SJ WorldNews - шаблон joomla Авто

အိနိ္ဒယတပ်မတော်(ကြည်း၊ ရေ၊ လေ)မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

Sunday, 15 December 2019 09:45 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဒီဇင်ဘာ ၁၄

မြန်မာ့တပ်မတော်နှင့် အိနိ္ဒယတပ်မတော်နှစ်ရပ်အကြား အပြန်အလှန်ခင်မင်ယုံကြည်မှု ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာစေရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ လေ့လာရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ရန်အတွက် အိနိ္ဒယ တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိများနှင့်ဇနီးများ ပါဝင်သော အိနိ္ဒယတပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လေဆိပ်သို့ရောက်ရှိရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိနိ္ဒယနိုင်ငံစစ်သံမှူး Colonel Ketan Mohite တို့က လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် သူရဲကောင်း ဗိမာန်(နေပြည်တော်)သို့ သွားရောက်လေ့လာ၍ ပန်းခွေချ အလေးပြုကြပြီး ဥပ္ပါတသနိ္တစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကာ အလှူငွေများ ပေးအပ်လှူဒါန်းပြီး ဆင်ဖြူတော်များအားကြည့်ရှုခဲ့ကြသည်။

အဆိုပါချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် အိနိ္ဒယတပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိများနှင့် ဇနီးများအပါအ၀င် အင်အား ၁၅၄ ဦးလိုက်ပါလာပြီး နေပြည်တော်ရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများအား ဒီဇင်ဘာ ၁၆ ရက်အထိ လေ့လာလည်ပတ်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 97 times Last modified on Sunday, 15 December 2019 09:49