SJ WorldNews - шаблон joomla Авто

မြန်မာ အမျိုးသမီးအသင်း အိမ်ရှင်ဖိလစ်ပိုင် အသင်းနှင့်တတိယလုပွဲကစားရမည်

Friday, 06 December 2019 08:10 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဒီဇင်ဘာ 

၂ဝ၁၉  ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို   ယနေ့ညနေပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာ အမျိုးသမီးအသင်းသည် ထိုင်းအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အရေးနိမ့်ပြီး ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် ဗိုလ်လုပွဲတက်ရောက်နိုင်သည့် ခြေစွမ်းမျိုးရှိခဲ့သော်လည်း  အဆုံးသတ်ဂိုးသွင်းအား နည်းမှုကြောင့်  ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ထိုင်းအမျိုး သမီးအသင်း၏ကစားပုံမှာ သာမန်သာရှိသော်လည်း မြန်မာ အမျိုးသမီး အသင်းအနေဖြင့်  ဗိုလ်လုပွဲတက်ရောက်နိုင်မည့် အခွင့်အရေးကိုလက်လွှတ်ခဲ့ရသည်။

မြန်မာအမျိုးသမီးအသင်းနည်းပြချုပ်  ဦးဝင်းသူမိုးသည်   ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သော်လည်း ခင်မာလာထွန်း၊ ဝင်းသိဂီထွန်း၊ မြဖူးငုံ၊ ရီရီဦးတို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းသည် ပွဲအစပိုင်းသာ ထိုင်းအသင်း၏ ဖိအား  ‌ပေးခြင်းကိုခံခဲ့ရသော်လည်း  နောက်ပိုင်းတွင် ခြေအသာဖြင့် ဖိကစားနိုင်ခဲ့သည်။ ၁၂ မိနစ်တွင် မြန်မာအသင်း တိုက်စစ်မှူး ရီရီဦးအပိုင် ကန်ခွင့်ရခဲ့သော်လည်း ဂိုးထဲ ဝင်ခါနီးမှ ထိုင်းနောက်ခံလူ ဖျက်ထုတ်နိုင်ခဲ့သောကြောင့်  နစ်နာ ခဲ့ရသည်။ ပထမပိုင်းတွင် မြန်မာအသင်း ပိုဖိ ကစားနိုင်ခဲ့သော်လည်း ဂိုးရအောင် မစွမ်းဆောင် နိုင်ခဲ့ပေ။

ထိုင်းအသင်းသည် ဒုတိယ ပိုင်းတွင်  အမာခံ ကစားသမားအချို့ကို ထည့်သွင်း ကစားခဲ့ပြီးနောက်ပိုင်း ပြန်လည် ဖိကစား နိုင်ခဲ့ သည်။    ဒုတိယပိုင်းတွင် ပွဲမှာ  အပြန်အလှန်ရှိခဲ့ပြီး ၆၈ မိနစ်တွင် ဝင်းသီဂီထွန်း  အပိုင်ကန်ခွင့် ရသော် လည်း ထိုင်းဂိုးသမား ကာကွယ်နိုင်ခဲ့သည်။   ၇၇မိနစ်တွင် ထိုင်းအသင်းအနိုင်ဂိုးရခဲ့ပြီး ဝီရာပွန်က အဝေးမှ ကန်သွင်း ခဲ့ခြင်း ဖြစ်သည်။

ဆီမီးဖိုင်နယ် အခြားပွဲတွင်  ဗီယက်နမ် အသင်းက  အိမ်ရှင်ဖိလစ်ပိုင်အသင်းကို၂ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဗိုလ်လု ပွဲအဖြစ် လက်ရှိချန်ပီယံ ဗီယက်နမ် အသင်းနှင့် ထိုင်းအသင်း၊ တတိယနေရာလုပွဲအဖြစ် မြန်မာအသင်းနှင့် အိမ်ရှင် ဖိလစ်ပိုင် အသင်းတို့ ဒီဇင်ဘာ ၈ ရက်တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

Read 125 times Last modified on Friday, 06 December 2019 08:11