SJ WorldNews - шаблон joomla Авто

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် လေရှီးမြို့နှင့် လဟယ်မြို့တို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မျိုးနွယ်စု အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်း အဖွဲ့များနှင့်တွေ့ဆုံ

Wednesday, 15 January 2020 08:46 font size decrease font size decrease font size increase font size increase font size

လဟယ်  ဇန်နဝါရီ  ၁၄

နိုင်ငံတော် သမ္မတ  ဦးဝင်းမြင့်သည် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်  ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာ မြင့်ထွေး၊  ဦးဟန်ဇော်၊ နိုင်သက်လွင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး  အောင်ဝင်းဦး၊ တာဝန် ရှိသူများ နှင့်အတူ  ယနေ့နံနက် ၇ နာရီခွဲတွင် တပ်မတော် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာရာ စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့သို့ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နိုင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊  ဟုမ္မလင်းမြို့နယ်  ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဟုမ္မလင်း လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ထိုမှတစ်ဆင့်   နိုင်ငံတော် သမ္မတနှင့် အဖွဲ့သည် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊  တာဝန်ရှိသူများနှင့်အတူ တပ်မတော် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြပြီး လေရှီးမြို့သို့ ရောက်ရှိကြရာ လွှတ်တော်ကိုယ်စား လှယ်များ၊ မျိုးနွယ်စု အကြီးအကဲများနှင့် ဒေသခံ တိုင်းရင်းသားများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် လေရှီးမြို့ တောင်ဇလပ်ရိပ်သာ၌ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင် ရာများမှ တာဝန်ရှိသူများ၊ မျိုးနွယ်စု အကြီးအကဲများ၊ မြို့မိမြို့ဖများ၊လူမှုရေးအသင်း အဖွဲ့များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိအနေဖြင့်၂ဝ၂ဝ ပြည့်နှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို တက်ရောက်ရန် လာရောက်စဉ်  လေရှီးမြို့သို့ဝင်ရောက်ပြီး   လွှတ်တော် ကိုယ်စားလှယ်များ၊  ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊  မျိုးနွယ်စု အကြီးအကဲများ၊ မြို့မိမြို့ဖများ၊လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံခွင့်ရသည့်အတွက် အလွန် ဝမ်းမြောက် ကြောင်း။

လေရှီးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်ရာတွင် လေရှီးမြို့ရှိ လွှတ်တော်ကိုယ် စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် တက်ညီလက်ညီ မိမိတို့ နှင့်အတူ ပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း။

ဤဒေသတွင် တာဝန်ကျသည့် ဝန်ထမ်း များအနေဖြင့် ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာ တွင် စေတနာ ပါပါဖြင့် မေတ္တာထားပြီး မိမိတာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ဒေသခံ တိုင်းရင်းသားများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ အချင်းချင်း တိုင်ပင်ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် လေရှီးမြို့ မြို့မိမြို့ဖ ဦးချစ်ညို က လေရှီးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြရာ နိုင်ငံတော် သမ္မတက နိုင်ငံတော်၏ရသုံးမှန်းခြေငွေစာရင်း နှင့် လုပ်ငန်းဦးစားပေးအစီအစဉ်များအရ  ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း၊

ဒေသ၏ လိုအပ်ချက်များကို လုပ်ထုံးလုပ် နည်းနှင့်အညီ  တိုင်းဒေသကြီးအစိုးရမှ တစ်ဆင့်တင်ပြသွားရန်  လိုအပ် ကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူ များနှင့်အတူ  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။

