SJ WorldNews - шаблон joomla Авто

မန္တလေးတိုင်း ဒေသကြီး၊ မိတီ်္ထလာမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးဆေး ကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

Monday, 20 January 2020 08:16 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၁၉

မနလေးတိုင်း ဒေသကြီး အတွင်းရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးဆေး ကုသရေးအဖွဲ့သည် ယနေ့တွင် မိတီ်္ထလာမြို့နယ်၊ ရေဝေကျေးရွာအခြေခံပညာအထက် တန်းကျောင်း၌ အခြေပြု၍လည်းကောင်း၊ နယ်လှည့်ဆေး ကုသ ရေး အဖွဲ့သည် မုန်တိုင် ကျေးရွာဘုန်းတော်ကြီးကျောင်း၌လည်းကောင်း ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာ တော်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၂၀၆၈ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၄၇၄ ဦး၊ ခွဲစိတ်ရောဂါ ၂၂၄ ဦး၊ ကလေးရောဂါ ၄၂၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၅၀ ဦး၊ အရိုးရောဂါ ၁၉၈ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၈၁ ဦး၊ မျက်စိရောဂါ ၂၇၅ ဦး၊ သွားရောဂါ ၁၅၁ ဦးနှင့် အထွေထွေရောဂါ ၁၉၃ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများဆောင် ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာကိုးဦးနှင့် အထွေထွေခွဲစိတ်လူနာ ၁၀ ဦးတို့ကို ရွေ့လျား ခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ် ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန် ရိုက်လူနာ ၄၆ ဦး၊ Ultrasound  ရိုက်လူနာ ၆၂ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၅၀ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၆၆ ဦးတို့ကို ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်၊  ရွေ့လျား ဓာတ်ခွဲခန်း ယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး  ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ ငါးဦးအား နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးပြီး သေဆုံးမှု အဖြစ် အများဆုံး ရောဂါများ အလိုကသေဆုံးမှုများ သိသာစွာ လျော့ကျရေးနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။               

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်းနှင့် အဖွဲ့ ၀င် များက သွားရောက်ကြည့်ရှု အားပေးကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး ရေဝေကျေးရွာရှိ နတ်စင်ကန် ကျောင်းဆရာတော် ဘဒဣနစာရအား ဖူးမြော်၍ လှူဖွယ်ပစည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။

 

Read 82 times Last modified on Monday, 20 January 2020 08:18