SJ WorldNews - шаблон joomla Авто

အမျိုးသား လွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ၂ဝ၁၈ ခုနှစ် မတ် ၂၁ ရက်မှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလပြီးသည့်အထိ လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာကို ဆွေးနွေး

Wednesday, 11 December 2019 08:30 font size decrease font size decrease font size increase font size increase font size

အမျိုးသား လွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ၂ဝ၁ခုနှစ် မတ် ၂၁ ရက်မှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလပြီးသည့်အထိ လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာကို ဆွေးနွေး

နေပြည်တော် ဒီဇင်ဘာ ၁ဝ၊ အမျိုးသားလွှတ်တော် အစည်းအဝေး

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို   ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ  အမျိုးသား လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှဒေါက်တာဦးကြွယ်ကြွယ်၏ ပြည်သူလူထု၏ လုံခြုံရေး ကို ထိခိုက်သော အခြေအနေ တစ်ရပ်ပေါ်ပေါက်လာပါက အလျင်အမြန်တုံ့ပြန်နိုင်ရန် ဖုန်းနံပါတ် ၁၉၉ကို ဆက်သွယ် ပါက  အလျင် အမြန်ချက်ချင်းရောက်လာနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် စီစဉ်ထားခြင်းရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍  ပြည်ထဲရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဗိုလ်ချုပ် အောင်သူက ရှင်းလင်းဖြေကြားသည်။

ဒုတိယဝန်ကြီး   ဗိုလ်ချုပ်အောင်သူက  အဆိုပါ မေးခွန်းကိုဖြေကြားရာတွင်  ရပ်ကွက်၊ ကျေးရွာများအတွင်း  ဒုစရိုက်မှု များ၊ ရာဇဝတ်မှုများ၊ ပြည်သူ လူထု၏လုံခြုံရေးကိုထိခိုက်စေသောပြစ်မှုများ၊ အကြမ်းဖက်မှုများ ပေါ်ပေါက်လာပါက ပြည်သူ လူ ထုမှ သတင်းပေးနိုင်ရန်အတွက် အရေးပေါ်ဖုန်းသတင်းဌာန ၁၉၉ ဖုန်းများကို  တိုင်းဒေသကြီး၊  ပြည်နယ် ရဲတပ် ဖွဲ့မှူးရုံးများ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများ၊ ရဲစခန်းများတွင် တပ်ဆင်ထားသည့်အပြင် သက်ဆိုင်ရာ နယ်မြေအတွင်းရှိ ရုံး၊ စခန်းများ၏ ဖုန်းနံပါတ်များနှင့် ရဲကင်းမှူး၊ နယ်ထိန်း အရာရှိ၊ စခန်းမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး တို့၏ လက်ကိုင်ဖုန်းနံပါတ်များကို မှုခင်းကျဆင်းရေး ဟောပြောပွဲများတွင်   ဖြန့်ဝေသည့် လက်ကမ်း စာစောင်များ၌ ထည့်သွင်းဖော်ပြ ထားခြင်း၊ လူစည်ကားသည့် နေရာများနှင့် လမ်းဆုံလမ်းခွများတွင် သတင်းပေး နိုင်သည့် ရုံး၊ ရဲစခန်းများ၏ဖုန်းနံပါတ်များကို ပိုစတာ များအဖြစ်ထားရှိခြင်းတို့ကို ဆောင်ရွက် ထားကြောင်း၊ လက်ခံရရှိ သည့်သတင်းများကို အချိန်နှင့် တစ်ပြေးညီ စိစစ်ကာ အလျင် အမြန်တုံ့ပြန်မှုပြုလုပ်၍ ကာကွယ်တားဆီး နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင်ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ပေးနိုင်ရန် အတွက် မြို့နယ် အသီးသီးတွင်  လူဦးရေထူထပ်မှု၊ မှုခင်းဖြစ်ပွားမှုတို့အပေါ် အခြေခံ၍ မြို့မရဲစခန်း၊ နယ်မြေ ရဲစခန်းနှင့် ရဲကင်း စခန်း တို့ကိုဖွင့်လှစ်ပြီး အဆိုပါ ရဲစခန်းများ၏ဖွဲ့စည်းပုံသတ်မှတ် ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ၎င်းဖွဲ့စည်းပုံ တွင် နယ်ထိန်း တပ်ဖွဲ့ဝင်များကိုထည့်သွင်း ဖွဲ့စည်းထားပြီး လှည့်ကင်းနှင့် ၁၉၉ ခေါ်ဆိုမှုကဲ့သို့အရေးပေါ်မှုခင်း ကိစရပ်များ ဆောင်ရွက် နိုင်ရန်အတွက် သက်ဆိုင်ရာစခန်းတိုင်းတွင် နေ့စဉ်စုဖွဲ့ ထားရှိ၍ အချိန်နှင့် တစ်ပြေးညီ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊  အင်အားသုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါက သက် ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲနှင့် ခရိုင်လုံခြုံရေးတပ်ခွဲတို့မှ အသင့်စုဖွဲ့ထားသော တပ်ဖွဲ့ဝင်များဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

