SJ WorldNews - шаблон joomla Авто

မြန်မာ-တရုတ် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

Sunday, 19 January 2020 11:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ   ၁၈
မြန်မာ-တရုတ် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတအိမ်တော်  သံတမန်ဆောင်၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ H.E.Mr.Xi Jinping တို့ တက်ရောက်ဆွေးနွေးကြသည်။
နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ   NCA   လက်မှတ်ရေးထိုးပြီး  ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ပါဝင်လာရေး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ထူထောင်ရေး၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာ စီးပွားရေးဇုန်နှင့် ရန်ကုန်မြို့သစ် စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၊    ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့ထွက် ကုန်ပစ္စည်းများ တင်ပို့နိုင်ရေး၊ နှစ်နိုင်ငံ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှင့် အေးအတူပူအမျှ အသိုက်အ၀န်း ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့်အတူ ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊  ဦးဝင်းခိုင်၊  ဒေါက်တာသန်းမြင့်၊ ဦးသောင်းထွန်း၊ ဦးဟန်ဇော်၊ ဦးကျော်တင်၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး  ဦးမျိုးသန့်ဖေနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ   H.E.Mr.Xi Jinping နှင့်အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ    နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ၀မ်ယိနှင့် အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ   တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး  Mr. Chen  Hai တို့ တက်ရောက်ကြသည်။
ဆွေးနွေးပွဲအပြီးတွင်   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတတို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ အကြား နှစ်နိုင်ငံ သဘောတူညီချက်၊ နားလည်မှု စာချွန်လွှာနှင့် စာလွှာများ လဲလှယ်သည့် အခမ်းအနားသို့    တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ H.E.Mr.Xi Jinping တို့ ရှေ့မှောက်၌   ““ကုန်ထုတ်စွမ်းအားနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ””ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်ဥက္ကဋ္ဌ မစ္စတာဟယ်လိဖုန်းတို့က လည်းကောင်း၊ ““ရွှေလီ-မူဆယ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင် သဘောတူစာချုပ် လုပ်ငန်းစဉ်များ လျင်မြန် တိုးတက်စေရေး နားလည်မှု စာချွန်လွှာ””““ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ တည်ထောင်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ””နှင့် ““အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး)   အဆင့်မြှင့်တင်ရေး စီမံကိန်း အကောင်အထည် ဖော်မှုဆိုင်ရာ သဘောတူညီချက်”” တို့ကို   ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် တရုတ်နိုင်ငံ စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး မစ္စတာကျုံးရှန်းတို့က လည်းကောင်း၊ ““ရန်ကုန် ရဲကွပ်ကဲမှု ဗဟိုဌာနလွှဲပြောင်းခြင်း အထောက်အထားစာလွှာ””ကို ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် တရုတ်နိုင်ငံ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး   မစ္စတာကျုံးရှန်းတို့က လည်းကောင်း၊ ““မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ကင်းလှည့်ရေယာဉ်ခြောက်စင်း ပေးအပ်မည့်စာလွှာ””   ကို  ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ဥက္ကဋ္ဌ မစ္စတာဝမ်းရှောင်ထောင်းတို့က လည်းကောင်း၊  ““သုံးနှစ်တာ နယ်စပ်ဒေသများ ဖွံ့ဖြိုးမှုစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု ဆိုင်ရာ စာလွှာ””  ကို   နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ ဥက္ကဋ္ဌ မစ္စတာဝမ်းရှောင်ထောင်း တို့က လည်းကောင်း အပြန်အလှန် လဲလှယ်ကြသည်။
ဆက်လက်၍ ““တရုတ်အမျိုးသား ရုပ်မြင်သံကြား၊ အသံလွှင့်ဌာနနှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်””  နှင့် ““၂၀၂၀ လန်ချန်း-မဲခေါင် ရုပ်မြင်သံကြား သီတင်းပတ်၏ ““မြန်မာနေ့””ပူးတွဲကျင်းပရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ””တို့ကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တရုတ်နိုင်ငံ အမျိုးသား ရေဒီယိုနှင့်  ရုပ်မြင်သံကြား စီမံခန့်ခွဲရေး ၀န်ကြီး    မစ္စတာညှဲချန်းရှီး တို့ကလည်းကောင်း၊ ““မြန်မာနိုင်ငံမှ ဆန်ကို တရုတ်နိုင်ငံသို့ တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်”” ၊ ““မြန်မာနိုင်ငံမှ အပူပေးစနစ်ဖြင့် ပြုပြင်ထုတ်လုပ်ထားသော ပိုးအိမ်ခြောက်များ   တင်ပို့ခြင်းဆိုင်ရာ သဘောတူစာချုပ်””နှင့် ““မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့်   ကျွဲ၊နွားများ အတွက်   ထိန်းသိမ်းစောင့်ကြည့်ရေးနှင့်ကျန်းမာရေး လိုအပ်ချက်ဆိုင်ရာ  သဘောတူ စာချုပ်”” တို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen  Hai  တို့က လည်းကောင်း၊ ““စိုက်ပျိုးရေး ထွက်ကုန်များ၏ အရည်အသွေး ထိန်းချုပ်မှုဗဟိုဌာန စီမံကိန်းဆိုင်ရာ စာလွှာ””နှင့် ““စပ်မျိုးစပါး သုတေသန ဗဟိုဌာနစီမံကိန်း ဆိုင်ရာစာလွှာ””တို့ကို   ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ အောင်သူနှင့်  တရုတ်နိုင်ငံ  အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ဥက္ကဋ္ဌ မစ္စတာဝမ်းရှောင်ထောင်း တို့က လည်းကောင်း အပြန်အလှန် လဲလှယ်ကြသည်။
