်၊ မထောက် ခံသော်လည်း  မဲပေးရမလိုဖြစ်နေကြောင်း၊ မိမိတို့ရှေ့မှာ တရားမဲ့ပြုကျင့်မှုတွေ လုပ်နေရင် ကန့်ကွက်နိုင်သော အခွင့် အရေးရရန် မဖြစ်မနေ မဲပေးရ မလိုဖြစ်နေကြောင်း။

ဒီနေရာမှာ မဲပေးတဲ့စနစ်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မှာဖြစ်ကြောင်း၊ All reject  voting စနစ်မရှိ ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများကို မဲမပေးပေးအောင်  ဥပဒေနဲ့ ဖိအားပေးရာ ရောက်နေကြောင်း၊  ကော်မရှင်အနေဖြင့် လည်း မဲပေးမှကန့်ကွက် ခွင့်ရှိမယ်ဆိုတာ ပြည်သူတွေကို ဘယ်လိုပညာပေးမှာလဲလို့ မေးခွန်း ထုတ်ရမလိုဖြစ် နေကြောင်း၊  ပညာပေးမှုတွေ ကျယ်ကျယ် ပြန့်ပြန့်လုပ်ပြီးမှ   ဥပဒေကို ပြင်သင့်ကြောင်း၊ ဥပဒေ၏ ပုဒ်မ ၂ ( ပ ) မှာ ရွေးကောက်ပွဲ ဆိုင်ရာ အခွင့်အရေး ဆိုတာကို ပြဋ္ဌာန်းထားကြောင်း၊ အဲ့ဒီ အခွင့်အရေးကို ဥပဒေနဲ့   ပြန်လည်ပိတ်ပင် သလိုဖြစ်နေ ကြောင်း၊  ဥပဒေထဲမှာကို ဆန့်ကျင်မှုအသွင်ဆောင်နေကြောင်း၊ ရှေ့နောက် ဆီလျော်မှု ရှိရန် လိုအပ်မှာ ဖြစ်ကြောင်း။

 ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇ နှင့် ၂၁ (က) တို့တွင် တင်ပြပါအတိုင်း ပြဋ္ဌာန်းထားသလို ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း   အပိုဒ် (၇) မှာလည်း ''ခွဲခြားဆက်ဆံခြင်းမှ လည်းကောင်း၊ ထိုသို့ခွဲခြားဆက်ဆံရန်  လှုံ့ဆော်ခြင်းမှ လည်းကောင်း တူညီသောကာကွယ်စောင့်ရှောက်မှုကို ခံစားပိုင်ခွင့်ရှိသည်''ဟု ပြဋ္ဌာန်းထား ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆန့်ကျင်နေသလို ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းအရ  ခွဲခြားဆက်ဆံရန် ကြိုးစားသည့်   ပြဋ္ဌာန်းချက် မျိုးဖြစ်နေကြောင်း၊ အတင်းအကျပ် မဲပေးခိုင်းသလို ဖြစ်စေကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄ မှာ ပြဋ္ဌာန်းထား ကြောင်း၊ ဖွဲ့စည်းပုံ အရပေးထားသော နိုင်ငံသားများ၏အာဏာကို ဥပဒေဖြင့် ပြန်လည်ကန့်သတ်သလို ဖြစ်နေ ကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ Right to Recall ဥပဒေပြဋ္ဌာန်း ပေးရမှာဖြစ်ကြောင်း၊ လွှတ်တော်သက်တမ်း နှစ်ခုလုံးတွင် အကြောင်း မျိုးစုံကြောင့် ယနေ့တိုင်ဥပဒေပြဋ္ဌာန်းပေးနိုင်ခြင်းမရှိသေးကြောင်း၊ နိုင်ငံသားများကို ဖွဲ့စည်းပုံက အပ်နှင်းထား သော အာဏာကို လွှတ်တော်ကိုယ်စားလှယ်များက တာဝန်ကျေစွာ  ဥပဒေပြဋ္ဌာန်းပေးနိုင်ခြင်း မရှိ သေးသော ကာလဖြစ်ကြောင်း၊  ဒီလိုအချိန်မှာ လွှတ်တော်ကိုယ်စားလှယ်များဘက်က အသာရရှိမည့် ပြဋ္ဌာန်းချက်မျိုးကို မဆောင် ရွက်သင့်ကြောင်း၊ မိမိ၏ ကိုယ်ကျင့်တရားနှင့် သိက္ခာကို အပြည့်အဝယုံကြည်သင့်ကြောင်း၊  မိမိတို့ရဲ့ အခွင့်အရေးတွေကို လိုသလို ဥပဒေတွေ ပြင်ဆင်ပြဋ္ဌာန်း နေသလိုဖြစ်စေကြောင်း၊

