SJ WorldNews - шаблон joomla Авто

ဦးစိုင်းသန်းနိုင် အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေး

Friday, 06 December 2019 09:21 font size decrease font size decrease font size increase font size increase font size

ဦးစိုင်းသန်းနိုင် အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ဒုတိယ အကြိမ်ပြင်ဆင်သည့်  ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေး

နေပြည်တော် ဒီဇင်ဘာ ၅၊ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက်   ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို   ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်   တပ်မတော်သား အမျိုးသားလွှတ်တော်  ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ်   အပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးတင်ပြထားသည့်  ဖွဲ့စည်းပုံအခြေခံ ဥပဒေကို   ဒုတိယအကြိမ်ပြင်ဆင် သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်းသည့် လေ့လာ စိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ် များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပူးပေါင်း ကော်မတီအတွင်းရေးမှူး    ဒေါက်တာ မြတ်ဉာဏစိုးက လွှတ်တော်မှ သဘောတူ လက်ခံရန်  အဆိုတင်သွင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၃၄၇ မဲ၊  ကန့်ကွက်မဲ ၁၉၇ မဲ နှင့် ကြားနေမဲ လေးမဲဆိုသည့် ရလဒ်ထွက်ပေါ်ခဲ့ပြီး ထောက်ခံမဲများသောကြောင့် အစီရင်ခံစာအား လွှတ်တော်ကအတည်ပြုကြောင်းသိရသည်။

ထို့နောက် ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၅)မှ ဦးစိုင်းသန်းနိုင်အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦး  တင်ပြထားသောဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာ စိစစ်ရေး ပူးပေါင်း ကော်မတီ၏အစီရင်ခံစာကို   ယနေ့တွင် အမည်စာရင်း  တင်သွင်းထားကြသော  လွှတ်တော် ကိုယ်စား လှယ်များက စတင် ဆွေးနွေးကြသည်။

အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ရဲထွန်းက နိုင်ငံတိုင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအသီးသီးရှိသော်လည်း မိမိနိုင်ငံ၏ဖွဲ့စည်းပုံကို တစ်ပါးကျွန်ဘဝရောက်အောင်  မရေးဆွဲကြ ကြောင်း၊ တိုင်းပြည်အေးချမ်း တည်ငြိမ်ပြီး တိုင်းသူပြည်သားများစားဝတ်နေရေး အဆင်ပြေစေမည့် ဖွဲ့စည်းပုံမျိုးကို ရေးဆွဲကြကြောင်း၊ ထို့အတူ မိမိတို့နိုင်ငံ၏သမိုင်းကြောင်း၊ ပထဝီအနေအထား၊ ယဉ်ကျေးမှုများနှင့်ကိုက်ညီအောင် ရေးဆွဲကြ သလို လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခု ကောင်းစားရေးလည်း ရေးဆွဲကြသည် မဟုတ်ကြောင်း၊ တိုင်းပြည် တိုးတက်ရန် အတွက် အုပ်ချုပ်သည့် လူများ အပေါ်တွင်မူတည်ကြောင်း၊ အုပ်ချုပ်သည့်သူ စီမံခန့်ခွဲမှုကောင်းပါက တိုင်းပြည်စီးပွား ရေးတိုးတက်မည်၊ တရားဥပဒေ စိုးမိုးမှုရှိမည်၊  ပြည်သူများ စားဝတ်နေရေးပြေလည်မည် ဖြစ်ကြောင်း၊ အုပ်ချုပ်သည့် သူညံ့ပါက စားဝတ် နေရေး အဆင်မပြေ၊ တရားဥပဒေ စိုးမိုးမှုမရှိ၊   အခြားနိုင်ငံက   စော်ကားရုံသာမက  ပြည်တွင်း ဆူပူမှုများဖြစ်လာတတ်ကြောင်း၊  တက်လာသည့် အစိုးရများနှင့် အုပ်ချုပ်သူများ၏ စီမံခန့်ခွဲမှုအပေါ်တွင် မူတည်ကြောင်း။