၁၉၉ ခေါ်ဆိုမှုကဲ့သို့   အရေးပေါ်အကူ အညီတောင်းခံသောမှုခင်းကိစ်္စရပ်များကိုလည်း အချိန်နှင့် တစ်ပြေးညီ မြန်မာ နိုင်ငံရဲ တပ်ဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်း မရှိသော တပ်ဖွဲ့ဝင်  များကို အရေးယူပေးရန် တိုင်ကြားလာပါက စိစစ်၍ မှန်ကန်မှုရှိပါက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရအရေး ယူဆောင် ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်  ဖွဲ့စည်းပုံ၏ ၄၇ ဒသမ၉၆ ရာခိုင်နှုန်း အင်အားသာ ရှိသော်လည်း မြို့နယ်အသီးသီးရှိ ရဲစခန်းတိုင်းတွင် ၁၉၉ခေါ်ဆိုမှုကဲ့သို့    အရေးပေါ်အကူအညီ တောင်းခံသောမှုခင်း ကိစရပ်များကို အကောင် အထည်ဖော်ဆောင်ရွက်ရန် ထုတ်နုတ်အင်အားဖြင့် စုဖွဲ့ထားသော တပ်ဖွဲ့ဝင်များမှ သတင်း ရရှိပါက  အချိန်နှင့် တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ်  အမျိုးသား လွှတ်တော် ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်မှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလပြီးသည့်အထိ     လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာကို  လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးကြသည်။

အဆိုပါ  အစီရင်ခံစာနှင့် စပ်လျဉ်း၍ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးကြီးဇော်လွင်က ဆွေးနွေးရာ၌ အစီရင် ခံစာတွင်ပါရှိသော  သုံးသပ်အကြံပြုချက် တစ်ခုဖြစ်သည့် ““တိုင်းဒေသကြီးနှင့်ပြည်နယ် အတွင်းရှိ  ရနိုင်သမျှ ရေအား၊  လေအား၊ နေအား၊  အပူစွမ်းအင်နှင့် အခြားစွမ်းအင် အရင်းအမြစ်များကိုအသုံးပြု၍  လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ပူးပေါင်းကူညီဆောင်ရွက်ရန်လိုအပ်ကြောင်း သုံးသပ် အကြံပြု ပါသည်””ဟု    ဖော်ပြထားချက်ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အစီရင်ခံစာ တွင်ထည့်သွင်းဖော်ပြ လိုက်သည်နှင့် တာဝန် ကျေသွားပြီဟုယူဆ၍မရကြောင်း၊ သက်ဆိုင်ရာက မည်သည့်နည်းလမ်းနှင့်  မည်သို့ အထောက်အကူပေး ဆောင်ရွက်ရမလဲဆို သည်ကို လေ့လာသုံးသပ်ဆောင်ရွက်နိုင်ရေးအတွကအမျိုးသားလွှတ်တော် ဥကဋ္ဌ၊ လွှတ်တော် ကိုယ် စားလှယ် များနှင့် တာဝန်ရှိသူများ သိရှိနိုင်စေရန်  ဆွေးနွေးခြင်းဖြစ်ကြောင်း။

မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်ခြင်း မရှိသော  တိုင်းဒေသကြီး  သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့် အလတ် စားနှင့် အသေးစားလျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရေးဆိုပြီး ဖော်ပြထားသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ တာဝန် ဟုဆိုပြီး  ဥပကာပြုမထားဘဲ  သက်ဆိုင်ရာဝန်ကြီးဌာနက  ပါဝင်ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ တစ်နိုင်ငံလုံး လျှပ်စစ်မီး သုံးစွဲသူ   နိုင်ငံတော်၏   ၄၅ ရာခိုင်နှုန်းမှတစ်ဆင့် ၅၀ ရာခိုင်နှုန်း လျှပ်စစ်မီးသုံးစွဲနိုင် ပြီဖြစ်ကြောင်းကို မကြာခင်ကထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစုစုပေါင်း ၅၆၅၃ မဂ္ဂါဝပ်မှာ ဒီဇယ်ဆီမှ ၁၁၇ မဂ္ဂါဝပ် ပါဝင်ကြောင်းလည်း လေ့လာသိရှိရကြောင်း။

ဥပမာအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး အနေအထားကို လေ့လာသုံးသပ်တင်ပြလိုကြောင်း၊တနင်္သာရီတိုင်း ဒေသကြီး အတွင်းတွင် အိမ်ထောင်စုပေါင်း ၂၈၃၀၉၉ ခန့်ရှိရာ ဓာတ်ငွေ့သုံးနှင့် ဒီဇယ်ဖြင့်ဓာတ်အား ဖြန့်ဖြူးပေးသည့်   အိမ်ထောင်စုပေါင်း ၁၀၈၀၇၁ ခန့်ဖြစ်၍ ၃၈ ဒသမ ၁၇ ရာခိုင်နှုန်းသာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ကြောင်း၊ ကျန် အိမ်ထောင်စု ၇၁ ဒသမ ၈၃ ရာခိုင်နှုန်းမှာ ကိုယ်ပိုင်၊ ပုဂလိကပိုင်၊ ရွာပိုင် စသည့်ကိုယ်ထူ ကိုယ်ထအစီအစဉ်ဖြင့် အသေးစား မီးစက်၊ ဆိုလာ၊ ဖယောင်းတိုင်၊ မီးခွက် စသည်တို့ကို အသုံးပြုနေရကြောင်း၊    ထားဝယ်ခရိုင် အတွင်းတွင် ဓာတ်ငွေ့ သုံးလျှပ်စစ်ဓာတ်အားကို ထားဝယ်၊ မေတာ၊ ရေဖြူ၊ ကလိန်အောင်၊ လောင်းလုံး၊ မောင်းမကန်၊ သရက်ချောင်း စသည့်အိမ်ထောင်စု  ၅၆၈၁၅ စုသည် တစ်ယူနစ်ကို၂၅၀ ကျပ်နှုန်းဖြင့်  သုံးစွဲနေရကြောင်း၊  ဓာတ်အားလိုင်းမရသည့် နေရာများတွင်  ဒီဇယ်ဆီသုံးစက်ကို အများဆုံး သုံးစွဲနေကြရကြောင်း၊ ထားဝယ်နှင့်ဆက်စပ်  နေသည့်မြို့ရွာများတွင်    ဓာတ်ငွေ့သုံး Regional Grid ရရှိ၍  တစ်ယူနစ်၂၅၀ ကျပ်နှုန်း ဖြစ်သော်လည်း  အလယ်စခန်း၊ ရာဖူး၊ ပေါက်ပင်ကွင်း၊ ထိန်ကြီး၊ သကျက် တော၊ ကျောက်နီမော်၊ ပဲဒက်၊ သဲချောင်း ကြီး၊ ထီးခီး စသည်တို့တွင် တစ်ယူနစ် ၅၀၀  ကျပ်မှ ၁၀၀၀ ကျပ်အထိ ပေးဆောင်သုံးစွဲ နေရပြီး ဒီဇယ်တစ်ဂါလန် ဈေးနှုန်းမှာလည်း ငွေကျပ်  ၄၀၀၀မှ  ၅၀၀၀အထိဖြစ်နေ ကြောင်း။

