SJ WorldNews - шаблон joomla Авто

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၇၂)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းများအားကြည့်ရှု

Sunday, 15 December 2019 21:00 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဒီဇင်ဘာ -၁၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ လိုက်ပါပြီး ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင် လေတပ်စခန်းဌာနချုပ်၌ ပြသထားသည့် (၇၂)နှစ်မြောက်တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းများအား ကြည့်ရှုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် (၇၂)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းနှင့် အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြ သူများနှင့်အတူ (၇၂)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ်ပြခန်းအတွင်း ပြသထားသည့် လေကြောင်းသမိုင်း မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ) သမိုင်းမှတ်တမ်း ဓာတ်ပုံများ၊ တပ်မတော်(လေ)၏ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ) အမျိုးသား၊ အမျိုးသမီးများ လေ့ကျင့်မှု မှတ်တမ်းဓာတ်ပုံများ၊ လေကြောင်းလူငယ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ) စက်မှုလက်မှု အရာရှိ၊ စစ်သည်၊ အစားခန့်များအား လေ့ကျင့်ပျိုးထောင်မှု မှတ်တမ်းဓာတ်ပုံများ လေယာဉ်ပုံစံငယ်များနှင့်  လေသူရဲ အသုံးအဆောင် ပစ္စည်းများအား လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် (၇၂)နှစ် မြောက် တပ်မတော် (လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် မှတ်တမ်းတင်လက်မှတ်ရေးထိုးကြပြီးနောက် လေတပ်စခန်း ဌာနချုပ်များ၏ အမှတ်တရပစ္စည်းအရောင်း ဆိုင်နှင့် မြန်မာ့ရိုးရာစားသောက်ဖွယ်ရာ အရောင်းဆိုင်၊ စာအုပ်အရောင်းဆိုင်နှင့် တပ်မတော်မှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များအား ဆက်လက်ကြည့်ရှုခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့ညပိုင်းတွင် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၊ သူရအုန်းခိုင်ခန်းမ၌ ပြုလုပ်သည့်  (၇၂)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ်ပဒေသာကပွဲသို့ တက်ရောက်၍ တပ်မတော်(လေ) တေးဂီတအဖွဲ့နှင့် တပ်မတော်(လေ)မိသားစုဝင်များ၏ တေးသီချင်းများနှင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေမှုများကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Read 130 times Last modified on Sunday, 15 December 2019 21:04