ဦးစိုင်းသန်းနိုင်အပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးက လက်မှတ်ရေးထိုးတင်ပြထားသည့်  ဥပဒေ ကြမ်း မှာဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၅၊ အခန်း(၃) ပုဒ်မ ၅၉ (ဂ) နှင့် အခန်း(၅) ပုဒ်မ ၂ဝ၁ တို့ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ခိုင်မာသည့်အုပ်ချုပ် ရေးစနစ်ဖြစ် ထွန်းပေါ်ပေါက်လာစေရန် ရည် ရွယ်တင်သွင်းထားသည်ကိုတွေ့ရှိရကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာတွင် မည်သည်ကို ပြင်ချင်သည်လဲဆိုသည်ကို မေးချင်စရာရှိကြောင်း၊ သတ္တိရှိရှိပြင်မည်ဆိုပါက ၃၇၆၅ ချက်ထဲမှ ထုတ်နုတ်ပြီး ပြင်ဆင် လိုသည့် အချက်များကိုတည်ဆဲဥပဒေနှင့် အညီ လွှတ်တော်သို့တင်လိုက်ပါဟု ဆွေးနွေး ကြောင်း၊ က ဆက်လက်၍ မြန်မာနိုင်ငံတွင် ကျေးလက်နေ လူတန်းစားကအများစုဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၇ဝ ရာခိုင်နှုန်းကျော်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိတိကျကျသိကြသည် မဟုတ်ကြောင်း၊ မြို့နေလူအနည်းငယ်နှင့် နိုင်ငံရေးသမား အင်အားစုများ၏လှုပ်ရှား မှုကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံလိုက်၊  ကန့်ကွက်လိုက်လုပ်ကြသည်ဖြစ် ကြောင်း၊ တကယ်လုပ်ရမည့် အလုပ်က တိုင်းပြည်စီးပွားရေး ကောင်းအောင်၊ ပြည်သူစားဝတ်နေရေး၊ တရားဥပဒေ စိုးမိုးရေး တိုးတက်အောင် မည်သို့လုပ်ပေးရမလဲဆိုသည်ကိုသာ စဉ်းစားရမည်ဖြစ်ကြောင်း၊ ပြည်သူများ လမ်းပေါ်တက် အောင် လုပ်နေပါက တိုင်းပြည် ပျက်ရန်သာရှိကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)တွင်  ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပုဒ်မလေးခုဖြင့် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ပုဒ်မ ၄၃၃ တွင်  ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ပြင်ဆင်လိုပါက  ပြင်ဆင်ရန်တင်သည့်အဆိုကို ဥပဒေမူကြမ်း အဖြစ် တင်သွင်း ရမည်ဖြစ်ကြောင်း၊ ဥပဒေ မူကြမ်းတွင် အခြားအဆိုများမပါရှိစေရဟု  ဖော်ပြထားပြီးဖြစ်ကြောင်း၊ ပုဒ်မ ၄၃၄ တွင်  ထိုသို့ ပြင်ဆင်မည့်  ဥပဒေမူကြမ်းများကို  ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရမည်ဖြစ်ကြောင်း၊ ပုဒ်မ ၄၃၅ အရ ထိုဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ ကိုယ်စားလှယ် ၂ဝ ရာခိုင်နှုန်းက တင်ပြပါက  အဆိုပါမူကြမ်းကို လက်ခံဆွေး နွေးရ မည်ဟု   ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် ဦးစိုင်းသန်းနိုင် အပါအဝင် ကိုယ်စားလှယ်များက  လက်မှတ် ရေးထိုး တင်သွင်း လာသည့်  ဥပဒေမူကြမ်းကို  လွှတ်တော်က ဆက်လက်ဆွေးနွေးရမည်ဖြစ်ကြောင်း၊ သို့သော်လည်း ယခု တင်သွင်းသည့် ဥပဒေမူကြမ်းကို ယခင်ကတင်သွင်း ထားသည့်   ဥပဒေမူကြမ်းလေးခုအတိုင်း ပြည်ထောင်စု လွှတ်တော် က ဖွဲ့စည်းထားသည့်  ၄၅ ဦး ကော်မတီ၏ဥပဒေမူကြမ်း ထွက်ရှိလာသည့်အချိန်မှ ဥပဒေမူကြမ်းများအဖြစ် လွှတ်တော်ကို တင်သွင်းရမည် ဆိုသည့် အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည်ကို ဘယ်အချိန်ပြင်ပြင် ပြင်လို့ရကြောင်း၊ အရင်လူလည်း ထိုဖွဲ့စည်းပုံအခြေခံဥပဒေ ဖြင့် အုပ်ချုပ်သွားသည်ဖြစ်၍ ထိုအထဲကမှ နမူနာယူသင့်သည်ကို ယူ၊ မယူသင့်သည်ကို မယူရန်လို အပ်ကြောင်း၊ ပြည်သူများဝေဝါး အောင်၊ အထင်မှား အမြင်မှားအောင်မလုပ်ကြဘဲ ပြည်သူများစားဝတ်နေရေးပြေလည် အောင်၊ ငြိမ်းချမ်းရေး ရအောင်၊ တိုင်းပြည် တိုးတက်အောင် မည်သို့လုပ်မလဲစဉ်းစားပြီး အဓိကနှင့်သာမညကို ခွဲခြားနားလည် စေလိုကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေးက  အရေးကြီးသလား၊ တိုင်းပြည်တည်ငြိမ်ရေး၊ စားဝတ်နေရေး၊ တရားဥပဒေ စိုးမိုးရေး၊  စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးက  အရေးကြီးသလားဆိုသည်ကို စဉ်းစားရမည့် အချိန်တွင် ယခုလို လုပ် နေ ပါက ရှေ့မတိုးဘဲ  အနှစ် ၂ဝ လောက် ထပ်ပြီးနောက်ကျနေမည်ကို စဉ်းစားရန်လိုအပ်ကြောင်း၊ ယခုဥပဒေ မူကြမ်းကို ပုဒ်မ ၄၃၅ အရ ဆက်လက် ဆောင်ရွက်ခြင်းမရှိခဲ့သည့်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးက  လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးကို အဓိပ္ပာယ်ဖွင့်ဆိုပေးရန်တင်ပြ ခဲ့ရာ ခုံရုံး၏ ၂၅-၇-၂ဝ၁၉ ရက်စွဲပါ ၂ဝ၁၉ ခုနှစ် တင်သွင်းလွှာ အမှတ် (၁) စီရင်ချက် စာမျက်နှာ (၉)တွင် ပုဒ်မ ၄၃၅ သည် လုပ်ထုံး လုပ်နည်းဆိုင်ရာ ပြဋ္ဌာန်းချက်တစ်ရပ်ဖြစ်ကြောင်း၊ ယင်းပုဒ်မ၏အရေးအသားမှာလည်း  အဓိပ္ပာယ်ဖွင့်စရာမလိုအောင် ရှင်းလင်းနေသော အရေးအသားဖြစ်ကြောင်း၊ စာမျက်နှာ ၁ဝ တွင် ပုဒ်မ ၄၃၅ပါ ပြဋ္ဌာန်းချက်သည် ရှင်းလင်းစွာ ရေးသား ထားပြီး အဓိပ္ပာယ်မှာလည်း ဒွိဟဖြစ်စေမည် မဟုတ်ကြောင်း၊ ယင်းပုဒ်မမှာလည်း ပေါ်လွင်နေသည့်အဓိပ္ပာယ် အတိုင်း ဖတ်ရှု နားလည်ရန်ဖြစ်ကြောင်း သုံးသပ်ချက်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ဥပဒေမူကြမ်းကို လူတိုင်းဖတ်ရှုနားလည် နေသည့် ပုဒ်မ ၄၃၅ နှင့်အညီသာ ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အကယ်၍ ပြည်ထောင်စု လွှတ်တော်က  ဖွဲ့စည်းထားသည့် ၄၅ ဦး ကော်မတီက တင်သွင်းလာမည့်ဥပဒေမူကြမ်းကို စောင့်ဆိုင်းရမည်ဆိုပါက မလိုအပ်ဘဲ    အချိန်ကြန့် ကြာစေမည်ဖြစ်ကြောင်း။

