SJ WorldNews - шаблон joomla Авто

အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဗဟိုကော်မတီ၏ န၀မအကြိမ် ညှိနှိုင်း အစည်းအဝေး ကျင်းပ

Thursday, 23 January 2020 09:03 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇန်န၀ါရီ   ၂၂

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ န၀မအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်  ၉ နာရီခွဲတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ  ဗဟိုကော်မတီ နာယက ဒုတိယ သမတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့  ဗဟိုကော်မတီဝင်များဖြစ်ကြသည့်  သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ ရဲမြင့်ဆွေနှင့် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီဥကများဖြစ်ကြ သည့် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊  လုပ်ငန်း ကော်မတီ ခြောက်ခုမှ  တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ပုဂလိက စီးပွားရေးအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အမျိုးသား အဆင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်  ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ဗဟိုကော်မတီ နာယက ဒုတိယ သမတ ဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် ““အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ””ကို လုပ်ငန်းတာဝန် ၂၆ ရပ် ချမှတ်ကာ ၂၀၁၆ ခုနှစ် ဇွန် ၂ ရက်တွင် အဖွဲ့ဝင် ၂၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် အဖွဲ့ဝင် ၂၈ဦးဖြင့်   ပြင်ဆင်ဖွဲ့စည်း ခဲ့ကြောင်း၊ ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်း ကော်မတီ ခြောက်ခုနှင့် နေပြည်တော် ကောင်စီအပါအ၀င် တိုင်းဒေသကြီး/ပြည်နယ်အဆင့်ကြီးကြပ်မှု ကော်မတီ များကိုလည်း ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

““အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ”” ၏ သုံးနှစ်ခွဲကျော် ကာလ အတွင်း အစည်းအဝေး ရှစ်ကြိမ်ကျင်းပခဲ့ရာ ဆုံးဖြတ်ချက် စုစုပေါင်း ၁၀၄ ချက်အနက် ဆောင်ရွက်ပြီး ၅၇ ချက်၊ ဆောင်ရွက်ဆဲ ၄၇ ချက်ရှိပြီး ဆောင်ရွက်ဆဲ ၄၇ ချက်တွင်လည်း ရေရှည်ဆောင်ရွက်ရမည့်အချက် ၁၅ ချကပါဝင်သည်ကို တွေ့ရှိရကြောင်း၊ ဆောင်ရွက် ဆဲလုပ်ငန်းများသည် မြန်မြန်ပြီးစီးပါက မြန်မြန်အကျိုးရှိမည်ဖြစ်သည့် အတွက် အချိန်ကာလသတ်မှတ်ကာ အမြန်ပြီးစီးရေးဝိုင်း ၀န်းပူးပေါင်းဆောင် ရွက်သွားကြရန် တိုက် တွန်းပြောကြား လိုကြောင်း။

ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုများ ထဲမှ ထူးခြားအောင်မြင်သည့်ဆောင်ရွက်မှုများအနေဖြင့် မြန်မာနိုင်ငံ အမျိုးသား ပတ်ဝန်း ကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မြန်မာနိုင်ငံရာသီ ဥတုပြောင်း လဲမှု ဆိုင်ရာ မဟာဗျူဟာ(၂၀၁၈- ၂၀၃၀) နှင့် မြန်မာနိုင်ငံရာသီဥတုပြောင်းလဲ မှုဆိုင်ရာပင်မ လုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)တို့ကို ထုတ်ပြန်နိုင်ခဲ့ကြောင်း၊ ယခု ကဲ့သို့ ထုတ်ပြန်နိုင်ခြင်းသည် သက်ဆိုင်ရာ ဌာနအသီးသီး အနေဖြင့်  နိုင်ငံတော်က  ရှေ့ဆက်သွားမည့် ““မြန်မာနိုင်ငံ၏ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း””ကို အကောင်အထည် ဖော်ရန်အတွက် အခြေခံကျသည့် လမ်းညွှန်ချက်များနှင့် မူဘောင်များ ဖြစ်ကြောင်း။

ထို့ပြင် ““သမားရိုးကျစွန့်ပစ်ပစ်္စည်းစီမံ ခန့်ခွဲမှုစနစ်”” ကို ကျင့်သုံးနေခြင်းမှ ““စွန့်ပစ်ပစည်းများအား ထွက်ရှိမှု လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် အသုံးဝင်ပစည်းများအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း”” စသည့် နည်းလမ်း များကို အခြေခံသော ““ရေရှည်တည်တံ့ခိုင်မြဲပြီး  အကျိုးဖြစ်ထွန်းသည့် စွန့်ပစ်ပစည်းစီမံခန့်ခွဲမှုစနစ်””သို့ ပြောင်းလဲ ကျင့်သုံး သွားနိုင်ရေးအတွက် မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၃၀) ကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးက အတည်ပြုပြီးဖြစ်သည့် အတွက် မကြာမီ ထုတ်ပြန်နိုင် တော့မည်ဖြစ်ကြောင်း။

