SJ WorldNews - шаблон joomla Авто

မြောက်ဦး မြို့နယ်၌ AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်း တစ်လုံးနင်းမိ ပေါက်ကွဲခဲ့ သဖြင့် ဒေသခံပြည်သူ ၈ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိ

Monday, 20 January 2020 14:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇန်န၀ါရီ - ၂၀ 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရွှေကျွန်းကျေးရွာနေ ဒေါ်အေးညွန့် အပါအ၀င် အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၅ ဦးတို့သည် ဇန်န၀ါရီ ၁၉ ရက်နေ့လယ် ၁၁ နာရီခွဲခန့်တွင် တောထဲသို့ ထင်းခုတ်ရန်သွားရောက်စဉ် ကျေးရွာ၏ အရှေ့ဘက်မီတာ ၆၀၀ ခန့် အကွာသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ ထောင်ထားသည့် ဒေသန္တရ နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ ၈ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါ မိုင်းထိလူနာများအား မြောက်ဦးမြို့ စေတနာရှင် နာရေးကူညီမှု အသင်းမှ မော်တော်ယာဉ်ဖြင့် မြောက်ဦးမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက်ရှိသည်။ 

ရခိုင်ပြည်နယ်အတွင်း ယနေ့အထိ AA အကြမ်းဖက် သောင်းကျန်းသူများက သတ်ဖြတ်ခဲ့သော ပြည်သူ ၂၉ ဦးရှိပြီး AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံးခဲ့သည့် အရပ်သား ၁၁ဦး၊ ဒဏ်ရာရရှိသူ ၃၄ ဦး ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

Read 94 times Last modified on Monday, 20 January 2020 14:04