SJ WorldNews - шаблон joomla Авто

ဗိုလ်လုပွဲနှင့်လွဲချော် ခဲ့သော်လည်း တတိယဆု ရရှိအောင် ကြိုးစားမည်ဟု မြန်မာ ယူ-၂၂ နည်းပြချုပ်ပြော ….

Monday, 09 December 2019 09:24 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ  အကြိုဗိုလ်လုပွဲတွင် မြန်မာ ယူ-၂၂ အသင်း သည်  အင်ဒိုနီးရှားအသင်းကိုရှုံးနိမ့်ပြီး  ဗိုလ်လုပွဲတက်ရောက်ခွင့်   လွဲချော်ခဲ့သော်လည်း တတိယဆု ရရှိအောင်   ကြိုးစား မည်ဖြစ်ကြောင်း မြန်မာယူ-၂၂ အသင်း နည်းပြချုပ်ပိုပေါ့ကပြောသည်။

ဒီဇင်ဘာ ၇ ရက်က  ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ  ရီဇယ်လ်ကွင်း၌  ယှဉ်ပြိုင်ခဲ့သည့် အကြိုဗိုလ်လုပွဲတွင် မြန်မာ ယူ-၂၂ အသင်းသည်  အင်ဒိုနီးရှားအသင်းကို  ၄ ဂိုး-၂ ဂိုးဖြင့် ရှုံးနိမ့်ကာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သည်။ ယင်းပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ကစားသမားများ၏ကြိုးစားမှုကို ကျေနပ်ကြောင်း မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့က ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင်ပြောသည်။

''အနိုင်ရသွားတဲ့ အင်ဒိုနီးရှားအသင်းကို ချီးကျူးပါတယ်။ ပိုကောင်းတဲ့ အသင်းက အနိုင်ရသွားတာပါ။   ရှုံးနိမ့်ခဲ့ရပေမယ့်  ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့   ခြေစွမ်းကိုတော့ ကျေနပ်ပါတယ်။  အင်ဒိုနီးရှား အသင်းက   အခွင့်အရေး တွေကို အပိုင်အသုံးချ နိုင်ခဲ့သလို ကျွန်တော်တို့ကလည်း ရသမျှ အခွင့်အရေးတွေကို အသုံးချ ခဲ့ပါတယ်။ အားပေး ခဲ့ကြတဲ့ ပရိသတ်တွေနဲ့  တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။တတိယလုပွဲမှာ အနိုင်ရအောင်  ကြိုးစားသွားပါမယ် ''ဟု ပိုပေါ့ကပြောသည်။

မြန်မာ ယူ-၂၂ အသင်းသည် တတိယလုပွဲတွင်    ကမ္ဘောဒီးယား အသင်းနှင့် ယှဉ်ပြိုင် ရမည်ဖြစ်ပြီး ဗိုလ်လုပွဲကို ဗီယက် နမ်နှင့် အင်ဒိုနီးရှား အသင်းတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ တတိယလုပွဲကို  ဒီဇင်ဘာ ၁ဝရက် မြန်မာစံတော်ချိန် မွန်းလွဲ၂ နာရီခွဲ နှင့် ဗိုလ်လုပွဲကို ည ၆ နာရီခွဲတွင် ကျင်းပမည်ဖြစ်သည်။  မြန်မာ ယူ-၂၂ အသင်းနှင့် ကမ္ဘောဒီးယား အသင်းတို့သည် အုပ်စုအဆင့် တွင်တွေ့ဆုံခဲ့ဖူးပြီး  ယင်းပွဲစဉ်၌  မြန်မာ ယူ-၂၂ အသင်းက ၂ ဂိုး-၁ ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။                   

TZW

Read 139 times Last modified on Monday, 09 December 2019 09:26