SJ WorldNews - шаблон joomla Авто

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

Sunday, 19 January 2020 09:26 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇန်န၀ါရီ   ၁၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ    သမ္မတ H.E.  Mr.  Xi  Jinping ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊   လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသောင်းထွန်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Mr.  Chen  Hai ၊ နိုင်ငံခြားရေးဝန်ကြီးဌာန   အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် တာဝန်ရှိသူများက    နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌     ပို့ဆောင် နှုတ်ဆက်ကြကြောင်း သိရသည်။            

 (သတင်းစဉ်)
Read 106 times Last modified on Sunday, 19 January 2020 09:27