SJ WorldNews - шаблон joomla Авто

နယ်မြေခံတပ်၌ စစ်တရားရုံး(Court-Martial)ရုံးထိုင်စစ်ဆေးလျက်ရှိ

Thursday, 05 December 2019 18:46 font size decrease font size decrease font size increase font size increase font size

ဂူတာပြင်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စစ်ဆေးစီရင်ရန်အတွက် တပ်မတော်အက်ဥပဒေ၊ တပ်မတော် နည်းဥပဒေများနှင့်အညီဖွဲ့စည်းခဲ့သည့် စစ်တရားရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စစ်တရားရုံး၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရုံးထိုင်စစ်ဆေးခြင်းအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဘူးသီးတောင်မြို့၊ နယ်မြေခံတပ်၌ စတင်ဆောင်ရွက်ခဲ့သည်။ တပ်မတော်သားတရားလိုဘက် သက်သေများကို စစ်မေးခြင်း၊ အရပ်သားတရားလိုဘက်သက်သေများကို စစ်မေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ စွပ်စွဲခံရသူများကိုစစ်မေးခြင်းနှင့် တရားခံဘက်သက်သေများကို စစ်မေးခြင်းတို့အား စစ်တရားရုံး၏လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ဥပဒေချုပ်ရုံးမှ သတင်းရရှိသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Read 118 times Last modified on Thursday, 05 December 2019 18:48