SJ WorldNews - шаблон joomla Авто

မြန်မာ-တရုတ် နှစ်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပ

Sunday, 08 December 2019 14:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင် စီဝင် နှင့် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာဝမ်ယိအား ယနေ့ညနေ ၅ နာရီ ၁၀ မိနစ်တွင် နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင် ရွက်သွားရေး၊ နှစ်နိုင်ငံပြည်သူ အချင်းချင်းချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ရေး တို့နှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စ တာ ချန်းဟိုင်တို့ တက်ရောက် ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆွေးနွေးပွဲကို ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ တက်ရောက်ကြသည်။

နှစ်နိုင်ငံ ဆွေးနွေးပွဲ၌  ၂၀၂၀ ပြည့်နှစ်တွင် ကျရောက်မည့် သံတမန် ဆက်ဆံရေးနှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရေးနှင့်  ဘက်စုံမဟာဗျူဟာမြောက် ဆက်ဆံမှု ထူထောင်ရေး၊  မြန်မာ-တရုတ် စီးပွားရေး စင်္ကြံ  အမြန်ဆုံး အကောင်အထည် ဖော်ရေး၊ နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန် တည်ထောင်ရေး ဆိုင်ရာ စီမံကိန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ယဉ်ကျေးမှု၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ကြသည်။ နှစ်နိုင်ငံ ဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် နှင့်အတူ ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊    ဦးမင်းသူ၊    ဦးသောင်းထွန်း၊ ဦးဟန်ဇော်နှင့် ဦးကျော်တင်၊ ဒုတိယ၀န်ကြီး ဦးကျော်မျိုး နှင့် ဦးအောင်ထူး၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ၀န်ကြီးနှင့်အတူ တရုတ်နိုင်ငံခြားရေး ဒုတိယ၀န်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)

Read 164 times Last modified on Sunday, 08 December 2019 14:25