ယင်းနောက် နိုင်ငံတော် သမ္မတနှင့်အဖွဲ့သည်  တပ်မတော် ရဟတ်ယာဉ်များဖြင့် လေရှီးမြို့မှ ထွက်ခွာပြီး    လဟယ် မြို့သို့ ရောက်ရှိကြရာ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မျိုးနွယ်စု အကြီးအကဲများနှင့် ဒေသခံတိုင်းရင်းသားများက ကြိုဆိုနှုတ်ဆက်ကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတသည် လဟယ်မြို့ မာလာတောင်ခန်းမ၌ လွှတ်တော် ကိုယ်စားလှယ်များ၊  ဌာနဆိုင် ရာများမှ တာဝန်ရှိသူများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိ အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို တက်ရောက်ရန်  လဟယ်သို့  လာရောက်စဉ်တွင်ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှတာဝန် ရှိသူများ၊  မျိုးနွယ်စု အကြီးအကဲများ၊ တိုင်း ရင်းသားညီအစ်ကို မောင်နှမများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်း အဖွဲ့များနှင့် တွေ့ဆုံ ခွင့်ရသည့်အတွက်   အလွန်ဝမ်းမြောက်ကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသများနှင့်   ဝေးလံခေါင်သီသည့်  နယ်စပ်ဒေသများအားလုံး ဖွံ့ဖြိုးတိုးတက်မှု အကြားအလပ် မရှိအောင် မူဝါဒချမှတ်ပြီး  ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ဖြင့် ဖွဲ့စည်း ထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖြစ်ကြောင်း၊ မိမိတို့တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးသည်  တစ်မြေတည်းနေ၊   တစ်ရေတည်းသောက်၊ တစ်ခရီးတည်းသွားကြသူများဖြစ်ကြောင်း၊ ဘိုးစဉ်ဘောင် ဆက် ရှေးနှစ်ပေါင်းများစွာက တည်းက ချစ်ကြည်ရင်းနှီးစွာ သွေးရင်းသားရင်းများကဲ့သို့ အတူနေထိုင်ခဲ့ကြသူများဖြစ်

ကြောင်း၊ မိမိတို့အနေဖြင့်လည်း တိုင်းရင်းသား အရေးနှင့်ပတ်သက်လျှင် တိုင်းရင်းသား များ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရှေးထုံးတမ်းအစဉ်အလာများကို ဖွံ့ဖြိုးတိုးတက်စေရန်၊ မြှင့်တင်နိုင်ရန်နှင့် ကာကွယ် ထိန်းသိမ်းနိုင်ရန် အပြင် တည်တံ့ ခိုင်မြဲစေရေးအတွက်  ပြုစုပျိုးထောင်နိုင်အောင် အားပေးမြှင့်တင်လျက်ရှိကြောင်း။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း အားလုံးတည်ငြိမ်အေးချမ်းရန် လိုအပ်ကြောင်း၊ တည်ငြိမ်အေးချမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိမှ ဖွံ့ဖြိုးတိုးတက် မှုသည် ထိရောက်မည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှု မရှိသည့် နေရာ တွင် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသော်လည်း  ရာနှုန်းပြည့် အကျိုးခံစားခွင့်၊ အကျိုးသက်ရောက်မှု မရရှိနိုင်ကြောင်း။

တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ရာတွင် အစိုးရတစ်ခုတည်း လုပ်ဆောင်၍ မရကြောင်း၊ အားလုံး တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊  အထူးသဖြင့် အုပ်ချုပ်ရေးပိုင်းတွင်   တာဝန်ယူ ထားကြသည့်  တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဥပဒေပြု ရေးမှ လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် အဆင့်ဆင့်သော  ဝန်ထမ်းများ၊ တရားစီရင်ရေးတွင် တာဝန်ယူထားသည့်

ပုဂ္ဂိုလ်များအပါအဝင် တရားရေး ဝန်ထမ်းများ အားလုံးက စိတ်စေတနာထက်သန်စွာ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

မိမိတို့ ရည်မှန်းထားသည့်၊ လိုချင်သည့် အုပ်ချုပ်ရေးပုံစံမှာ နိုင်ငံသူနိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံးကို  လွတ်လပ်မှုနှင့် လုံခြုံမှုပေးသည့် အုပ်ချုပ်ရေးမျိုးဖြစ်ကြောင်း၊ တစ်နည်းအားဖြင့်ပြောရလျှင် တရားဥပဒေ စိုးမိုးရေးကို   အထောက် အကူပြုသည့် အုပ်ချုပ်ရေးမျိုး ဖြစ်စေလိုကြောင်း၊ ထို့အတူ နိုင်ငံသူနိုင်ငံသားများ၏ မူလအခွင့်အရေး၊ တိုင်းရင်းသားများ၏ မွေးရာပါ အခွင့်အရေးကို  ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့်  အုပ်ချုပ်ရေးမျိုးဖြစ်စေ လိုကြောင်း။

