SJ WorldNews - шаблон joomla Авто

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့မှ စစ်ရေယာဉ်နှစ်စင်းချစ်ကြည်ရေးခရီးရောက်ရှိ

Tuesday, 14 January 2020 08:02 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၁၃

အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့မှ ကမ်းလွန် ကင်းလှည့်ရေယာဉ်  ICGS  Sujay နှင့် အမြန်သွား ကင်းလှည့် ရေယာဉ် ICGS Sarojini Naidu တို့သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သို့  ချစ်ကြည်ရေး ခရီး လည်ပတ်ရန် အတွက် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ  သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံရေတပ် စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်များအား  အဖွဲ့ ခေါင်းဆောင် အဖြစ် ဗိုလ်မှူးချုပ်အဆင့်ရှိ Deputy Inspector General Anurag Kaushik ဦးဆောင်၍ အရာရှိ၊ စစ်သည်၊ စုစုပေါင်း ၁၅၃ ဦးလိုက်ပါလာပြီး ဇန်နဝါရီ ၁၆ရက်အထိ လေးရက်ကြာ နေထိုင်၍ ရန်ကုန်မြို့ရှိ အထင်ကရ နေရာများသို့ လေ့လာ လည်ပတ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 45 times Last modified on Tuesday, 14 January 2020 10:53