SJ WorldNews - шаблон joomla Авто

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ (ICOE) က ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ပေးအပ်

Tuesday, 21 January 2020 07:18 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ   ၂၀

ပြည်ထောင်စု သမတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမတ ဦးဝင်းမြင့်ထံ သံအမတ်ကြီး မစ်္စရိုဆာရီယိုမယ်နာလို  ဦးဆောင်သော လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့(ICOE) သည် ကော်မရှင်၏ အပြီးသတ် အစီရင်ခံ စာကို  ယနေ့နံနက် ၁၀ နာရီတွင်  နေပြည်တော်ရှိ  နိုင်ငံတော် သမတ အိမ်တော် ဧည့်ခန်းမဆောင်၌ လာရောက် ပေးအပ်သည်။

ပေးအပ်ပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ တာဝန် ရှိသူများနှင့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြသိန်း၊ သံအမတ်ကြီး ကင်ဇိုအို ရှီးမားနှင့်  ပါမောက ဒေါက်တာ အောင်ထွန်းသက်တို့ တက်ရောက်ကြသည်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၈  ခုနှစ် သြဂုတ်လ ၁၅ ရက် ရက်စွဲပါ နိုင်ငံတော်သမတ ရုံး အမိန့်ကြော်ငြာစာအမှတ်(၆၁/၂၀၁၈)ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် ကော်မရှင်၏ သက်တမ်းကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃၀ ရက်မှ ၂၀၂၀  ပြည့်နှစ် ဇန်န၀ါရီလ ၂၉ ရက်အထိ ခြောက်လတိုးမြှင့် ခဲ့သည်။

ကော်မရှင်ကို   ARSA   အဖွဲ့က ရခိုင်ပြည်နယ်တွင်  အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ပြီးနောက်ပိုင်း ဖြစ်ပွား လာ သည့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များနှင့် ယင်းနှင့် ဆက်စပ်သော ကိစရပ်များကို စုံစမ်းစစ်ဆေးရန်၊ ကော်မရှင် အနေဖြင့် တာဝန်ရှိမှုကို စုံစမ်းဖော်ထုတ်ရန်နှင့်  ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ရရှိစေရန်  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် စပ်လျဉ်း၍  အကြံပြုချက်များ ပေးရန် ရည်ရွယ် ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။                               

(သတင်းစဉ်)

Read 95 times Last modified on Tuesday, 21 January 2020 07:19