SJ WorldNews - шаблон joomla Авто

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က (၂ဝ)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ် ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ဂုဏ်ပြု သဝဏ်လွှာပေးပို့

Thursday, 12 December 2019 09:01 font size decrease font size decrease font size increase font size increase font size

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က (၂ဝ)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံနှင့်  နှီးနှောဖလှယ် ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ဂုဏ်ပြု သဝဏ်လွှာပေးပို့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊  

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၂ဝ)ကြိမ်မြောက်

မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့်နှီးနှောဖလှယ်ပွဲ

ဖွင့်ပွဲအခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

(၂ဝ၁၉ ခုနှစ်၊  ဒီဇင်ဘာလ  ၁၂  ရက်)

ယနေ့ကျင်းပသည့် (၂ဝ)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော် များညီလာခံနှင့် နှီးနှောဖလှယ်ပွဲသို့ တက်ရောက် လာကြသည့် မြန်မာ နိုင်ငံတစ်ဝန်းလုံးမှ မြန်မာ့တိုင်းရင်းဆေး သမားတော်ကြီးများနှင့် တိုင်းရင်းဆေးပညာရှင်များ အပေါင်း တို့အား ဝမ်းမြောက် ဂုဏ်ယူစွာ နှုတ်ခွန်း ဆက်သပါကြောင်းနှင့် ကိုယ်စိတ်နှစ်ပါး ကြည်သာချမ်းမြေ့ကြပါစေ ကြောင်း လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်း၍ မေတ္တာပို့သ အပ်ပါသည်။

မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက် အမျိုးသား ယဉ်ကျေးမှုအမွေ အနှစ်အဖြစ် ခိုင်ခံ့စွာဖြစ်ထွန်းတည်တံ့ခဲ့သော မြန်မာ့ တိုင်းရင်းဆေး လောကဘက်စုံအဆင့်အတန်းမြင့်မားရေးနှင့် မြန်မာ့တိုင်းရင်းဆေးပညာ အရည်အသွေးဖွံ့ဖြိုး တိုးတက်မှု ပိုမို ရရှိစေရေး၊ မြန်မာ့ တိုင်းရင်းဆေး ပညာရှင်တို့၏အရည်အချင်းနှင့် ကျင့်ဝတ်ဂုဏ်သိက္ခာ မြင့်မားလာစေရေး၊ တိုင်းရင်း ဆေးပညာဖွံ့ဖြိုးတိုးတက်ရန် ပြည်တွင်းပြည်ပရှိ ဆက်စပ်နှီးနွှယ်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် စေရေး၊  တိုင်းရင်းဆေးဝါးကုန်ကြမ်းများ ပည်တွင်း၌ ဖူလုံစွာရရှိစေရန်အတွက် တိုင်းရင်းဆေးပညာ ဦးစီးဌာန၏ ပရဆေး ဥယျာဉ်များအပြင် ပုဂ္ဂလိက လုပ်ငန်းရှင်များကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရေး ဟူသည့် မှန်ကန် ကောင်းမွန် သော ရည်ရွယ်ချက်များဖြင့်ကျင်းပသည့် ယခုညီလာခံကြီးတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ မြန်မာ့တိုင်း ရင်း ဆေးသမား တော်ကြီးများ  တွေ့ဆုံညှိနှိုင်း ဆွေးနွေးဖလှယ်ကြခြင်းဖြင့် အကျိုးဖြစ်ထွန်းစေ မည့်ရလဒ်များ ထွက်ပေါ်လာလိမ့်မည်ဟု ယုံကြည် ပါသည်။          

မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုး တိုးတက်စေ ရေးအတွက် နိုင်ငံတော်က အထူးအားပေး ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၅) ရက်တွင် မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ ဤဥပဒေအရ ပေါ်ပေါက် လာမည့် တိုင်းရင်းဆေးကောင်စီသည် မြန်မာ့တိုင်းရင်းဆေးလောက တိုးတက်ဖွံ့ဖြိုးစေရေးကို အထူး အလေးထား ဆောင်ရွက်သွားမည်ဟု မျှော်လင့်ပါသည်။