ပြည်သူတွေရဲ့ အပြန်အလှန်ထိန်းကျောင်း နိုင်မှုကို ဥပဒေတွေနဲ့  မကန့်သတ်သင့်ကြောင်း၊ ပြည်သူတွေကို အယုံ အကြည် ကင်းမဲ့စေသလို လွှတ်တော်ရဲ့သမိုင်းကြောင်းကိုပါ ထိခိုက်စေနိုင်ကြောင်း။

နိုင်ငံတကာ ဥပဒေများ၊  ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီရန်   လိုအပ်မှာဖြစ်ကြောင်း၊ မိမိတို့ဟာ IPU အဖွဲ့ဝင်နိုင်ငံ ဖြစ်ကြောင်း၊ IPU u poslofocas Declaration on Criteria for Free and Fair Electionsကြေညာချက်များနှင့် ကိုက်ညီ ရန်လိုအပ်မှာဖြစ်သလို   Free and Fair  Elections စာတမ်းနှင့်လည်း ကိုက်ညီရန်  လိုအပ်မှာဖြစ်ကြောင်း၊ ဒီမိုကရေစီ စံနှုန်းကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်မှုနဲ့ တိုင်းတာ သလို Elections ကိုလည်း အချက် ငါးချက်နဲ့ တိုင်းတာဖြစ်ကြောင်း။

အရည်အချင်းပြည့်ဝတဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ရန် ပြည်သူတွေမှာ တာဝန်ရှိသလို အရည်အချင်းပျက်ယွင်း သောသူတွေ ကိုယ်စားလှယ် ဖြစ်မလာအောင်တားဆီးရန်လည်း တာဝန်ရှိကြောင်း၊ ဒီလိုလုပ်ပိုင်ခွင့်တွေကို ဥပဒေနဲ့ ဟန့်တားတာ၊ လျှော့ချတာတွေ လုပ်ဆောင်တာဟာ သင့်တော် မှန်ကန်ပါရဲ့လားလို့ မေးခွန်းထုတ်ရမှာဖြစ်ကြောင်း၊ တပ်မတော်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေထက်တောင် ပိုမိုတင်းကျပ် ကန့်သတ်ထား သလိုဖြစ်နေကြောင်း။

ကန့်ကွက်လွှာတင်တိုင်းလည်း ကိုယ်စားလှယ်အဖြစ်ကနေ  နုတ်ထွက်ရတာ မဟုတ်ဘဲ   ရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးပြီးမှ ပုဒ်မ ၇၁ပါ ပြဋ္ဌာန်းချက်တွေနဲ့ ငြိစွန်းမှသာ နုတ်ထွက်ရမှာဖြစ်ကြောင်း၊   အယူခံဝင် ခွင့်လည်း ရှိနေပါသေးကြောင်း၊ ရွေးကောက်ပွဲတွေမှာ ကန့်ကွက်နိုင်မှုနည်းပါက လွတ်လပ်၍ တရားမျှတမှုမရှိသော ရွေးကောက်ပွဲများ ဖြစ်စေကြောင်း၊အသွင်ကူးပြောင်းဆဲကာလမှာ ပြဋ္ဌာန်းရန် မသင့်သေးသလို အပြန်အလှန်ထိန်း ကျောင်းနိုင်ခွင့် ပေးထားသင့်ကြောင်း။

ပြည်သူတွေဘက်ကလည်း ကန့်ကွက်လွှာတင်ရင် ပြန်မရသော ငွေသွင်းရမှာဖြစ်သလို လိမ်လည်တိုင်ကြားရင်လည်း ထောင်ဒဏ် ငွေဒဏ်တွေ ရှိနေသေးတာကြောင့် ဘက်ပေါင်းစုံကနေ ဖိအားပေးသလိုဖြစ်နေကြောင်း။

အထက်တွင်တင်ပြခဲ့သော အကြောင်း အရာများကြောင့် ပုဒ်မ ၆၈(က)နှင့် (ဂ) ကိုမူလအတိုင်းထားရှိကာ ပုဒ်မခွဲ(ခ)ကို တင်ပြပါ အတိုင်း ပြင်ဆင်ရန် အဆိုတင်သွင်းသည်။

အထက်ပါ ဥပဒေကြမ်း သုံးခုနှင့်စပ်လျဉ်း၍ ဥပဒေများကို  ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်

ထားသည့်အပိုဒ် အပိုဒ်ခွဲများ အတိုင်း အတည်ပြုကြောင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ဒီဇင်ဘာ ၆ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။       

အောင်လှိုင်ဝင်း (မြဝတီ)

Read 115 times Last modified on Thursday, 05 December 2019 12:02