ထို့နောက် ““အတိုးမဲ့ချေးငွေဖြင့် လူစီးရထားတွဲများ ၀ယ်ယူရေး သဘောတူစာချုပ်””ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး  မစ္စတာကျုံးရှန်း တို့က လည်းကောင်း၊ ““အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး  ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာ””ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး မစ္စတာ ကျုံးရှန်းတို့က လည်းကောင်း၊ ““လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု   ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ”” ကို ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ဥက္ကဋ္ဌ   မစ္စတာဝမ်းရှောင်ထောင်းတို့က လည်းကောင်း၊ ““ကွမ်းလုံတံတား စီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ  သဘောတူညီချက်”” ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဟန်ဇော်နှင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး မစ္စတာကျုံးရှန်း တို့ကလည်းကောင်း၊ ““ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေး ဆိုင်ရာ စီမံကိန်းစာလွှာ””ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ဥက္ကဋ္ဌ   မစ္စတာဝမ်းရှောင်ထောင်းတို့က လည်းကောင်း   အပြန်အလှန် လဲလှယ်ကြသည်။
 ယင်းနောက် ““ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ သဘောတူစာချုပ်”” နှင့်  ““အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ်”” တို့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးနှင့် တရုတ်နိုင်ငံ CITIC Consortium Port Investment  Limited ဥက္ကဋ္ဌ  မစ္စတာ ချန်ကျန့်မင် တို့က လည်းကောင်း၊ ““မန္တလေးတိုင်း ဒေသကြီးနှင့် ယူနန်ပြည်နယ်တို့အကြား မြန်မာ့စီးပွားရေးစင်္ကြံ  ပူးတွဲတည်ထောင်ရေး မူဘောင်အောက်မှ  ဒေသန္တရ အဆင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ””ကို မန္တလေးတိုင်း ဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူနှင့် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ကော်မတီ အတွင်းရေးမှူး   မစ္စတာကျန်းကော်ဟွာ တို့က လည်းကောင်း၊ ““ရန်ကုန်တိုင်း ဒေသကြီးနှင့် ယူနန်ပြည်နယ်တို့အကြား ချစ်ကြည်ရေး ဆက်ဆံမှု တည်ထောင်ရေးဆိုင်ရာ နားလည် မှုစာချွန်လွှာ””  ကို   ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ၀န်ကြီး ဦးမောင်မောင်စိုးနှင့် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ကော်မတီ အတွင်းရေးမှူး မစ္စတာကျန်းကော်ဟွာ တို့က လည်းကောင်း၊ ““ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ် စာလွှာ””ကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးနှင့် China Communications     Construction Company Ltd.ဥက္ကဋ္ဌ မစ္စတာ စုန့်ဟိုင်လျန်တို့က လည်းကောင်း၊ ““နှစ်နိုင်ငံ သံရုံးမြေနှင့် အဆောက်အအုံ အပြန်အလှန်ထောက်ပံ့ခြင်းဆိုင်ရာ သဘောတူညီချက်”” နှင့် ““နိုင်ငံခြားရေး ၀န်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ””တို့ကို နိုင်ငံခြားရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် မြန်မာနိုင်ငံဆိုင်ရာ  တရုတ်သံအမတ်ကြီး Mr.Chen Hai တို့ကလည်းကောင်း၊  ““တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှု ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ””ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် တရုတ်နိုင်ငံ China  South  Power  Grid ဘုတ်အဖွဲ့ဥက္ကဋ္ဌ မစ္စတာမုံ့ကျန့်ဖျင်တို့က လည်းကောင်း၊ ““နှစ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်များ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ””ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Mr.Chen Hai တို့ကလည်းကောင်း၊ ““မန္တလေး-ထီးချိုင့်-မူဆယ် အမြန်လမ်းမကြီးနှင့် ကျောက်ဖြူ-နေပြည်တော်  အဝေးပြေးလမ်းမကြီး စီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုအစီရင်ခံစာ””ကို ဆောက်လုပ်ရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်နှင့်  တရုတ်နိုင်ငံ China  HarbourEngineering Co.,Ltd.  ဥက္ကဋ္ဌ မစ္စတာထန်ချောင်န်လျန်တို့က လည်းကောင်း၊ ““မူဆယ်-မန္တလေး ရထားလမ်း ဖြစ်နိုင်ခြေ လေ့လာမှုအစီရင်ခံစာ”” ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား  ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်နှင့် တရုတ်နိုင်ငံ China Railway Engineering Company ဥက္ကဋ္ဌ မစ္စတာကျန်းကျုံးရန်တို့က လည်းကောင်း အပြန်အလှန် လဲလှယ်ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ H. E. Mr. Xi  Jinping  ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ကို နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ဂုဏ်ပြုနေ့လယ်စာစားပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ   H. E. Mr. Xi  Jinping ထံ  ခရီးစဉ် မှတ်တမ်း ဓာတ်ပုံအယ်လ်ဘမ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)
Read 189 times Last modified on Sunday, 19 January 2020 11:07