မန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် နိုင်ငံတော်က အထူးအားပေးဆောင်ရွက်လျက်ရှိရာ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက်တွင်   မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ ဤဥပဒေအရ ပေါ်ပေါက်လာမည့် တိုင်းရင်းဆေးကောင်စီသညမြန်မာ့တိုင်း ရင်းဆေးလောက တိုးတက် ဖွံ့ဖြိုးစေရေးကို အထူး အလေးထား ဆောင်ရွက်သွားမည်ဟု မျှော်လင့်ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊  တိုင်းရင်းဆေးပညာဦးစီးဌာန၊  တိုင်းရင်းဆေး ကောင်စီ၊    တိုင်းရင်းဆေး ပညာရပ် ဆိုင်ရာ  အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ အသင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ် သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းတို့၏ ပူးပေါင်းပါဝင်ကူညီမှုဖြင့် မြန်မာနိုင်ငံမှ တိုင်းရင်းဆေးမှတ်တိုင်များ စာအုပ်ကို ၂ဝ၁၉  ခုနှစ်၊ သြဂုတ်လတွင်  ထုတ်ဝေနိုင်ခဲ့ကြောင်း သိရှိရသည့်အတွက် ဝမ်းမြောက်မိပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့တိုင်းရင်း ဆေးပညာအဆင့်အတန်းမြှင့်တင်ရေးနှင့် တိုင်းရင်းဆေးပညာဖြင့် ပြည်သူ လူထုအား ကျန်းမာ ရေးစောင့်ရှောက်မှုတိုးမြှင့်လွှမ်းခြုံပေးနိုင်ရေး တို့ကို   အမျိုးသား ကျန်းမာရေး ဆိုင်ရာမူဝါဒ တစ်ရပ် အဖြစ် ထည့်သွင်းသတ်မှတ်ဆောင်ရွက် လျက်ရှိပါသည်။ မြန်မာ့ တိုင်းရင်းဆေးပညာ၏ သမိုင်းအစဉ်အလာ ကောင်းများ နှင့် အညီ ပဏာမကျန်းမာရေး စောင့်ရှောက်မှုပေးသည့် လုပ်ငန်းများအား  ကျေးလက်နှင့် မြို့ပြများပါမကျန် ဆောင်ရွက် လျက်ရှိပါသည်။   အထူးသဖြင့် တိုင်းရင်းဆေးပညာဖြင့် ရောဂါကာကွယ် ရေးလုပ်ငန်းများကို  ဦးစားပေးဆောင်ရွက်နေ ကြောင်း သိရှိရသည့် အတွက် ကျေနပ် အားရမိပါသည်။

မြန်မာ့ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်စေရန် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက် ရေးသည် အရေးကြီး သည့်ကဏ္ဍတစ်ခုဖြစ်သောကြောင့် အရည်အသွေး ပြည့်ဝသော မျိုးဆက်သစ်တိုင်းရင်းဆေးပညာ ရှင်များကို ပြည်တွင်းပြည်ပ သင်တန်းများ၊ အလုပ် ရုံဆွေးနွေးပွဲများသို့ ပိုမိုစေလွှတ်လျက်ရှိကြောင်း လည်း ကြားသိရ ပါသည်။

မြန်မာ့ တိုင်းရင်းဆေးပညာ၏ နယကြီး(၄)ပါး ဖြစ်သည့် ဒေသနာနယ၊ ဘေသဇ္ဇနယ၊ ဝိဇ္ဇာဓရနယ၊   နက္ခတ္တနယတို့ကို အခြေခံ ထားသည့်  အနှစ်သာရပြည့်ဝသော တိုင်းရင်းဆေးပညာ သဘောတရားများနှင့် လူတို့ ဖန်တီးအပ်သော နည်းပညာ များကို မမှီခိုဘဲ ပေါက်ရောက်နေသည့် သဘာဝ အရင်းအမြစ်ပရ ဆေးပင်များ၏ ပင်ကို အစွမ်းထက်သည့်   အာနိသင် တို့အား ခေတ်မီနည်းပညာများနှင့် စံချိန်စံညွှန်းများ ဖော်ထုတ်ကာ နိုင်ငံတကာသို့ ထိုးဖောက်နိုင်ရေး အတွက် ဝိုင်းဝန်းအားထုတ်ကြရန် လိုအပ်ပါ သည်။

နိုင်ငံတော်အစိုးရ အနေဖြင့် ငြိမ်းချမ်းသာယာ ဝပြောသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ကြီးတည်ဆောက်ရန် ကြိုးပမ်း လျက်ရှိရာ ပြည်သူပြည်သားများ၏ ကျန်းမာရေးကို စောင့်ရှောက် မှုပေးရာတွင် အနောက်တိုင်း ဆေးပညာ ရှင်များ နှင့်အတူ မြန်မာ့ တိုင်းရင်း ဆေးသမားတော်များကလည်း   ပူးပေါင်းပါဝင် ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်နေကြောင်း   သိရပါသည်။

ယခုကျင်းပလျက်ရှိသော (၂ဝ)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံနှင့် နှီးနှော ဖလှယ်ပွဲကြီးတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေးကောင်စီ၊  တိုင်းရင်း ဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း၊ မြန်မာ နိုင်ငံတိုင်းရင်း ဆေးဝါး ထုတ်လုပ်သူများနှင့် ဆေပစ္စည်း လုပ်ငန်းရှင်များအသင်း၊ နိုင်ငံတစ်နံ တစ်လျားမှ တိုင်းရင်းဆေး ပညာရှင်များ တွေ့ဆုံ ကြုံခိုက်တွင် ချစ်ခင်ရင်းနှီးစွာဖြင့် မြန်မာ့တိုင်းရင်း ဆေးဖွံ့ဖြိုးတိုးတက်မှုအရှိန်ကိုမြှင့်တင်၍ ပြည်သူ လူထု၏ ကျန်းမာ ရေးအား ပိုမိုတိုးမြှင့်စောင့်ရှောက် ပေးနိုင်ကြစေရေးအတွက် တစ်တပ်တစ်အား  ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုရင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။

ကျန်းမာရေးနှင့်   အားကစားဝန်ကြီးဌာန၊  

တိုင်းရင်းဆေးပညာ ဦးစီးဌာန၊  တိုင်းရင်းဆေး ပညာဦးစီးဌာန

Read 123 times Last modified on Thursday, 12 December 2019 09:07