မိမိအစိုးရတက်လျှင် ဘာလုပ်ပေးနိုင်သည်ဆိုပြီး ဂုဏ်ယူမှုကို လုပ်ပြစေလိုကြောင်း၊ မိမိလုပ်မှ ပြီးမည်၊ မိမိခေါင်းဆောင်မှ ရမည်၊ မိမိလုပ်မှ တိုင်းပြည်အေးချမ်းမည် ဆိုသည်များကို လျှော့သင့်ပြီဖြစ်ကြောင်း၊ ဖြစ်နိုင်မဖြစ်နိုင်  လက်ရှိဘဝတွင်  ချိန်ထိုး သင့်ပြီ ဖြစ်ကြောင်း၊ လူမှန်နေရာမှန် ရွေးချယ်ပြီး တိုင်းပြည်တိုးတက်အောင်  ပြင်သင့်ပြီဖြစ်ကြောင်း၊  အချိန်မရှိ တော့ကြောင်း၊ ထို့ကြောင့်  နိုင်ငံတော်အတွက် အမှန်တကယ်လက်တွေ့ကျပြီး လတ်တလောအကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို ဦးစားပေးကာ အလျင်အမြန် ဆောင်ရွက်ပြီး တိုင်းပြည်ကို လက်တွေ့ကျကျဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ရမည်ဖြစ် သောကြောင့် အစီရင်ခံစာကိုကန့်ကွက်ကြောင်း ဆွေးနွေးသည်။

မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်က ယခင်ကလည်း မိမိဆွေးနွေးတင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ဤအရာကတော့ ဥပဒေ မူကြမ်း လေ့လာ စိစစ်ရေးပူးပေါင်း ကော်မတီက  တင်ပြသည့် ဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး Timeline ကို ထုတ်ပြန် ပေးပါ ဆိုသည့်အချက် ဖြစ်ကြောင်း၊ သို့ပေမယ့် ယခုအချိန်အထိ Timeline  ကို ထုတ်ပြန်ပေးတာ မတွေ့ရသေး ကြောင်း၊ ပြီးခဲ့သည့်ရက်က ပြည်ထောင်စု လွှတ်တော်နာယကကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ရှိ လွှတ်တော် သက်တမ်းမှာ ပြင်မယ်ဆိုသည့် စကားသံကို မိမိတို့ ကြားလိုက်ရကြောင်း၊ အခြေခံ ဥပဒေကို ပြင်နိုင်ခြင်း၊ မပြင်နိုင်ခြင်း ဆိုတာ လွှတ်တော် ကိုယ်စားလှယ်အားလုံး၏   ဆန္ဒမဲနှင့်ပဲ ဆုံးဖြတ်ပေးရမည်ဖြစ်ကြောင်း။

နာယကကြီးတစ်ယောက်တည်း လုပ်လို့မရကြောင်း၊ ထို့ကြောင့် တုံးတိတိကြီးပြောခြင်းကို ဘဝင်မကျ သဘောမတူ ကြောင်း၊Timeline   ထုတ်ပြန်ရန်   ဆိုသည်မှာလည်း  ပူးပေါင်း ကော်မတီ၏ အလုပ်ဖြစ်ကြောင်း၊ နာယက ကြီးနှင့် တိုက်ရိုက် မသက်ဆိုင်ဘူးဟု ထင်ကြောင်း၊ ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်ကာလ   နှစ်လရကြောင်း၊   မဲဆွယ်ကာလ  နှစ်လမတိုင်မီ ခြောက်လစောပြီး ပြင်ဆင်မည့် ဥပဒေမူကြမ်းကို လွှတ်တော်သို့မတင်သွင်းနိုင်ဘူး ဆိုပါက ကော်မတီ၏ လုပ်ဆောင်ချက် များကို အယုံအကြည်မရှိသည်ကိုကြိုတင်ပြီး တင်ပြကြောင်း၊  ဥပဒေကြမ်း  လေ့လာ စိစစ်ရေးပူးပေါင်း ကော်မတီ၏ (၆၉/၂ဝ၁၉) လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို မိမိဆွေးနွေးခဲ့သည့်အကြောင်း အရာအချို့အပေါ်တွင် ပြည်ထောင်စု လွှတ်တော် နည်းဥပဒေ ၁၉ အရ လွှတ်တော် နာယကကြီးက ဆွေးနွေးပြီး နှစ်ရက် အကြာတွင် မှတ်တမ်းကနေပယ်ဖျက်ခြင်းကိုလည်း  ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် ကျေကျေ နပ်နပ်လက်ခံ ကြောင်း၊ အခန်း ၁၂ ကို ကျော် လွန်ပြီး ဥပဒေကိုမပြင်ရန် စိန်ခေါ်တယ်ဆိုသည်ကို လွှတ်တော်တွင်မပြောမိရန်အတွက်  နောင်တွင်ဆင်ခြင်မည်ဖြစ်ကြောင်း၊ သို့ပေမယ့် ဥပဒေကြမ်းပြင်ဆင်ရေးပူးပေါင်းကော်မတီ သည်    တစ်ခြမ်းပဲ့သွားပြီဟု ပြောခြင်းကို မှတ်တမ်းက ပယ်ဖျက်ခြင်းမရှိသည့်အတွက် မိမိအနေဖြင့် ဆက်လက်သုံးစွဲသွားမည် ဖြစ်ကြောင်း၊ ထိုတစ်ခြမ်း ပဲ့နေသော ကော်မတီ၏(၇၅/၂ဝ၁၉) လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်   အစီရင်ခံစာကို  လေ့လာ သည့်အခါ အင်မတန်မှ ပြည့်စုံ ကောင်းမွန်ပြီး ဥပဒေများနှင့်လည်း ညီညွတ်ခြင်း၊ အချိန်အခါနှင့်လည်း ကိုက်ညီခြင်း၊ လူလို နတ်လိုဖြစ်ခြင်း စသောကောင်းခြင်းများကို တွေ့ရှိရကြောင်း၊  ထိုအစီရင်ခံစာမျိုးကို အချိန်တို အတွင်းမှာ ရေးသားနိုင်သော တစ်ခြမ်းပဲ့နေသည့်ကော်မတီကို   အထူးလေးစားဂုဏ်ယူကြောင်း၊ ကော်မတီမှာပါဝင် ပြီး တက်ကြွစွာ ဆောင်ရွက်နေကြသော ကိုယ်စားလှယ် တော်ကြီးများလည်း ကျန်းမာ၊ ချမ်းသာပါစေကြောင်း၊ ဉာဏ်များ ပွင့်လင်းပြီး ဒီထက်ကောင်းသည့်   အကြံဉာဏ်များနှင့် အတူတူ သမိုင်းမှာကမ္ပည်းတင်ခံရမယ့် သူများဖြစ်ကြပါစေလို့    ဆုတောင်းပေးကြောင်း၊ လွှတ်တော်နာယကကြီးက သူ့ကို  Impeachment လုပ်ရန်အတွက် စိန်ခေါ် သော်လည်း   ဂုဏဝု  ဝယဝု အနေဖြင့် Impeachment  လုပ်ရန် စိတ်ကူးတောင် မရှိကြောင်းနှင့် ယခုဆွေးနွေးခဲ့မှုများကိုလည်း နောင်ကျ မှ လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ရန်မသင့်ကြောင်း ဆွေးနွေးသည်။

တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်တင်မာဆွေက လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာသည် ဥပဒေမူကြမ်းအပေါ် တစ်စုံတစ်ရာ စိစစ်ထားခြင်းမတွေ့ရဘဲ ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်နေဆဲ အခြားလုပ်ငန်းစဉ်များနှင့် ရောထွေးစဉ်းစား သုံးသပ်၍ မှတ်ချက်ပြုထားသည်ကို တွေ့ရ ကြောင်း၊ ဦးစိုင်းသန်းနိုင် တင်သွင်းသည့် ဥပဒေမူကြမ်း ပြင်ဆင်ချက်သုံးချက်မှ ပထမတစ်ချက်သည် ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြု အသက်ဝင်ပြီးနောက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာခုံရုံး၏ အဆုံးအဖြတ်ဖြင့် ရရှိလာသည့်နယ်နိ မိတ် ပိုင်နက်များ အကျုံးဝင်အတည်ပြုနိုင်စေရန် အတွက် ပုဒ်မ ၅ ပြဋ္ဌာန်းချက်ကို ပြင်ဆင်ရန် တင်ပြထားခြင်း ဖြစ်ကြောင်း၊ ဒုတိယ အချက်ဖြစ်သည့် ပုဒ်မ ၅၉ နိုင်ငံတော်သမ္မတ နှင့် ဒုတိယသမ္မတများအရည်အချင်းများ တွင်   ပုဒ်မခွဲ(ဂ)  ရွေးချယ်တင်မြှောက်ခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ် ပြည့်ပြီးသူဖြစ်ရမည်ဟူသည့် အနည်းဆုံး ဆိုသည့် စကားရပ်အား ပယ်ဖျက်ထားခြင်းဖြစ်ကြောင်း၊ ရွေးချယ်တင်မြှောက်ခံရသူသည် အသက် ၄၅ နှစ် ပြည့်ပြီး သူဖြစ်ရမည်ဟု  ပိုမိုရှင်းလင်း လွယ်ကူစေရန် ပြင်ဆင်ထားခြင်းသည် ဥပဒေရေးထုံးမှန်ကန်ခြင်း၊  ရှေ့နောက်ဆီလျော် ညီညွတ်မှုရှိခြင်း၊ ပိုမိုရှင်းလင်းမြင်သာခြင်း စသည့်အချက်များအရ ပြင်ဆင်ပြဋ္ဌာန်းသင့်သည်ကို တွေ့ရှိရကြောင်း၊ တတိယပုဒ်မ ၂ဝ၁  တွင်လည်း နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် အဓိကထမ်းဆောင်ရမည့် အမျိုးသား ကာကွယ်ရေးနှင့်   လုံခြုံရေး ကောင်စီ၏တာဝန်များ  တိကျစွာပြဋ္ဌာန်းရန် မဖြစ်မနေ လိုအပ်ကြောင်း၊ ထို့ကြောင့် လေ့လာ စိစစ်ရေးပူးပေါင်းကော်မတီအနေဖြင့် အစီရင်ခံစာတွင် ယခုဥပဒေမူကြမ်းပါ ပြင်ဆင်ချက်များကို   တိကျစွာ လေ့လာစိစစ်သုံးသပ်၍  အစီရင်ခံစာတင်သွင်းသင့်သည်ကို အကြံပြုလိုကြောင်း။

