SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ထွက်ခွာ

Monday, 09 December 2019 09:04 font size decrease font size decrease font size increase font size increase font size

ဗန်ကောက်   ဒီဇင်ဘာ  

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည်  ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ်  အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၌    တရားစွဲဆို လျှောက်ထားမှုကို တုံ့ပြန်ရန် အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာသည်။

ဂမ်ဘီယာနိုင်ငံက ကြားဖြတ်စီမံဆောင်ရွက်ချက်  (Provisional Measures) ချမှတ်ပေးရန် လျှောက်ထားချက်နှင့် ပတ်သက်၍ နှစ်ဖက်စလုံးက နှုတ်ဖြင့်လျှောက်လဲ တင်သွင်းခြင်းများကို အပြည်ပြည်ဆိုင်ရာ တရားရုံး၌ ဒီဇင်ဘာ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် အဆိုပါတရားရုံးတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ဦးဆောင် ကာကွယ်ပြောကြားသွားမည်ဖြစ်သည်။

ထို့နောက်    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  ရဲချုပ်   ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ မြန်မာနိုင်ငံ ဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး  Mr. Wouter Jurgens နှင့် တာဝန်ရှိသူများက   နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌   ပို့ဆောင် နှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်နှင့်အတူ အဖွဲ့ဝင်များအဖြစ် နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့်   ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့် အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ရောက်ရှိကြရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် ဇနီး  ဒေါ်စန်းစန်းမော် ၊ စစ်သံမှူး (ကြည်း၊ ရေ ၊ လေ) ဗိုလ်မှူးချုပ်ခင်ဇော်နှင့်  မြန်မာသံရုံး၊ စစ်သံရုံးတို့မှ   တာဝန်ရှိသူများက  သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက်   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့် အဖွဲ့သည် ဒေသစံတော်ချိန် ၁၂ နာရီ ၁၅ မိနစ်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှတစ်ဆင့်     နယ်သာလန်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာကြကြောင်း သိရသည်။   

Read 141 times Last modified on Monday, 09 December 2019 09:05