SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နာဂဒေသ လေရှီးမြို့နယ်နှင့် ဗန်းမောက်မြို့နယ်တို့မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

Thursday, 23 January 2020 09:15 font size decrease font size decrease font size increase font size increase font size

ကလေး  ဇန်န၀ါရီ  ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့၌ ရောက်ရှိနေသည့်   နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုဝန်ကြီး များ ဖြစ်ကြသည့် ဦးမင်းသူ၊  ဦးအုန်းဝင်းနှင့်    ဒေါက်တာမြင့်ထွေး၊  တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်သူနှင့် ဦးလှမော်ဦး၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ  လေရှီးမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့် အဖွဲ့အား လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ နာဂတိုင်းရင်းသား၊ တိုင်းရင်းသူများက ကြိုဆိုနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်သည် လေရှီးမြို့ အားကစားကွင်း၌ ဒေသခံပြည်သူများအား တွေ့ဆုံသည်။

တွေ့ဆုံပွဲအပြီးတွင်    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်သည် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့်   မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်နှင့်အဖွဲ့သည် လေရှီးမြို့မှ ရဟတ်ယာဉ်များဖြင့်    ပြန်လည်ထွက်ခွာကြပြီး ဗန်းမောက်မြို့ ဇလုံတောင်သို့ ရောက်ရှိကာ ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်က  ဇလုံတောင် စေတီတော်အား ဖူးမြော်ကြည်ညိုပြီး  ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်နှင့်အဖွဲ့သည် ဇလုံတောင်မှ ရဟတ်ယာဉ်များဖြင့်   ဆက်လက်ထွက်ခွာကြပြီး ဗန်းမောက်မြို့သို့ ရောက်ရှိရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်သည်  ဗန်းမောက်မြို့တော် ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲအပြီးတွင်    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်သည်   ကျောင်းသား၊ ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့် အဖွဲ့သည်  ရဟတ်ယာဉ်များဖြင့် ဗန်းမောက်မြို့မှ ပြန်လည်ထွက်ခွာကြရာ ဟုမ္မလင်းမြို့သို့  ပြန်လည်ရောက်ရှိကြပြီး ထိုမှတစ်ဆင့်  အထူးလေယာဉ်ဖြင့် ဆက်လက် ထွက်ခွာကြရာ ကလေးမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့် အဖွဲ့အား လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများက ကလေးလေဆိပ်နှင့် ကလေးမြို့တွင်း လမ်းမများ၌ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက် ကြကြောင်း သိရသည်။            

Read 80 times Last modified on Thursday, 23 January 2020 09:15