SJ WorldNews - шаблон joomla Авто

မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် နှစ်နိုင်ငံနယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန် တည်ထောင်ရေးဆိုင်ရာ စီမံကိန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး ဆွေးနွေး

Sunday, 08 December 2019 14:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့်နိုင်ငံခြားရေးဝန်ကြီး   မစ္စတာ ၀မ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်   မြန်မာ-တရုတ်  နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ဘက်စုံမဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အခြေခံပြီး နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စ များတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်း ဆောင်ရွက်ရေး၊   ၂၀၂၀ ပြည့်နှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားများကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပသွားရေး၊ နှစ်နိုင်ငံ ပြည်သူများ အကျိုး ဖြစ်ထွန်းရေးအတွက် ကုန်သွယ်ရေးမူဝါဒများ ဖြေလျှော့ရေး၊ ကုန်သွယ်ခွင့်ပြုသည့် ပမာဏနှင့် အမျိုးအမည် တိုးမြှင့်ပေးရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအောက်ရှိ မြန်မာ-တရုတ် စီးပွားရေး စင်္ကြံနှင့်    နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန် တည်ထောင်ရေးဆိုင်ရာ စီမံကိန်းများကို ပိုမို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံ ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး တို့နှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ နှင့် အတူ ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသည့် ဦးသောင်းထွန်း၊ ဦးဟန်ဇော်၊ ဦးကျော်တင်၊ ဒုတိယ၀န်ကြီး ဦးအောင်ထူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် တရုတ် နိုင်ငံခြားရေး ၀န်ကြီးနှင့်အတူ တရုတ်နိုင်ငံခြားရေး ဒုတိယ၀န်ကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။             

(သတင်းစဉ်)

Read 125 times Last modified on Sunday, 08 December 2019 14:20