မြိတ်နှင့် ကော့သောင်း နှစ်ခရိုင်အတွင်း၌ မြိတ်၊ ပုလော၊  ပလောက်၊  မလိကျွန်း၊ တနင်္သာရီ၊   ကျွန်းစု၊  ကော့သောင်း၊ ခမောက်ကြီး၊  ဘုတ်ပြင်း၊ ပြည်ကြီးမဏ္ဍိုင်၊ ကရသူရိ စသည်တို့တွင်ရှိသည့် အိမ်ထောင်စုပေါင်း ၅၁၂၅၆ စုတို့သည်   အများပိုင်၊ ပုဂလိကပိုင် ဒီဇယ်သုံး လျှပ်စစ် ဓာတ်အားပေး စက်များဖြင့် ဒေသအလိုက် ထိုင်းဘတ်ငွေ လဲလှယ်မှုအပေါ်မူ တည်၍ လည်းကောင်း၊ဒီဇယ်ဆီဈေးအတက်အကျ အပေါ်မူတည်၍ လည်းကောင်း၊ လျှပ်စစ်ဓာတ်အားခ  တစ်ယူနစ် ဈေးနှုန်းမြင့်မားမှုကို စားဝတ်နေ ရေးအတွက် ရှာဖွေရငွေက  ခွဲဝေသုံးစွဲနေရကြောင်း၊ မြိတ်မြို့ အနီးတစ်ဝိုက်တွင် တစ်ယူနစ် ၄၂၀ ကျပ်၊ မိုးရာသီတွင် ရေအားလျှပ်စစ်ရရှိသော ကျွန်းစုမြို့တစ်ဝိုက်တွင် ၃၃၀ ကျပ်၊ ကျွန်းစုမြို့နယ်အတွင်း   ကျေးရွာအုပ်စု အချို့တွင် ဓာတ်အားခတစ်ယူနစ် ၆၀၀ ကျပ်မှ ၈၅၀ ကျပ်အထိ၊  ပုလောနှင့်ပလတွင်၄၁၅ ကျပ်၊ တနင်္သာရီနှင့် တမုတ်ချုံးတွင် ၄၆၀ ကျပ်၊ ညောင်ပင်ကွင်း၊ တကူ၊ သာရဘွင်၊ မောတောင်တို့တွင် ၅၂၅ ကျပ်မှ ၅၅၀ ကျပ် တို့ဖြစ်နေပြီး မြိတ်မြို့တွင် ဒီဇယ်တစ်ဂါလန် ၃၈၀၀ ကျပ်နှင့်  ကျန်နေရာများတွင်  ၄၀၀၀ ကျပ်မှ ၄၃၀၀ ကျပ်ဖြစ်ကြောင်း၊  လျှပ်စစ် ဓာတ်အားတစ်ယူနစ်ကို ကော့သောင်းမြို့ အချို့နေရာတွင် ၄၅၀ ကျပ်၊ အချို့နေရာတွင် ၁၁ ဘတ်၊   ပုလုံးတုံးလုံးတွင် ၁၈ ဘတ်၊ ခမောက်ကြီး၊ မလိဝမ်း၊ ဘန်းကချွန်တို့တွင် အချို့ ၄၅၀ ကျပ်၊ ၅၅၀ ကျပ်၊ ပါချန်မြစ်ဘေး ကလုံးဖော၊ ဆိတ်ဖူး၊ မာရမ်းတွင် တစ်ယူနစ် ၂၅ ဘတ်(၁၂၅၀ ကျပ်)၊ ဒီဇယ်တစ်လီတာ ၁၆ ဘတ်၊ တစ်ဂါလန် ၃၇၀၀ ကျပ်ခန့်ဖြစ် ပြီး အောင်ဘာနှင့်မကြုံဂလတ်တွင်၂၀ ဘတ် နှင့်၂၅ ဘတ်၊ ဘုတ်ပြင်းတွင်  ၄၅၀  ကျပ်၊ ပြည်ကြီးမဏ္ဍိုင်နှင့်  လေညာတွင် ၅၅၀ ကျပ်၊ အလယ်မာန်နှင့်ရွှေဂဲညိုတို့တွင် ၆၀၀ ကျပ် ဖြစ်ပြီး  ဒီဇယ်ဆီတစ်ဂါလန် ၄၅၀၀ ကျပ်မှ ၅၂၀၀ ကျပ်အထိဖြစ်နေကြောင်း၊  မဖော်ပြ နိုင်သေးသည့်ကျေးရွာများ အများကြီးရှိနေသေးကြောင်း၊ ဓာတ်အား တစ်ယူနစ် ဈေးနှုန်း သည် လျော့နည်းမှုမရှိကြောင်း။

