SJ WorldNews - шаблон joomla Авто

ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ AFC/ACL ပြိုင်ပွဲ ခြေစစ်ပွဲနှင့် အုပ်စုပွဲစဉ်များထွက်ပေါ်

Wednesday, 11 December 2019 09:21 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

AFC/ACL  အုပ်စု မဲခွဲပွဲအခမ်းအနား ကို ဒီဇင်ဘာ ၁ဝ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ကျင်းပရာ  ရန်ကုန်ယူ နိုက်တက်အသင်းနှင့်  ရှမ်းယူနိုက်တက်အသင်းတို့မှ တာဝန်ရှိသူများတက်ရောက်ပြီး  ရန်ကုန်ယူနိုက်တက် အသင်းသည် အုပ်စု (F) တွင်ဟိုချီမင်းစီးတီး(ဗီယက်နမ်)၊ ဟိုဂန်ယူနိုက်တက် (စင်ကာပူ)၊ လာအို တိုယိုတာ  (လာအို) အသင်းတို့ ပါ သည့် အုပ်စုကို ခြေစစ်ပွဲအောင်ခဲ့လျှင် ပါဝင်ယှဉ်ပြိုင် နိုင်မည်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup ပြိုင်ပွဲကို ခြေစစ်ပွဲမှ စတင်ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး ခြေစစ်ပွဲတွင် ဘရူနိုင်း ကလပ် အင်ဒရာအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ အနိုင်ရရှိသည့် အသင်းသည် အုပ်စုအဆင့်သို့ တက်လှမ်း နိုင်မည်ဖြစ်သည်။

ရန်ကုန် ယူနိုက်တက် အသင်းသည် AFC Cup ပြိုင်ပွဲကို ခုနစ်ကြိမ်မြောက် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး  ဇုန်အကြို ဗိုလ်လုပွဲ အဆင့်ထိ အမြင့်ဆုံး တက်ရောက်နိုင်သည့် အသင်းလည်းဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ၂ဝ၁၉ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု (H) တွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက် အသင်းသည် အုပ်စုပြိုင်ဘက်များအဖြစ်  စင်ကာပူကလပ် Tampines Rovers FC သို့မဟုတ် Geylang International FC၊ ဖိလစ်ပိုင်အသင်း aya FC – Iloilo FC   အင်ဒိုနီးရှားကလပ်   PSM Mak Assar သို့မဟုတ် တီမော ကလပ်  Lalenok United FC အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည်  ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၁၄ ရက်တွင် အာရှ ချန်ပီယံလိဂ်  (ACL)ပြိုင်ပွဲ  ခြေစစ်ပွဲ ပထမ အဆင့် (ACL Preliminary Stage)  ပြိုင်ပွဲကို   ဖိလစ်ပိုင်ကလပ်   ဆီးရက်စ် အသင်းနှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်ကာ ACL ခြေစစ်ပွဲကို အောင်မြင်ပါက ACL  အုပ်စုအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်ကာ ခြေစစ်ပွဲမအောင်မြင်ခဲ့ပါက AFC Cup ပြိုင်ပွဲကို အုပ်စု (H) တွင် ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အင်ဒိုနီးရှားရှုံးထွက် ချန်ပီယံ  PSM Mak Assar အသင်းနှင့် တီမောပရီးမီးယား လိဂ်ချန်ပီယံ Lalenok United  FC အသင်း တို့သည် AFC Cup အုပ်စုအဆင့် အတွက် ခြေစစ်ပွဲယှဉ်ပြိုင် ကစား ရမည်ဖြစ်ပြီး တို့အသင်း နှစ်သင်းထဲမှ  အနိုင်ရရှိသည့် အသင်းက အုပ်စု (H) ကို ဝင်ရောက်ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း သိရသည်။ 

TZW

Read 130 times Last modified on Wednesday, 11 December 2019 09:23