ထို့အတူ ““ပုဂလိက ကဏ္ဍက အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုများဖွံ့ဖြိုးလာစေရန်၊ သဘာဝ  သယံဇာတထုတ်ယူ အသုံးပြု သည့် စီးပွား ရေးလုပ်ငန်းများမှထွက်ပေါ်လာသည့် ဆိုးကျိုး သက်ရောက်မှုများကို  စီမံခန့်ခွဲနိုင်ရန်၊ ပုဂ်္ဂလိကကဏ္ဍ အတွက် ဘဏ္ဍာရေးဆိုင်ရာ ရေရှည်စဉ်ဆက်မပြတ် ရရှိနိုင်စေရေးအတွက် သေချာစေရန်နှင့် အဆိုပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမည့် အစိုးရဌာန ၀န်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်မှုများ ဖွံ့ဖြိုးလာစေရန်””ရည်ရွယ်ချက်များ ဖြင့်ရေးဆွဲထားသည့်  အမျိုးသား အဆင့် အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမဟာ ဗျူဟာမူဘောင်ကိုလည်း ထုတ်ပြန်နိုင်ရန် ဆောင်ရွက်နေပြီဖြစ် ကြောင်း။

ကော်မတီများ၊ ကြီးကြပ်မှုကော်မတီများနှင့်  သက်ဆိုင်ရာဌာနများအနေဖြင့်  ဗဟိုကော်မတီက ချမှတ်ခဲ့သည့် ရှေ့လုပ် ငန်းစဉ် များနှင့် ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက်  အကောင်အထည်ဖော် ဆောင်ရွက်နေ သည်ကိုတွေ့ရှိရသည့်အတွက်  ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုကြိုဆိုကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်း

ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက် သွားရမည့် လုပ်ငန်းစဉ်များဖြစ်သည့်အတွက် နှစ်အလိုက်““နှစ်တို၊  နှစ်လတ်၊ နှစ်ရှည် စီမံကိန်းများ”” ရေးဆွဲပြီး စဉ်ဆက်မပြတ် အကောင်အထည်ဖော်သွားကြရန် လိုအပ်ကြောင်း၊  ထို့ကြောင့်  ၀န်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မြန်မာ နိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပင်မ လုပ်ငန်းအစီအစဉ်(၂၀၁၈-၂၀၃၀) ပါ လုပ်ငန်းစဉ်များနှင့် အမျိုးသားအဆင့် စွန့်ပစ်ပစည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်(၂၀၁၈-၂၀၃၀)ပါ လုပ်ငန်းစဉ်များထဲမှ မိမိတို့ လုပ်ငန်း ဌာနနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် စီမံကိန်းများ ရေးဆွဲပြီး လိုအပ်သည်များကို ကြိုတင် စီမံဆောင်ရွက်ထားကြရန် ပြောကြားလိုကြောင်း။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပုဂ်္ဂလိက လုပ်ငန်းရှင်များနှင့် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက် လာ စေရေး အတွက် ပတ်ဝန်းကျင်ဆိုင်ရာလိုက်နာရမည့် စည်းကမ်းချက်များကို  ပြည်သူများသိရှိ အောင်ပညာပေးခြင်း၊ အသိပညာ ပြန့်ပွားအောင် ဆောင်ရွက်ခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးမှုများဆောင်ရွက်ပေးခြင်းတို့ကို အမြဲမပြတ် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထို့ပြင် သက်ဆိုင်ရာဌာနများနှင့် ကြီးကြပ်မှု ကော်မတီအနေဖြင့်လည်း ခွင့်ပြု ထားသည့် လုပ်ငန်းများသည် ““ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ”” အား  လိုက်နာ ဆောင်ရွက်မှု ရှိ/မရှိကို စဉ်ဆက် မပြတ်စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန်နှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ

ဆောင်ရွက်မှုမရှိပါက အဆင့်ဆင့်အရေးယူ ဆောင်ရွက်မှုများပြုလုပ်သွားကြရန် မှာကြား လိုကြောင်း။

 သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဦးစားပေးစက်မှု လက်မှု ကဏ္ဍ ကိုးခု  အောက်ရှိ စက်မှုလုပ်ငန်းများကို ““ပတ်ဝန်း ကျင်စီမံခန့်ခွဲမှု အစီအစဉ်”” များ ရေးဆွဲတင်ပြရန်အတွက် ၂၀၂၀ ပြည့်နှစ် ဇန်န၀ါရီ ၂၉ ရက်အထိ အချိန်ကာလ တိုးမြှင့်ပေးခဲ့ရာ မကြာခင်သတ်မှတ်ကာလပြည့်တော့ မည်ဖြစ် သည့်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မိမိနယ်မြေဒေသအတွင်းရှိ စက်မှု လက်မှုလုပ်ငန်းများကို သတ်မှတ်ကာလ အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်များ ရေးဆွဲတင်ပြနိုင်ရန် အတွက် သက်ဆိုင် ရာဝန်ကြီးဌာနများနှင့်ပူးပေါင်းကာ စိစစ်ကြပ်မတ် တွန်းအားပေး ဆောင်ရွက်သွားကြရန် ပြောကြား လိုကြောင်း။