ပထမအကြိမ် လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ယခုလို တိုက်ရိုက်မဆောင်ရွက်ဘဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်းကော် မတီကို ၂ဝ၁၃ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းခဲ့ပြီး အချိန်ခြောက်လ တာဖြင့် အခြေခံဥပဒေကို လေ့လာစိစစ်၍ အစီရင်ခံစာ တင်သွင်းခဲ့ ကြောင်း၊ ထို့နောက် အခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလတွင်ဖွဲ့စည်းပြီး အစီရင်ခံစာနှင့် ဥပဒေမူကြမ်းကို အောက်တိုဘာ ၂၂ ရက်တွင်  တင်သွင်းခဲ့သည့် အတွက်  အချိန်ကိုးလကြာမြင့်ခဲ့ကြောင်း၊ ယခု ဒုတိယအကြိမ် လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂ဝဝ၈ ခုနှစ်   ပြင်ဆင်ရေး ပူးပေါင်းကော်မတီဆိုသည်ကို   တိုက်ရိုက် ဖွဲ့စည်းပြီး ပထမအကြိမ်လွှတ်တော်နှင့်  ဖွဲ့စည်းမှု၊ ရည်ရွယ်ချက်၊ လုပ်နည်းလုပ်ဟန် များသည် လုံးဝမတူဘဲ ကွဲပြားခြား နားနေသည်ကို ထောက်ပြလိုကြောင်း။

နောက်တစ်ချက်အနေဖြင့် ပထမအကြိမ် လွှတ်တော်ကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ၃ရက်တွင် စတင်ခဲ့ပြီး ရွေးချယ်ခံလွှတ် တော် ကိုယ်စားလှယ်များနှင့်   တပ်မတော်သား ကိုယ်စားလှယ်များသည်   ပါလီမန်ခေတ် လွှတ်တော်အတွေ့အကြုံ ရှိကြသူများ မဟုတ်ကြောင်း၊ လွှတ်တော်အသီးသီး ဥက္ကဋ္ဌများ ၏ စာပေလေ့လာမှုနှင့် အတွေ့အကြုံများ အရ လွှတ်တော်ကို ထိန်းကျောင်းသွားသည် ကို မှတ်သားရဖူးကြောင်း၊ ထို့ကြောင့် တချို့ကိစ္စများတွင် မြေစမ်းခရမ်းပျိုး၊ မုဆိုးစိုင်သင် ပုံစံမျိုးဖြင့် လုပ်ဆောင်ခဲ့ရသည်ကို  လွှတ်တော်ကိုယ်စားလှယ်များ အားလုံး အသိဆုံး ဖြစ်ကြောင်း၊ ထို့အတွက်   ပထမအကြိမ် လွှတ်တော်က လုပ်ကိုင်ဆောင်ရွက်ခဲ့မှု အားလုံးသည်   အမှန်ဟုပြော၍မရနိုင်ကြောင်း၊  မှန်တာ များ ရှိသလို   မှားတာများလည်းရှိခဲ့သည်ကို   မည်သူမှမငြင်းနိုင်ကြောင်း၊ ထို့ကြောင့်  စီရင်ထုံးတစ်ခုလို ကိုးကားနေ သည်များမှာ လွဲနေသည်ကို  ထောက်ပြလိုကြောင်း၊  ဒီမိုကရေစီ စနစ်ကို ကျင့်သုံးပြီး မိမိတို့နိုင်ငံကိုဖွံ့ဖြိုး တိုးတက် အောင် လုပ်ဆောင်နေသည့် ကာလတွင် ယခင်အစိုးရ ထက် ယခုအစိုးရ၊ ယခင်လွှတ်တော်ထက်  ယခုလွှတ်တော်က ပိုမိုသာလွန်ကောင်းမွန် နေရန် မဖြစ်မနေလို အပ်ကြောင်း၊ ထိုသို့မဟုတ်ဘဲ ယခင်ကလုပ်ခဲ့၍    ယခုလည်း လုပ်သည်ဆိုသော သဘောမျိုးထားပြီး အမှားများကို နမူနာယူနေပါက ရှေ့ကိုတိုးတက်လာ ရန်မရှိဘဲ အနောက်ကိုပဲပြန်သွား နေမည်မှာ သေချာကြောင်း၊  ယခင်က လုပ်ခဲ့မှုများ ထဲမှ ကောင်းသည့် အချက်များကိုယူပြီး   ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်သလို မှားခဲ့မှု များရှိလျှင်လည်း သင်ခန်းစာယူပြီး ရဲရဲရင့်ရင့် ပြင်ဆင်ရန် လိုအပ်ကြောင်း။

ယခု ဒုတိယအကြိမ်လွှတ်တော်အနေဖြင့်  ပထမအကြိမ် လွှတ်တော်က လုပ်ခဲ့သည်များကို ပုံတူကူးပြီး လုပ်မည့်အစား မှားသလား၊ မှန်သလား၊ ဥပဒေနှင့်ညီလား၊ မညီလား ဆိုသည်ကို လွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်ပိုင်စဉ်းစားချင့် ချိန်နိုင်စွမ်းနှင့်  သုံးသပ်ဆုံးဖြတ်ကြရမည်ဖြစ်ကြောင်း၊ ယခုလွှတ်တော်အနေဖြင့် ယခင်က အမှားများကို  အကိုးအကား စံနမူနာယူပြီး လုပ်နေမည် ဆိုပါက မိမိတို့ လက်ဆင့်ကမ်းပေးရမည့်  တတိယအကြိမ် လွှတ်တော်ကစ၍ နောက်လွှတ်တော် များသည်လည်း စံနမူနာအဖြစ် ယူမည်ကို အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း၊ ဒုတိယအကြိမ် လွှတ်တော် တွင် လုပ်ကိုင် ဆောင်ရွက်ခဲ့မှုမှန်သမျှ   မိမိတို့အားလုံးမှာတာဝန်ရှိကြောင်း၊ ယခင်လွှတ်တော်က လည်း လုပ်ခဲ့တာပဲဟု ပြော၍မရကြောင်း၊  လွှတ်တော်အတွင်း ဆောင်ရွက်ခဲ့သည့်ဆွေးနွေးဆုံးဖြတ်မှုများသည် မြန်မာနိုင်ငံကြီး

