SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်း

Wednesday, 15 January 2020 10:31 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ်၊ ၃/၂ဝ၂ဝ

၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်

(၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်)

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်း

၁။      ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ  နိုင်ငံသားများ၏ မူလအခွင့်အရေးများ မြှင့်တင် ရန်နှင့် ကာကွယ်ရန် တို့အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေပုဒ်မ ၅ ၏  ကော်မရှင် အဖွဲ့ဝင်လောင်း စိစစ်ရွေးချယ်ရေး အဖွဲ့က တင်ပြလာသည့် ကော်မရှင်အဖွဲ့ဝင် လောင်းများထဲမှ ပုဒ်မ ၄ နှင့် ပုဒ်မ ၉ တို့ပါ ပြဋ္ဌာန်းချက်များအရ အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်သော ''မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်'' ကို ဖွဲ့စည်း တာဝန်ပေးလိုက်သည်-

(က) ဦးလှမြင့် ဥက္ကဋ္ဌ မြန်မာ ကိုယ်စားလှယ်၊ အာဆီယံ အစိုးရ အချင်းချင်း လူ့အခွင့်အရေး ကော်မရှင်

(ခ) ဒေါက်တာ နန္ဒာမွှန်း        ဒုတိယဥက္ကဋ္ဌ အမြဲတမ်း အတွင်းဝန်(အငြိမ်းစား) သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာန

(ဂ)     ဦးပေါ်လွင်စိန်  အဖွဲ့ဝင် သံအမတ်ကြီး(အငြိမ်းစား)

(ဃ)   ဦးကျော်စိုး အဖွဲ့ဝင် ညွှန်ကြားရေးမှူး(အငြိမ်းစား) အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

(င) ဒေါက်တာသန်းမြင့် အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) ဆေးသိပ္ပံပညာဦးစီးဌာန

(စ) ဒေါ်နုနုယဉ် အဖွဲ့ဝင် အမြဲတမ်းအတွင်းဝန်(အငြိမ်းစား) ပြည်ထောင်စုရှေ့နေချုပ်ရုံး

(ဆ)   ဒေါက်တာ တင်မောင်မောင်သန်းအဖွဲ့ဝင် ဌာနစုမှူး(အငြိမ်းစား) အမှတ်(၂)စက်မှုဝန်ကြီးဌာန

(ဇ) ဒေါက်တာမြင့်သူမြိုင်       အဖွဲ့ဝင်  ပါမောက္ခ/ဌာနမှူး ဥပဒေပညာဌာန၊ ရန်ကုန်တက္ကသိုလ်

(ဈ)    ဦးတင်အောင်  အဖွဲ့ဝင် ဌာနကြီးမှူး(အငြိမ်းစား)   ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)

(ည)   ဒေါ်တင်ကြည်ဦး အဖွဲ့ဝင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး

(ဋ)     ဦးကျော်မြင့် အဖွဲ့ဝင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

၂။ နိုင်ငံတော် သမ္မတရုံး၏ ၂၄-၉-၂ဝ၁၄ ရက်စွဲပါ အမိန့်အမှတ်၊ ၂၃/၂ဝ၁၄ နှင့်၂၅-၄-၂ဝ၁၈ ရက်စွဲပါ အမိန့်အမှတ်၊ ၂ဝ/၂ဝ၁၈ တို့ဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ယနေ့မှစ၍ ဖျက်သိမ်း လိုက်သည်။

(ပုံ)ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

Read 46 times Last modified on Wednesday, 15 January 2020 10:33