SJ WorldNews - шаблон joomla Авто

(၃၂)ကြိမ်မြောက် သာသနာ့ဝန်ဆောင် သာမဏေကျော် စာတော်ပြန် စာမေးပွဲပြုလုပ်၊ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်နှင့် ဇနီး၊ သားသမီး၊ မြေးများ မိသားစုက အလှူတော် ငွေကျပ်သိန်း ၁၀၀ နှင့် ရေသန့် ၅၀၀၀ ဘူး လှူဒါန်း

Sunday, 08 December 2019 10:51 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

ရှင်သာမဏေဓမ္မဗိမာန် သာသနာ့ဝန်ဆောင်အဖွဲ့မှ ကျင်းပသော (၃၂)ကြိမ်မြောက် သာသနာ့ဝန်ဆောင်  သာမဏေကျော်စာတော်ပြန်စာမေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ တပ်မတော်ဓမ္မာရုံ၌ပြုလုပ်သည်။

အဆိုပါစာတော်ပြန်စာမေးပွဲသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ သွားရောက်ကြပြီး တိုင်းမှူးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊ သားသမီး၊ မြေးများမိသားစုမှ လှူဒါန်းသောအလှူတော်ငွေကျပ်သိန်း ၁၀၀ နှင့် ရေသန့်၅၀၀၀ ဘူးအား သာသနာ့ဝန်ဆောင်အဖွဲ့မှ တာဝန်ရှိသူများထံပေးအပ်လှူဒါန်းသည်။

ယင်းနောက် သံဃာတော်များ စာတော်ပြန် စာမေးပွဲ ဖြေဆိုနေမှုအား ကြည်ညိုဖူးမြော် ခဲ့ကြသည်။

ထို့နောက် ရွှေတိဂုံ စေတီတော် အရှေ့ဘက် စောင်းတန်း ၀တ္တကမြေနေရာရှိ မဏ္ဍပ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ သားသမီး၊ မြေးများ မိသားစုမှ လှူဒါန်းသော နေ့ဆွမ်းနှင့် သောက်ရေသန့် များအား တိုင်းမှူးက သံဃာတော်များထံ ဆက်ကပ် လောင်းလှူခဲ့ပြီး သံဃာတော်များ နေ့ဆွမ်း ဘုန်းပေး နေမှု အား သာသနာ့ ၀န်ဆောင် အဖွဲ့မှ တာဝန်ရှိသူများနှင့် အတူ ကြည်ညို ဖူးမြော် ခဲ့ကြောင်း သတင်း ရရှိသည်။

(၁၀၀)

Read 140 times Last modified on Sunday, 08 December 2019 12:30