တည်ရှိနေသရွေ့ မှတ်တမ်းအဖြစ်ကျန်နေ မည်ဖြစ်ကြောင်း၊ နောင်လာနောက်သားများသည်လည်း မိမိတို့၏ လုပ်ဆောင် ချက်များ ကိုလေ့လာပြီး ဝေဖန်သုံးသပ်ကြမည်ဖြစ်ကြောင်း၊ ထိုအချိန်၌ မိမိတို့သည် နိုင်ငံတော် အကျိုးစီးပွား အတွက် ဆောင်ရွက်ခဲ့ကြသည်ဆိုရင် ကိုယ့်လိပ်ပြာကိုယ်လုံနိုင်မည် ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ဘဲ ကိုယ်ကျိုးစီးပွား အတွက်  ဥပဒေကို လျစ်လျူရှု ဆောင်ရွက် ခဲ့မည်ဆိုပါက ပြန်သတိရတိုင်း ကိုယ့်လိပ်ပြာကိုယ်ရှက်ရမည့်အဖြစ်မျိုး ကြုံတွေ့ရမည် ဖြစ်ကြောင်း၊ နောင်လာနောက်သားများ က မိမိတို့ ဒုတိယအကြိမ်  လွှတ်တော်ကို လုပ်နည်းလုပ်ဟန် အမှားများကို လုပ်ဆောင် ခဲ့သည်ဟု လက်ညှိုးထိုးအပြစ်ပြောသည်ကို

မခံချင်ကြောင်း၊   ထို့ကြောင့်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်း ကော်မတီ (၇၅/၂ဝ၁၉)  ၏ အစီရင်ခံစာ ကိုကန့်ကွက်ကြောင်းနှင့် ဦးစိုင်းသန်းနိုင်တင်သွင်းသည့် ဥပဒေမူကြမ်းကို ဥပဒေနှင့် အညီ လွှတ်တော်တွင်ဆွေးနွေးဆုံးဖြတ်ရန် တိုက်တွန်းကြောင်း ဆွေးနွေးသည်။

တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယဗိုလ်မှူးအောင်နိုင်ဦးက ယခင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေး အတွက် တင်ပြခဲ့သည့် ဥပဒေမူကြမ်း လေးခု၊ ယခုတင်ပြခဲ့သည့် ဥပဒေမူကြမ်းနှင့်ဆိုလျှင်  ငါးခုရှိနေပြီဖြစ်ကြောင်း၊ ယခင် တင်သွင်းခဲ့ သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် ဥပဒေကြမ်းများ၏ အစီရင်ခံစာ များအပေါ်တွင် လည်း   ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁၂)ပါ  ပြဋ္ဌာန်းချက်များ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ နှင့်အညီ   ဆက်လက် ဆောင်ရွက်သင့် ကြောင်းကို ကန့်ကွက်ထောက်ပြ ဆွေးနွေး တင်ပြခဲ့ကြသော်လည်း များရာမဲဖြင့် ကော် မတီ၏ သဘောထားမှတ်ချက် အတိုင်းသာ ဆောင်ရွက်ရန် စိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာများကို အတည်ပြုခဲ့ကြပြီး ဖြစ်ကြောင်း။

ယခုလည်း  ဦးစိုင်းသန်းနိုင်အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးက လက်မှတ်ရေးထိုး တင်ပြလာ သည့် ဥပဒေကြမ်းကို ယခင်တင်သွင်းခဲ့သည့် ဥပဒေကြမ်း လေးခု၏ အစီရင်ခံစာပါအတိုင်း ဘယ်အချိန်၊ ဘယ်ကာလမှ ပြုစု ရေးဆွဲပြီး  မည်မှန်းမသိသည့်   ၄၅ ဦးကော်မတီ၏  လွှတ်တော်သို့တင်သွင်းလာမည့် ဥပဒေမူကြမ်း နှင့် တစ်ချိန် တည်း တစ်ပြိုင်တည်း ယှဉ်တွဲ ဆောင်ရွက်ရန် စိစစ်ရေးပူးပေါင်းကော်မတီက ထပ်မံတင်ပြလာပြန်ပြီဖြစ်ကြောင်း၊ ယခု အခါလည်း ထိုနည်းတူစွာ ယခင်အစီရင် ခံစာများနည်းတူတင်သွင်းသည့် ကိုယ်စားလှယ်၏ အမည်၊ ကော်မတီအစီ ရင်ခံစာ၏ အမှတ်စဉ်၊ ရက်စွဲများမှလွဲ၍ ကျန်တာအားလုံးနီးပါး '''' ''သည်''မရွေး၊ ထပ်တူထပ်မျှစိစစ်ပြီး   အစီရင်ခံစာ တင်ပြထား သည်ကိုတွေ့ရကြောင်း၊   ဥပဒေနှင့်အညီ တင်သွင်းလာသည့်    ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ လွှတ်တော်တွင် ဆက်လက် ဆွေးနွေးဆောင်ရွက်ခြင်းမရှိသည့်  အတွက် အစီရင်ခံ စာများအပေါ် ကိုယ် စားလှယ်များက ထပ်ခါထပ်ခါ မမောနိုင်မပန်းနိုင်ထောက်ပြကန့်ကွက်ခဲ့သည်မှာလည်း  အကြိမ်ကြိမ် အခါခါဖြစ်ကြောင်း။

