SJ WorldNews - шаблон joomla Авто

ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် လာအိုပြည်သူ့ တပ်မတော် လေတပ် ဦးစီးချုပ်အား ဂုဏ်ပြု ကြိုဆို၊ လက်ခံတွေ့ဆုံ

Thursday, 23 January 2020 08:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၂၂

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ရှေ့၌ လာအိုပြည်သူ့တပ်မတော်လေတပ် ဦးစီးချုပ် Colonel Khamlek SENGPHACHANH အား   ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆိုသည်။

ဦးစွာ ဂုဏ်ပြုကြိုဆိုပွဲသို့ လာအိုပြည်သူ့ တပ်မတော်လေတပ်ဦးစီးချုပ် Colonel Khamlek SENGPHACHANH သည် မော်တော် ယာဉ်ဖြင့် ရောက်ရှိလာရာ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က ကြိုဆို နှုတ်ဆက်သည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် လာအိုပြည်သူ့တပ်မတော်လေတပ်ဦးစီးချုပ်တို့သည် အလေးပြုခံစင်မြင့် သို့ သွားရောက်၍ ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကို ခံယူသည်။ လာအိုပြည်သူ့တပ်မတော် လေတပ်ဦးစီးချုပ်သည် ကာကွယ်ရေး ဦးစီးချုပ် (လေ)နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့အားစစ်ဆေးပြီး ဂုဏ်ပြုကြိုဆိုပွဲသို့ တက်ရောက်လာကြသည့် အရာရှိကြီးများနှင့် အပြန်အလှန်မိတ်ဆက် ပေးကြသည်။

၎င်းနောက် လာအိုပြည်သူ့တပ်မတော် လေတပ်ဦးစီးချုပ်က ဘုရင့်နောင်ရိပ်သာ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ် တမ်းတင်လက်မှတ်ရေးထိုးပြီး ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် လာအိုပြည်သူ့ တပ်မတော်လေတပ် ဦးစီးချုပ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင် ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့    ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်အတူ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းအောင်၊ တပ်မတော်(လေ)မှ  အရာရှိကြီးများတက်ရောက်ကြပြီး လာအို ပြည်သူ့တပ်မတော် လေတပ်ဦးစီးချုပ် Colonel Khamlek SENGPHACHANH နှင့်အတူ လာအိုပြည်သူ့ တပ်မတော်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုစစ်သံမှူး Colonel Touy VILAKHET နှင့်တာဝန် ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံရာတွင် နှစ်နိုင်ငံ လေတပ်ဆိုင်ရာ ကိစ္စရပ်များ အပြန်အလှန် ဆွေးနွေးကြပြီး ကာကွယ်ရေး ဦးစီးချုပ် (လေ) နှင့် လာအို ပြည်သူ့တပ်မတော် လေတပ် ဦးစီးချုပ်တို့သည် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်၍ အဖွဲ့ဝင်များနှင့် အတူ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။

ညပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့် ဇနီးတို့က လာအိုပြည်သူ့ တပ်မတော် လေတပ် ဦးစီးချုပ် ဦးဆောင် သော ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ရွှေနန်းတော် ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံသည်။ ညစာမသုံးဆောင်မီ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် လာအိုပြည်သူ့တပ်မတော် လေတပ်ဦးစီးချုပ် တို့သည် နှုတ်ခွန်းဆက် စကားများ အသီးသီး ပြောကြား ကြပြီး တက်ရောက်လာကြသူများ နှင့်အတဂုဏ်ပြုညစာကို အတူ တကွ သုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ် အတွင်း ပြည်သူ့ ဆက်ဆံရေးနှင့်   စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက် မြ၀တီ တေးဂီတအဖွဲ့က တေးသီချင်းများ၊ အက ပဒေသာများဖြင့်   သီဆိုဖျော်ဖြေခဲ့ကြပြီး  ညစာ သုံးဆောင်အပြီးတွင် ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့် လာအိုပြည်သူ့ တပ်မတော်လေတပ် ဦးစီးချုပ် တို့သည်  အမှတ်တရ လက်ဆောင် ပစ်စည်းများ   အပြန်အလှန် ပေးအပ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း  သတင်း ရရှိသည်။      

Read 84 times Last modified on Thursday, 23 January 2020 08:28