SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ပြန်လည်ရောက်ရှိ

Sunday, 15 December 2019 09:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဒီဇင်ဘာ ၁၄

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲက နယ်သာလန်နိုင်ငံမှ လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့် အဖွဲ့အား ဘယ်လ်ဂျီယံနိုင်ငံနှင့် နယ်သာလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်နှင့်ဇနီး၊ မြန်မာသံရုံးဝန်ထမ်းများ၊ နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန် ရှိသူများက အမ်စတာဒန်မြို့ရှိ Schiphol အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့် အဖွဲ့သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၅၀ တွင် ရောက်ရှိကြရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့်ဇနီး၊ စစ်သံမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးချုပ် ခင်ဇော်နှင့် မြန်မာသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့်အဖွဲ့သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှ အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာကြရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့် အဖွဲ့အား ပြည်ထောင်စု ၀န်ကြီး ဦးမင်းသူနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး Mr.Wouter Jurgens နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဦးကျော်တင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဥပဒေအကြံပေး အဖွဲ့ဝင်များလည်း ပြန်လည်လိုက်ပါလာကြကြောင်း သိရသည်။

 

Read 106 times Last modified on Sunday, 15 December 2019 09:54