နာယကကြီးအပေါ် အဂါရဝတရား ဖြင့် ဝေဖန်ပုတ်ခတ်ပြောဆိုနေခြင်းမဟုတ်ကြောင်းကို  ကြိုတင်တင်ပြပါ အစီရင် ခံစာပါ   စိစစ်ရေးပူးပေါင်းကော်မတီ၏ ဆောင်ရွက်ချက်များကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၊ နည်းဥပဒေခွဲ (ဃ)နှင့်အညီ   ဖွဲ့စည်းပုံအခြေခံဥပဒေ၊  လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ နှင့် ကိုက်ညီမှုရှိစေရန် ကြပ်မတ် ဆောင်ရွက်ရမည့်သူသည်   အဓိကနာယကကြီး၏ တာဝန်ဖြစ်ကြောင်း၊ ၂ဝ၁၉ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က  ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် နာယက ကြီးက   လွှတ်တော်အစည်းအဝေးဆိုင်ရာ  ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လွှတ်တော်ကို အသိပေးတင်ပြခဲ့သည့် ''လွှတ်တော်နာယက ၏ တာဝန်နှင့်စပ်လျဉ်း၍   တစ်ဦးတစ် ယောက်၊ တစ်စုတစ်ဖွဲ့ရဲ့ဆန္ဒအတိုင်းမလုပ် ပေးနိုင်လို့ သဘောမကျတာရှိနိုင်ပါတယ်'' ဆိုသည့် စကားရပ်ပါအတိုင်း မိမိတို့အနေ နှင့်ကလည်း ကန့်ကွက်ထောက်ပြဆွေးနွေး တင်ပြနေခြင်းသည်   တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့၏ ဆန္ဒအတိုင်း ဆောင်ရွက်သွားမည်ကို စိုးရိမ်သည့်အတွက်ဖြစ် ကြောင်း၊ နာယကကြီး အနေဖြင့် တာဝန်များပြားကြီးမားခြင်းကြောင့် အစီရင်ခံစာအပေါ် စိစစ် ဆုံးဖြတ်ရာတွင်လည်း   ဥပဒေနှင့် မညီ  သွေဖည်မှားယွင်းဆုံးဖြတ်သွားခြင်းမျိုးမဖြစ်ပေါ်အောင်   အကြံပြုထောက်ပြ ဆွေးနွေး တင်ပြနေခြင်းသာ ဖြစ် ကြောင်း။

၂ဝ၁၉ ခုနှစ်   နိုဝင်ဘာ ၂၆ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ် ငါးဦး၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပ ဒေ  ၁၉ ပါ လွှတ်တော်ဆိုင်ရာ စည်းကမ်းချက် များကို လိုက်နာခြင်းမရှိဟုဆို၍ပြည် ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂ဝ အရ ဖောက်ဖျက်ကျူးလွန်ခဲ့သော စကား ရပ်များဟုသတ်မှတ်၍ လွှတ်တော် မှတ်တမ်းက ပယ်ဖျက် ကြောင်း ဆုံးဖြတ်ကြေညာခဲ့ သည်ကိုတွေ့ရကြောင်း၊  အဆိုပါကိုယ်စားလှယ်ငါးဦး၏ ကန့်ကွက်ခံရသော ဖော်ပြ ထားချက် များကို ပြန်လည်လေ့လာကြည့် သည့်အခါ   မြန်မာ့ရိုးရာစကားပုံများဖြစ်သော ''မရောင်ရာ ဆီလူးနေရင်''''ဝေ့လည် ကြောင်ပတ်လုပ်နေ''''ဘာကြောင့်သဝေ ထိုးနေရတာလဲ''စသည့် စကားပုံများဖြစ်ပြီး အဓိပ္ပာယ်ကိုလေ့ လာသော အခါ ''မရောင်ရာ ဆီလူးနေတယ်''ဆိုသည့် စကားပုံက လုပ်သင့်သည်ကို  မလုပ်၊ မလုပ်သင့်သည်ကို လုပ်နေခြင်းဟူ၍ လည်းကောင်း၊ ''ဝေ့လည် ကြောင်ပတ် လုပ်နေတယ်''ဆိုသော စကားပုံကတော့ ထင်ရာမြင်ရာ မိမိစိတ်ကူး စိတ်ရူးပေါက်ရာ ကစဥ့်ကလျား ယူဆချက်များကို လုပ်ဆောင်ခြင်းဟူ၍လည်းကောင်း၊ ''သဝေထိုးနေတယ်''ဆိုသည့်   စကားပုံကတော့ ရည်ရွယ်ချက်မရှိ ဦးတည်ရာမဲ့ သွားလာနေခြင်း၊ လိုရင်းကို မရောက်ဘဲ လုပ်ချင်ရာလုပ်နေခြင်းကို ဆိုလိုကြောင်း၊ ဖော်ပြချင်သည့် အကြောင်းအရာများအပေါ် သဘောပေါက် လွယ်အောင် ရိုင်းစိုင်းသည့် စကားရပ်များ မပါရှိအောင် ယဉ်ယဉ်ကျေးကျေးဖြင့် မြန်မာ့ရိုးရာစကားပုံများ သုံးနှုန်းထားခြင်းသာဖြစ် ကြောင်း၊ ဆွေးနွေးချက်များအပေါ် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများပါ ကျင့်ဝတ် စည်းကမ်းများ၊   လွှတ်တော် အစည်းအဝေးမှာလိုက်နာရမည့် စည်းကမ်းချက်များနှင့် ညီညွတ်မှုမရှိကြောင်း လွှတ်တော်ဂုဏ်သိက္ခာကို ထိပါး စေသည်ဟု ဆုံးဖြတ်ချက် ချမှတ်ခြင်း သည်    မည်သည့် အထောက်အထား၊ မည်သည့်အကြောင်း ပြချက်များနှင့် သတ်မှတ်တိုင်းတာ ဆောင်ရွက်ခဲ့သလဲဆိုသည်ကိုမသိကြောင်း၊ နိုင်ငံတကာမှာလည်း သူ့နိုင်ငံနှင့်သူစကားပုံများ ကို သုံးစွဲလေ့ရှိကြောင်း၊  မိမိတို့နိုင်ငံတွင် လည်း မိမိတို့စကားပုံကို သုံးစွဲနေကြခြင်းနှင့် ပတ်သက်၍ လွှတ်တော်ထဲမှာလည်း သုံးစွဲ ခွင့်မရတော့ဘူးလား။ နာယကကြီးကိုတော့ ''ဆူးကြားကဘူးခါး''    ဖြစ်သွားမှာစိုး၍၊နာယကကြီးကိုလည်း ''ပညာရှိ သတိဖြစ်ခဲ'' ဆို သည့် အတိုင်း ဖြစ်သွားမည်စိုး၍  စာနာနားလည်စွာတင်ပြရခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ဒို့တာဝန်အရေး (၃)ပါးကို   မထိခိုက် လျှင်၊ တစ်စုံတစ်ဦး တစ်ယောက်ကို မထိခိုက်လျှင်၊ လွှတ်တော်၏ဂုဏ်သိက္ခာကို မထိခိုက် လျှင်တော့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အခွင့်အရေးနှင့်အညီ၊ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများမှာ ပါရှိသည့် လွှတ် တော်ကိုယ်စားလှယ်၏ တာဝန်၊ လုပ်ပိုင်ခွင့်များ၊ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း များနှင့် အညီ အကြံပြုထောက်ပြဆွေးနွေး နေရမည်ဖြစ်ကြောင်း။