အုပ်ချုပ်ရေးအပိုင်းတွင် တရားမျှတမှု ရှိရန် လိုအပ်ကြောင်း၊ တရားမျှတမှုမရှိပါက  တည်ငြိမ်မှုသည်လည်း မရှိနိုင် ကြောင်း၊ တရားမျှတမှုသည် အားလုံးနှင့် သက်ဆိုင်ပြီး နိုင်ငံသူနိုင်ငံသားအားလုံး၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံးရသင့်ရထိုက်သည့် အခွင့်အရေးဖြစ်သည့်အပြင် ဒီမိုကရေစီတည်ဆောက် ရေးအတွက်လည်း အခြေခံ ကျကြောင်း။

ဥပဒေပြုရေးမဏ္ဍိုင်တွင် တာဝန်ယူကြသည့် သူများအနေဖြင့်လည်း ဥပဒေပြုရာတွင် မိမိတို့နိုင်ငံ၊ မိမိတို့ ဒေသနှင့် ဆီလျော် သည့် ဥပဒေများပြဋ္ဌာန်းနိုင်ရန်  လိုအပ် ကြောင်း၊  အခြေအနေ အချိန်အခါအပေါ် မူတည်ပြီး နိုင်ငံသူ နိုင်ငံသားများအတွက်၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအတွက် ရသင့်ရထိုက်သည့် အခွင့်အရေးများကို မှန်မှန် ကန်ကန် ရအောင် ဆောင်ရွက်စေလိုကြောင်း။

တရားရေးမဏ္ဍိုင်အနေဖြင့်လည်း တည်ဆဲဥပဒေများအတိုင်း  ဆောင်ရွက်သည့် တရားရေးမဏ္ဍိုင်ဖြစ်စေလိုကြောင်း၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေအတိုင်း ဆောင်ရွက်စေလိုကြောင်း၊  ဥပဒေရှေ့မှောက် ရောက်ရှိလာလျှင် အားလုံး သည် အညီအမျှဖြစ်ရမည်ဖြစ်ကြောင်း၊  တရားဥပဒေစိုးမိုးရေး ရှိမှ မိမိတို့နိုင်ငံသည် ဒီမိုကရေစီခိုင်မြဲမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ ခိုင်မြဲမှလည်း မိမိတို့ နိုင်ငံသူနိုင်ငံသားများ၏  မွေးရာပါ အခွင့်အရေး၊ အခြေခံ လူ့အခွင့်အရေးများ ရရှိ မည်ဖြစ်ကြောင်း။

ဝန်ထမ်းများသည် နိုင်ငံတော်၏ရသုံး ခန့်မှန်းခြေငွေစာရင်းမှ  ကျခံသုံးစွဲသည့် လစာနှင့် ချီးမြှင့်ငွေကို ခံစားနေကြ သည့် သူများဖြစ်ကြောင်း၊  ထို့ကြောင့်  နိုင်ငံတော်အပေါ် ကျေးဇူးသစ္စာ စောင့်သိရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်း ဥပဒေများ၊  စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန်လိုအပ်ကြောင်း၊ နိုင်ငံ့ ဝန်ထမ်း တာဝန် ထမ်းဆောင်သည့် အခါ ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်းထက် စေတနာပါပါ မေတ္တာထားပြီး  ထမ်းဆောင် ပေးကြစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်သူကိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးရမည်ဖြစ်ကြောင်း၊ ကောင်းမွန်သည့် ဝန်ဆောင်မှု ပေးနိုင်သည်နှင့်အမျှ မိမိတို့ နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို များစွာ အထောက် အကူဖြစ်မည်ဖြစ်ကြောင်း၊

