SJ WorldNews - шаблон joomla Авто

မန္တလေးမြို့၌ မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး သံဃာအပါး သုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲ ကျင်းပ

Monday, 09 December 2019 08:46 font size decrease font size decrease font size increase font size increase font size

မန္တလေး  ဒီဇင်ဘာ 

မန္တလေးမြို့၌  မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး သံဃာအပါး သုံးသောင်း ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို ယနေ့ နံနက် ၆ နာရီမှ စတင်၍ မန္တလေးမြို့ ချမ်းမြသာစည် လေယာဉ်ကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။

အဆိုပါ  မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး သံဃာအပါးသုံးသောင်း ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာအလှူရှင်များနှင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဓမ္မကာယဖောင်ဒေး ရှင်းတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးတွင် သံဃာအပါး သုံးသောင်းအား သံဃာတော်တစ်ပါးလျှင်   န၀ကမ္မအလှူတော် ငွေကျပ် သုံးသောင်းနှင့် လှူဖွယ်ပစ္စည်းများ၊ အရုဏ်ဆွမ်း၊နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းကြသည်။

မန်္တလေးမြို့၌  မြန်မာ- ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို  ပထမအကြိမ်အဖြစ် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်က သံဃာအပါး တစ်သောင်းအား   မန္တလေးတောင်ခြေ၌ လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၂၁ ရက်က သံဃာအပါး နှစ်သောင်းအား ချမ်းမြသာစည် လေယာဉ်ကွင်း၌ လည်းကောင်း  လောင်းလှူပူဇော်ခဲ့ပြီး ယခုနှစ်တွင် တတိယအကြိမ်မြောက်အဖြစ် သံဃာအပါး သုံးသောင်းအား ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 

Read 137 times Last modified on Monday, 09 December 2019 08:47