ဥပဒေနှင့်အညီ တင်သွင်းလာသော  ပြင်ဆင်ရေးဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂)ပါ ပြဋ္ဌာန်းချက် များ အတိုင်း လွှတ်တော်တွင် ဆက်လက်ဆွေးနွေး ဆောင်ရွက်ခြင်းမရှိ၍ အစီရင်ခံစာအပေါ် ကန့်ကွက် ဆွေးနွေး နေခြင်းသည်  ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ကန့်ကွက်နေခြင်းမဟုတ်ကြောင်း၊ ဤသည်ကို  တချို့ တချို့သော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းတချို့က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို တပ်မတော်က   ကန့်ကွက်နေ သယောင်၊ ကန့်လန့်တိုက် နေသယောင်၊    နိုင်ငံရေး အမြတ်ထုတ်ဝါဒဖြန့်ပြောဆိုနေကြသည် ကို တွေ့မြင်ကြားသိနေ ရကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်ချင်လွန်းလို့ ဦးစိုင်းသန်းနိုင်အပါအဝင် ပြည်ထောင်စုလွှတ် တော်ကိုယ်စား လှယ် ၁၄၅ ဦးက လက်မှတ် ရေးထိုးတင်သွင်းလာပြီဖြစ်ကြောင်း၊ ''ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး''ဆိုပြီး ဝါဒဖြန့်  သက်သက်ပြော ဆိုနေကြသည်ထက် ယခု ပြင်ဆင်ရန်တင်သွင်းလာသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းကို အပြောနှင့် အလုပ် လက်တွေ့တစ်ထပ်တည်းကျအောင် ခေတ်စနစ်နှင့်အညီ ပြင်ဆင်နိုင်ရေး  အခန်း (၁၂)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အချိန်မဆွဲဘဲဆောင်ရွက်ကြရန် တိုက်တွန်း လိုကြောင်း။

ဘယ်အချိန် ဘယ်ကာလကျမှ တင်သွင်းလာမည်မှန်းမသိသော ဥပဒေမူကြမ်းတစ်ရပ် အဖြစ် တင်ပြနိုင်ရေး အဆင့်များစွာ ကျန်ရှိနေသေးသည့် ၄၅ဦး ကော်မတီ၏ တင်သွင်းလာမည့် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် တစ်ချိန် တည်း တစ်ပြိုင်တည်း ယှဉ်တွဲ  ဆောင်ရွက်မည်ဆိုပါက   ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို အချိန်ဆွဲ ဆောင်ရွက် နေသည့်   သဘောသက်ရောက်သွားနိုင်ကြောင်း၊ ထို့ကြောင့်   လွှတ်တော်ကြီး၏ တန်ဖိုးရှိသောအချိန်များ မကုန်ဆုံး အောင်၊  ဘဏ္ဍာငွေကြေးများ မလိုအပ်ဘဲ မကုန်ဆုံးအောင်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသား များ၏ အခွင့်အရေး၊ ပြင်ဆင်လိုချက်များကို မကြည့်ဘဲ ပါတီတစ်ခု၏ ပြင်ဆင်ချက်ကိုပဲ  ပြင်ဆင် နိုင်အောင်  ဆောင်ရွက်နေခြင်းဖြစ်သည် ဆိုသည့် အထင်အမြင်လွဲမှား နိုင်မှုမျိုးမဖြစ်ပေါ်အောင်၊ အချိန်ကြန့်ကြာမှုမျိုး မဖြစ်ပေါ်အောင် အစီရင်ခံစာ အပိုဒ် ၈ ပါ အကြံပြု တင်ပြထားသည့်အတိုင်း လွှတ်တော်ဆိုင်ရာ ဥပဒေ၊  နည်းဥပဒေများ နှင့်အညီ လွှတ်တော် တွင် ဆက်လက် ဆွေးနွေးဆောင်ရွက်သင့်ကြောင်း ဆွေးနွေးသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ရက်မြောက်နေ့ကို ဒီဇင်ဘာ ၉ ရက် တွင် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်လင်းဦး(မြဝတီ) 

 

 

Read 214 times Last modified on Friday, 06 December 2019 09:32