SJ WorldNews - шаблон joomla Авто

မြန်မာ့တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိနိ္ဒယနိုင်ငံသို့ ထွက်ခွာ

Sunday, 15 December 2019 09:56 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဒီဇင်ဘာ ၁၄

 

မြန်မာ့တပ်မတော်နှင့် အိနိ္ဒယတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန်၊ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ လေ့လာရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ရန်အတွက် မြန်မာ့တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊စစ်သည်များနှင့် ဇနီးများပါဝင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အိနိ္ဒယနိုင်ငံသို့ လေကြောင်းခရီးဖြင့်ထွက်ခွာရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိနိ္ဒယနိုင်ငံစစ်သံမှူး Colonel Ketan Mohite တို့က လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါမြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် တပ်မတော် (ကြည်း၊ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များနှင့်ဇနီးများအပါအ၀င် စုစုပေါင်းအင်အား ၁၆၀ ဦးလိုက်ပါသွားပြီး အိနိ္ဒယနိုင်ငံ၊ ဂါယာမြို့ရှိ အထင်ကရနေရာများ၊ သင်တန်းကျောင်း များ၊ စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်း များသို့ ဒီဇင်ဘာ ၁၆ ရက်အထိ လေ့လာလည်ပတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Read 124 times Last modified on Sunday, 15 December 2019 10:02