SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (၄၁)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဖလား လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ

Monday, 09 December 2019 09:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့(၄၁)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဖလား  လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော် ၀ဏ္ဏသိဒ်္ဓိ အားကစားကွင်း လက်ဝှေ့ရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်သူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊   ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ  ညွှန်ကြားရေးမှူးချုပ်များနှင့် ရဲအရာရှိကြီးများ၊ ဖိတ်ကြားထားသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ နည်းပြများနှင့် အုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့်  အားကစား ၀ါသနာရှင်များ  တက်ရောက် ခဲ့ကြပြီး ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပိတ်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားပြီး ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယရဲချုပ်(၁)နှင့် ဒုတိယရဲချုပ်(၂)တို့က လူသစ်တန်းပြိုင်ပွဲများတွင် ဆုရရှိသူများအား လည်းကောင်း၊ ရဲချုပ်က အလွတ်တန်း ပြိုင်ပွဲများတွင်   ဆုရရှိသူများနှင့် လူသစ်တန်း အကောင်းဆုံး လက်ဝှေ့သမား ဆုရရှိသူတို့အား လည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်၍ လူသစ်တန်းတံခွန်စိုက်ဆု ရရှိသည့် အမှတ်(၂) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့မှူးရုံး အသင်းအား ဆုဖလားပေးအပ်ခဲ့ပြီး ဒုတိယ၀န်ကြီးက အလွတ်တန်းပြိုင်ပွဲများတွင် ဆုရရှိသူများအား  တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ကာ  အလွတ်တန်း တံခွန်စိုက်ဆုရရှိသည့်    မှုခင်းရဲတပ်ဖွဲ့ အသင်းအား ဆုဖလားပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက  အလွတ်တန်း ပြိုင်ပွဲများတွင် ဆုရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ကာ ရဲချုပ်တံခွန်စိုက် ဆုဖလား ရရှိသည့် မှုခင်း ရဲတပ်ဖွဲ့အသင်းအား တံခွန်စိုက်ဖလား ပေးအပ်ခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)

Read 129 times Last modified on Monday, 09 December 2019 09:12