SJ WorldNews - шаблон joomla Авто

တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ်(၇၉)နှင့် တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင် နီယာ) သင်တန်း အမှတ်စဉ်(၅၃) သင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုညစာ စားပွဲကျင်းပ

Tuesday, 21 January 2020 08:06 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇန်န၀ါရီ   ၂၀

တပ်မတော်(ရေ)အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ်(၇၉)နှင့် တပ်မ တော်(ရေ)အရာရှိငယ် (အင်ဂျင်နီ ယာ)သင်တန်း အမှတ်စဉ်(၅၃) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင် တပ်နယ် ရေတပ်လေ့ကျင့်ရေး ဌာနချုပ်၌ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက် မိန့်ခွန်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့   ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ   ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊  ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်တပ်နယ်နှင့် သန်လျင်တပ်နယ်တို့မှ  တပ်မတော်အရာရှိ ကြီးများ၊ကျောင်းဆင်းအရာရှိများ၏မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသူများတက်ရောက် ကြသည်။ 

ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက်နေရာယူကြပြီး   နိုင်ငံတော် အလံအား အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကျောင်း ဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏အလေးပြုခြင်းကိုခံယူပြီး   ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးသည်။

ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့်ဂုဏ်ပြု တပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ်(ရေ)အား အနှေးလျှောက်၊ အမြန် လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။ ထိုသို့ချီတက် အလေးပြုနေစဉ် တပ်မတော်(ရေ)မှ စစ်ရေ ယာဉ်များက ရန်ကုန်မြစ်အတွင်းမှ ကာကွယ် ရေးဦးစီးချုပ်(ရေ)အား ပုံပြုချီတက်မောင်းနှင်အလေးပြုကြသည်။

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ် (ရေ)က   တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်း အမှတ်စဉ်(၇၉)မှ အကောင်းဆုံးကျောင်းသားဆုရ ရေ ၅၃၉၇ ဗိုလ်ငြိမ်းချမ်းအောင်နှင့် ရေကြောင်းပညာစာပေထူးချွန်ဆုရ ရေ ၅၃၇၇ ဗိုလ်ချစ်မင်းသူ တို့အားလည်းကောင်း၊ တပ်မတော်(ရေ) အရာရှိငယ်(အင်ဂျင်နီယာ)သင်တန်းအမှတ် စဉ်(၅၃)မှ အကောင်းဆုံးကျောင်းသားဆုရ ရေ ၅၄၁၈ ဗိုလ်လှိုင်မျိုးသက်နှင့် ရေကြောင်းအင်ဂျင်နီယာပညာစာပေထူးချွန်ဆုရ ရေ ၅၄၁၉ ဗိုလ်သက်ပိုင်မှူးတို့အားလည်းကောင်း ထူးချွန်ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (ရေ)က သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။

၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) သည် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသွားသည်။

အခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့်အခမ်းအနားသို့ တက်ရောက်လာသောအရာရှိကြီးများသည် ကျောင်းဆင်း အရာရှိများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်ပြီး သင်တန်းဆင်းပွဲဂုဏ်ပြု ညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် သန်လျင်တပ်နယ်  ရေတပ် လေ့ကျင့် ရေးဌာနချုပ်၌ကျင်းပရာ    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊   ရန်ကုန်တပ်နယ်နှင့် သန်လျင်တပ်နယ်တို့မှ တပ်မတော်အရာရှိ ကြီးများ၊ ကျောင်းဆင်းအရာရှိများ၏မိဘ ဆွေမျိုးများနှင့်ဖိတ်ကြားထားသူများတက် ရောက်ကြသည်။

ဂုဏ်ပြုညစာစားပွဲကျင်းပနေစဉ် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံ ရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေး မှူးရုံးကွပ်ကဲမှုအောက်ရှိ အနုပညာဖျော်ဖြေရေးအဖွဲ့နှင့် ရေတပ်စစ်တီးဝိုင်းအဖွဲ့တို့မှ  တေးသီချင်း များဖြင့် ဧည့်ခံဖျော်ဖြေကြသည်။

ညစာစားပွဲအခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ကျောင်းဆင်း အရာရှိများနှင့်  ၎င်းတို့၏မိဘဆွေမျိုးများအား  ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

၊၊၊၊၊၊၊၊၊၊၊

 

Read 107 times Last modified on Tuesday, 21 January 2020 08:10