တိုင်းရင်းသားများအားလုံးကို  လုံခြုံမှုနှင့် လွတ်လပ်မှုကိုအကာအကွယ်ပေးသည့်  အုပ်ချုပ်ရေးပုံစံဖြစ်စေလိုကြောင်း၊ အုပ်ချုပ်ရေး၊  ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်၃ ရပ်က တက်ညီလက်ညီ ပူးပေါင်းဆောင် ရွက်သွားရန် လိုအပ် ကြောင်း ပြောကြားသည်။

ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်း၊ လဟယ် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသက်နောင်၊ နန်းယွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝမ်းလှ၊ လဟယ် မြို့မိမြို့ဖ ဦးချစ်တင်နှင့် လဟယ်မြို့နယ် နာဂရိုးရာစာပေနှင့်   ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးပေါင်ခုတို့က နာဂဒေသဖွံ့ဖြိုးတိုး

တက်ရေးအတွက် လိုအပ်ချက်များဖြစ်သည့် စီးပွားရေး၊ လူမှုရေးပညာရေး၊ ကျန်းမာရေး၊   စိုက်ပျိုးရေး၊ လမ်းပန်း ဆက်သွယ်ရေး  စသည်တို့နှင့်စပ်လျဉ်း၍   ဖြည့်ဆည်းဆောင်ရွက်ပေးရန် တင်ပြကြသည်။

နိုင်ငံတော်သမ္မတက တင်ပြချက်များနှင့် စပ်လျဉ်း၍  ဒေသလိုအပ်ချက်များကို အလေးထားမှတ်သားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ဘဏ္ဍာရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍  တတ်နိုင်သမျှကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြော ကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲသို့တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။

ယင်းနောက်  နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် လဟယ်မြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန  နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိရာ သင်တန်းကျောင်းခန်းမ၌ ကျောင်းသား၊ ကျောင်းသူလေးများ က ပြည်ထောင်စုအတွက် ''ထာဝစဉ်'' တေး သီချင်းသီဆို၍ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ညွှန်ကြားရေးမှူး ဦးသောင်း ထိုက်က သင်တန်းကျောင်းဆိုင်ရာ အချက် အလက်များကို ရှင်းလင်းတင်ပြ သည်။

ယင်းနောက်   နိုင်ငံတော်သမ္မတက လမ်းညွှန် အမှာစကားပြောကြားရာတွင် သားတို့သမီးတို့အနေဖြင့်  အချိန်ရှိခိုက် လုံ့လစိုက်၍ ပထမအရွယ်တွင် ပညာရှာမှီး ရန်လိုအပ်ပြီး ဒုတိယအရွယ်တွင် ပညာကိုအမှီပြု၍  ဥစ္စာရှာမှီးနိုင် မည်ဖြစ်ကြောင်း၊ အချိန်ကိုအကျိုးရှိစွာအသုံးချ၍ ကျန်းမာ ရေးကို လိုက်စားစေလိုကြောင်း၊ လောင်းကစား၊ မူးယစ် ဆေးဝါးများကို ရှောင်ရှားပြီး ဘဝအတွက်ကြိုးစားစေလိုကြောင်း၊ မိမိ ဘဝတိုးတက်ရေးအတွက် ကြိုးစားပြီး မိမိ ဒေသ ဖွံ့ဖြိုး တိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော် သမ္မတက ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများအတွက်  ထောက်ပံ့ငွေများပေးအပ်ပြီး သင်တန်းကျောင်းဝင်းအတွင်းရှိ   စာကြည့် တိုက်၊  စားရိပ်သာနှင့်အိပ်ဆောင်များကို   လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ လဟယ်မြို့ရှိ အမျိုးသမီး အိမ်တွင်းမှု  အသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ရောက်ရှိပြီး သင်တန်း ကျောင်းအတွင်း  ရိုးရာဂျပ်ခုပ်နှင့်စက်ချုပ် သင်တန်းလေ့ကျင့်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် သင်တန်းသူများနှင့်  ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် လဟယ်မြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံတက်လူနာများအား ရင်းရင်းနှီးနှီး  နှုတ်ဆက်အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် အာဟာရ အစားအစာများကို ပေးအပ်ကြောင်း သိရသည်။

Read 52 times Last modified on Wednesday, 15 January 2020 08:48