မဟာဓာတ်အားလိုင်း ရရှိသည့်ဒေသများက တစ်ယူနစ် ၃၅ ကျပ်ဖြင့် ယှဉ်လိုက်ပါကအများကြီးကွာခြားနေကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးကဲ့သို့ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များတွင်ရှိသော မြို့၊ ရွာအများ အပြားတွင်လည်း ဤကဲ့သို့ ဖြစ်နေမည်မှာ ဧကန်မလွဲဖြစ်ကြောင်း၊   တိုင်းဒေသကြီး၊ ပြည်နယ်များရှိ   မြို့ကြီးများတွင်ဖြစ်နေ သည့်  ဒီဇယ်ဆီ ဈေးနှုန်းများမှာ ကလေးမြို့၌ တစ်ဂါလန် ၅၂၀၀ ကျပ်၊ ကျိုင်းတုံ၌ တစ်ဂါလန်  ၄၉၉၅  ကျပ်၊  မော်လမြိုင်၌ တစ်ဂါလန် ၄၅၉၀ ကျပ်၊ မုံရွာ၌ တစ်ဂါလန် ၄၂၀၀ ကျပ်၊ ရန်ကုန်၌ တစ်ဂါလန် ၄၄၁၀ ကျပ်အထိဖြစ်ပေါ်နေကြောင်း၊ ဒီဇယ်ဆီသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနေသူ များ၏ရင်းနှီးမြှုပ်နှံမှုကို ရှယ်ယာထည့်ဝင်ပေးခြင်း၊    မတည်ငွေ ထည့်ဝင် ပေးခြင်း၊ အတိုးနှုန်းသက်သာစွာ  ငွေချေးပေးခြင်း၊ စက်သုံးဆီဈေးနှုန်းကျဆင်းအောင် စက်သုံး ဆီ တင်သွင်းမှု သတ်မှတ်ချက်နှင့် အခွန်နှုန်း ထားကိုဖြေလျှော့ပေးခြင်း စသည့်လုပ်ငန်းများသည် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ များမှ ဆောင်ရွက်ပေးနိုင်သည့်လုပ်ငန်းများ  မဟုတ်သည့်အတွက်  ပြည်ထောင်စုအစိုးရ နှင့်ဝန်ကြီးဌာနများမှ လေ့လာ သုံးသပ်ပံ့ပိုး ဖြေရှင်းကူညီခြင်းဖြင့် လျှပ်စစ်ဓာတ်အားတစ်ယူနစ်ဈေးနှုန်း   လျှော့ချနိုင်မည်ဖြစ် ကြောင်း။

မဟာဓာတ်အားလိုင်း   နိုင်ငံတစ်ဝန်း မရောက်ခင်  အခြားစွမ်းအင် အရင်းအမြစ်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် အသုံး မပြုနိုင်မီ  ပြည်ထောင်စု အစိုးရမှ   လိုအပ်သည်များ ပံ့ပိုးဖြေရှင်း ကူညီပေးရန်  လိုအပ် မည်ဖြစ်ကြောင်း၊   မိမိတို့ အားလုံးသည် ထိုးထွင်းကြံဆလုပ်ဆောင်တတ်မှုနှင့်တီထွင် လုပ်ကိုင် ဆောင်ရွက်တတ်မှု ရှိရမည်ဖြစ် ကြောင်း၊ လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်ပေး နေသူများနှင့် အနစ်နာခံသုံးစွဲပေးနေသော ပြည်သူလူထုအားလုံးကိုလည်း အထူး ကျေးဇူး တင်ရှိ နေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မတီ၏ အစီရင်ခံစာပါ သုံးသပ်အကြံပြု တင်ပြချက်အား ပြည်သူ လူထု အကျိုး အတွက် လေ့လာသုံးသပ်  ဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးတင်ပြသည်။

ဒုတိယအကြိမ်  အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက်  ပုံမှန် အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၂ ရက် တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်လင်းဦး (မြ၀တီ)    

Read 131 times Last modified on Wednesday, 11 December 2019 08:33