SJ WorldNews - шаблон joomla Авто

ကျောက်တော်မြို့အတွင်း နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား AA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီးဖြင့် နှောင့်ယှက်ပစ်ခတ်

Friday, 06 December 2019 23:36 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဒီဇင်ဘာ - ၆

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အတွင်း နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး ဆောင်ရွက် နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် AA အကြမ်းဖက် သောင်း ကျန်းသူများက လက်နက်ကြီးဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့ကြောင်း သိရှိရ သည်။

ဖြစ်စဉ်မှာ ကျောက်တော်မြို့တွင် လုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့အား ယနေ့နံနက် ၉ နာရီခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ကုန်သွယ်လယ် ယာ အဆောက်အဦးများအနီး နေရာမှ RPG ဖြင့် လာရောက် နှောင့်ယှက် ပစ်ခတ် ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် လူနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်။

၎င်းပစ်ခတ်သည့် နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး ရှာဖွေရာ အရပ်ဝတ် ၀တ်ဆင်ထားသည့် မသင်္ကာဖွယ် လူ ၁ ဦး တွေ့ရှိသဖြင့် စစ်ဆေးရန် ခေါ်ယူစဉ် လာရောက်ခြင်းမရှိဘဲ ရပ်ကွက်အတွင်းသို့ ၀င်ရောက် ထွက်ပြေး သွားခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ငယ်ဖြင့် သတိပေး ခြောက်လှန့် ပစ်ခတ်ရာ ၎င်းမသင်္ကာဖွယ်လူမှာ လူနေရပ်ကွက်များ အတွင်းသို့ ၀င်ရောက် ဆက်လက် ထွက်ပြေးသွားခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် မြို့ရွာ လုံခြုံရေး ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများအား လုံခြုံရေး အသိရှိကြရန် သတိပေး နှိုးဆော်ထားကြောင်း သတင်းရရှိသည်။

Read 139 times Last modified on Friday, 06 December 2019 23:37