ထို့ပြင် တစ်နေ့ထက်တစ်နေ့ ပြောင်းလဲ ဖြစ်ပေါ်လာနေသည့် ကမာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်း လဲမှုဆိုင်ရာ စိန်ခေါ်မှုများကို မျက်ခြေမပြတ် လေ့လာပြီး ရင်ဆိုင်တုံ့ပြန်ဖြေရှင်းနိုင်အောင်  လိုအပ်သည့် ကြိုတင်စီမံမှုများကိုလည်း ပြင်ဆင်ဆောင်ရွက်ထားကြရမည် ဖြစ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မြန်မာ နိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမဟာ ဗျူဟာ (၂၀၁၈-၂၀၃၀) နှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပင်မ လုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၃၀) တို့ကို ထုတ်ပြန်ထားပြီးဖြစ်သလို အမျိုးသားအဆင့်စွန့်ပစ်ပစ်္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)နှင့် အမျိုးသားအဆင့် အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မဟာ ဗျူဟာမူဘောင် (၂၀၁၈-၂၀၃၀) တို့ကို ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေပြီဖြစ်သည့်အတွက် ယနေ့  ရာသီဥတုပြောင်းလဲမှုနှင့် အဏ၀ါပြင်အတွင်း စွန့်ပစ်အမှိုက်များ အပါအ၀င် ပလတ်စတစ် အမျိုးမျိုးတို့၏ ညစ်ညမ်းမှု ဆိုသည့် ကမာလုံး ဆိုင်ရာပြဿနာ နှစ်ခုကို ဖြေရှင်းနိုင်ရန် လိုအပ်သည့် မူဝါဒနှင့် မူဘောင်တွေရှိနေပြီဟု ပြောရမည်ဖြစ်ကြောင်း၊ အဆိုပါ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ထိထိရောက်ရောက် အကောင် အထည် ဖော်ခြင်းအားဖြင့် ကမာလုံးဆိုင်ရာ ပြဿနာကို ဖြေရှင်းနိုင်ရန်များစွာ အထောက်အကူ ဖြစ်စေ မည်ဖြစ် ကြောင်း။

နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည် အကျိုးစီးပွားအတွက် ယခုကဲ့သို့ ဆောင်ရွက်ခွင့်ရနေသည့် အချိန်ကာလတွင် မိမိတို့ ဗဟို ကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်မှု ကော်မတီများ၏ ပေါင်းစပ်ညှိနှိုင်းမှု၊ ကြီးကြပ်ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြစေလို ကြောင်းနှင့်  ယနေ့အစည်းအဝေးတွင် ကော်မတီ၏ သုံးနှစ်ခွဲကျော်ကာလအတွင်း ရရှိခဲ့သည့် အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များအပေါ်တွင် အခြေခံပြီး ကောင်းမွန်သည့်ပတ်ဝန်းကျင်အုပ်ချုပ် မှုစနစ်ဖြစ် ပေါ်လာ စေရေး အတွက် ရှေ့ဆက် လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရေး အကြံပြု ဆွေးနွေးသွား ကြရန်နှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ပွင့်ပွင့်လင်းလင်း ၀ိုင်းဝန်းဆွေး နွေးပေးကြရန် ပြောကြားသည်။  

ထို့နောက် ဗဟိုကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း က ဗဟို ကော်မတီ၏ အဋ္ဌမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီး မှုအခြေအနေများ၊ လုပ်ငန်း ကော်မတီများမှ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ရှေ့လုပ်ငန်း စဉ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအမံများကို ပေါင်းစပ်ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသူ များက သက်ဆိုင်ရာကဏ္ဍအလိုက်အကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ များနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြ ကြသည်။

အကြံပြု ဆွေးနွေး တင်ပြချက်များနှင့်  စပ်လျဉ်း၍  ဒုတိယ သမ  ဦးမြင့်ဆွေ၊ ဒုတိယ၀န်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်း ၀န်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်း ဖြေရှင်းပေးသည်။

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင် သိန်းက အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဗဟိုကော်မတီ၏    န၀မအကြိမ် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များကိုတင်ပြပြီး အစည်းအဝေး ဆုံးဖြတ်ချက်ပေါင်း ၁၇ ချက်ကို အတည်ပြု ချမှတ်ခဲ့သည်။

ယင်းနောက် အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာဗဟိုကော်မတီနာယက ဒုတိယသမတ ဦးမြင့်ဆွေက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း  သတင်း ရရှိသည်။          

Read 88 times Last modified on Thursday, 23 January 2020 09:05