SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၌ ဂမ်ဘီယာနိုင်ငံက ပထမအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုအား တက်ရောက်နားထောင်

Wednesday, 11 December 2019 08:19 font size decrease font size decrease font size increase font size increase font size

သည်ဟိတ်ဂ်   ဒီဇင်ဘာ  ၁၀

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ဒေသစံတော်ချိန် ၁၀ နာရီတွင်  အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၌ ပြုလုပ်သည့် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၌ တရားစွဲဆိုခဲ့သည့်အမှုအပေါ်    ကြားဖြတ်စီမံ ဆောင်ရွက်ချက် (Provisional Measures) အတွက်  နှုတ်ဖြင့် လျှောက်လဲခြင်း(Oral Proceedings) ပထမနေ့ အစီအစဉ်ဖြစ်သည့် ဂမ်ဘီယာနိုင်ငံက  ပထမအကြိမ်နှုတ်ဖြင့် လျှောက်လဲမှုအား တက်ရောက်နားထောင်သည်။

ပထမနေ့အစီအစဉ်ဖြစ်သည့် ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ်နှုတ်ဖြင့် လျှောက်ထားမှုအား  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့် အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဦးကျော်တင်၊ နယ်သာလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး   ဦးစိုးလင်းဟန်နှင့် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘက်မှ   လိုက်ပါဆောင်ရွက်ကြမည့် ပြည်တွင်း   ပြည်ပ ဥပဒေပညာရှင်များ၊ ဥပဒေပညာရှင်များ၏ အထောက်အကူပြု အဖွဲ့ဝင်များ တက်ရောက် နားထောင်ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်၏ ဆောင်ရွက်မှုအား ထောက်ခံအားပေး ၀န်းရံကြသည့် မြန်မာနိုင်ငံမှ လာရောက်ကြသည့် ပြည်သူများနှင့် နယ်သာလန်နိုင်ငံနှင့် အခြား ပြည်ပရောက်နိုင်ငံများမှ လာရောက်ကြသည့် မြန်မာနိုင်ငံ သားများက အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) အပြင်၌ လာရောက်ထောက်ခံ အားပေးဝန်းရံကြကြောင်း သိရသည်။

(သတင်းစဉ်)  

Read 117 times Last modified on Wednesday, 11 December 2019 08:19