SJ WorldNews - шаблон joomla Авто

မြန်မာ အသင်းအတွက် ဒုတိယမြောက် ရွှေတံဆိပ်ကို ဘိလိယက် အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲတွင် ဆွတ်ခူး ပိုက်ကျော် ခြင်း၊ ပီတန်းနှင့်ဂျူဒို အားကစားနည်းတို့မှ ဆုတံဆိပ်များ ထပ်မံရရှိ

Friday, 06 December 2019 08:13 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနေသည့် ၂ဝ၁၉ ခုနှစ် အကြိမ်(၃ဝ)မြောက် အရှေ့တောင်အာရှ အားကစားပြိုင် ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံအသီးသီး၌ ကျင်းပလျက်ရှိရာ မြန်မာအသင်း အနေဖြင့် ဘိလိယက်၊  ပိုက်ကျော်ခြင်း၊ ပီတန်းနှင့်ဂျူဒိုအားကစား နည်းတို့မှ ဆုတံဆိပ်များထပ်မံဆွတ်ခူးရရှိ ကြောင်း သိရသည်။

Manila Hotel Tent ၌ ကျင်းပသော  ဘိလိယက်ပြိုင်ပွဲတွင် အမျိုးသမီး 10 ball Pool တစ်ဦးချင်းပွဲစဉ်များအဖြစ် မြန်မာနှင့် စင်ကာပူတို့ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ အေမီအောင်က ၇ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ မြန်မာနှင့် အင်ဒိုနီးရှား တို့ ဆက်လက်ယှဉ်ပြိုင် ကစားကြရာ မြန်မာမှ သန္တာမောင်က ၇ ပွဲ ၆ ပွဲဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

ဆက်လက်၍ ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ ပွဲစဉ်တွင်  မြန်မာနှင့် ထိုင်းတို့ယှဉ်ပြိုင် ကစားကြရာ မြန်မာမှချစ်ကိုကိုသည် သုံးပွဲ တစ်ပွဲဖြင့် ရှုံးနိမ့်ခဲ့ပြီး အမျိုးသား နှစ်ယောက်တွဲ 9 ball Pool ဗိုလ်လုပွဲ ပွဲစဉ်အဖြစ်  မြန်မာနှင့်စင်ကာပူတို့ ယှဉ်ပြိုင် ကစားကြရာ မြန်မာမှ ဖုန်းမြင့်ကျော်၊ အောင်မိုးသူတို့ အတွဲက ၉ ပွဲ ၄ ပွဲဖြင့် အနိုင်ရကာ ရွှေတံဆိပ် တစ်ခုကို ထပ်မံ ဆွတ်ခူးပေးခဲ့သည်။ ပြိုင်ပွဲ အပြီးတွင် မြန်မာနိုင်ငံအိုလံပစ် ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က တက်ရောက်ကြည့်ရှု အားပေးကာ ဆုများပေးအပ်သည်။

အလားတူ  Muntinlupa  Sports Complex ၌ ကျင်းပသော ကြက်တောင် ပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်း ပွဲစဉ်တွင် မြန်မာ နှင့်မလေးရှားတို့ ယှဉ်ပြိုင် ကစားကြရာ မြန်မာမှ သက်ထားသူဇာက ကမ္ဘာ့အဆင့် ၃၂ နေရာရှိ မလေးရှား အားကစား သမားအား ၂ ပွဲ ၁ ပွဲဖြင့်  အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်ခဲ့သည်။ အမျိုးသား တစ်ဦးချင်း ပွဲစဉ်တွင် မြန်မာနှင့်အိမ်ရှင် ဖိလစ်ပိုင်တို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ အောင်မျိုးထူးက နှစ်ပွဲပြတ်ဖြင့် လည်းကောင်း ရှုံးနိမ့်ပြီး အမျိုးသား/အမျိုးသမီး Mixed Double ပွဲစဉ်တွင် မြန်မာနှင့် ထိုင်းတို့ ဆက်လက် ယှဉ်ပြိုင် ကစားကြရာ မြန်မာမှ တွယ်တာဦး၊ ဟိန်းစည်သူတိုး တို့ အတွဲက နှစ်ပွဲပြတ်ဖြင့် လည်းကောင်း ရှုံးနိမ့်ခဲ့သည်။

ထို့ပြင် World Trade Center Halls B & C အားကစားခန်းမ၌ ကျင်းပသော Fencing အားကစားပြိုင်ပွဲ Individual Men Epee  ပြိုင်ပွဲအုပ်စုပွဲစဉ်တွင် မြန်မာနှင့် အင်ဒိုနီးရှားတို့ ယှဉ်ပြိုင်ကစားရာ မြန်မာမှ ဟိန်းမင်းလတ်က ၅ မှတ် ၂ မှတ်ဖြင့် အနိုင်ရရှိပြီး ဝင်းသက်အောင်က အင်ဒိုနီးရှား အားကစားသမားကို ၅ မှတ် ၃ မှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ထို့အတူ DCD, LOT. FRONT of Royce Hotel(Lark)တွင်ကျင်းပသော ပီတန်း အားကစားနည်း၌ အမျိုးသမီးသုံး ယောက်တွဲ ပြိုင်ပွဲ တွင် မြန်မာနှင့် မလေးရှားတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာက ကြေးတံဆိပ်သာ ရရှိခဲ့သည်။

Subic Bay Gymuasium အားကစားရုံတွင် ကျင်းပသည့် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မြန်မာမှအင်ဒိုနီးရှားကို  နှစ်ပွဲပြတ်ဖြင့်  ရှုံးနိမ့်ကာ ငွေတံဆိပ်ဆုသာ ရရှိခဲ့သည်။

Luisita Golf and Country Club, San Miguel, Terlac City တွင် မြန်မာဂေါက်သီးအသင်းက (Round-2) အမျိုးသား တစ်ဦးချင်း ပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြသည်။

Laus Group Event Center ၌ ကျင်းပသော ဂျူဒိုအားကစား နည်းပွဲစဉ်တွင် မြန်မာနှင့် ထိုင်းတို့ ယှဉ်ပြိုင် ကစားကြရာ မြန်မာမှ ခင်ခင်စုက ငွေတံဆိပ်တစ်ခု၊ ၆၆ ကီလို တန်းပြိုင်ပွဲတွင် မြန်မာမှ အောင်ဇေယျာထွန်းမှ ကြေးတံဆိပ်တစ်ခု ထပ်မံရရှိသည်။

CDC Parade Grounds, Clark City ၌ကျင်းပသည့် အမျိုးသား/အမျိုးသမီး Qualification  Round (Recurve)  ပြိုင်ပွဲ နှင့် အမျိုးသား/အမျိုးသမီး Compound Qualification Round ပြိုင်ပွဲများကျင်းပ ခဲ့ကြောင်း သိရသည်။

ယနေ့အထိ ဆုတံဆိပ် ရရှိမှုမှာ ရွှေနှစ် ခု၊ ငွေရှစ်ခု၊ ကြေး ၂၃ ခုရရှိပြီး မြန်မာနိုင်ငံအနေဖြင့်  အဆင့် ခုနစ်နေရာတွင် ရပ် တည် နေကြောင်း သိရသည်။          

 

Read 127 times Last modified on Friday, 06 December 2019 08:34