SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ၏ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအား အကောင်အထည်ဖော်ရေး ဆွေးနွေး

Wednesday, 15 January 2020 08:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၁၄

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ စေ့စပ်ညှိနှိုင်းသူများ၏ အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ၏ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအား အကောင်အထည်ဖော်ရေး၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအား ကြီးလေးသော ကျူးလွန်မှုများအပေါ် တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စများနှင့် ထိခိုက်ခံရသည့် ကလေးသူငယ်များအား ၎င်းတို့၏ သက်ဆိုင်ရာ အသိုက်အ၀န်းများသို့ ပြန်လည်ပေါင်းစည်းရေး ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

Read 48 times Last modified on Wednesday, 15 January 2020 08:28