SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘောဒီးယား သံအမတ်ကြီး မစ္စတာ ချခ်ဘွန်နာအား လက်ခံတွေ့ဆုံ

Wednesday, 15 January 2020 08:19 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၁၄

နိုင်ငံတော်၏  အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီး မစ္စတာ ချခ်ဘွန်နာအား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်   မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား အဆင့်မြင့်  ခရီးစဉ်များမှ တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံ သံတမန်အဆက်အသွယ် တည်ထောင်မှု (၆၅)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရေး၊ နှစ်နိုင်ငံအကြားနှင့် ဒေသတွင်းခရီး သွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ အပါအ၀င် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။    

 (သတင်းစဉ်)

Read 24 times Last modified on Wednesday, 15 January 2020 08:19