SJ WorldNews - шаблон joomla Авто

နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ တပ်မတော်သတင်းစာရှင်းလင်းပွဲပြုလုပ်

Thursday, 23 January 2020 17:43 font size decrease font size decrease font size increase font size increase font size

၂၀၁၉ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ စည်းကမ်းဖောက်ဖျက်မှု၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှု၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြည်ပချစ်ကြည်ရေးခရီး သွားရောက်ခဲ့မှုများ၊ သံတမန် တွေ့ဆုံခဲ့မှုများနှင့် ပတ်သက်၍ တပ်မတော်သတင်းစာ ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများ စုစုပေါင်း သတင်းဌာန ၂၇ ခုမှ သတင်းထောက် ၄၉ ဦး တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဗိုလ်ချုပ်စိုးနိုင်ဦးက ၂၀၂၀ ပြည့်နှစ်၊ ဇန်န၀ါရီလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ စည်းကမ်းဖောက်ဖျက်မှု၊ ၂၀၁၉ ခုနှစ် တစ်နှစ်တာအတွင်း တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခု၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ စည်းကမ်းဖောက်ဖျက်မှုများ၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်န၀ါရီလအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် ၂၀၁၉ ခုနှစ်၊ တစ်နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဆောင်ရွက်ခဲ့မှုများ၊ ၂၀၁၉ ခုနှစ်၊ တစ်နှစ်တာအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 
ထို့နောက် ဗိုလ်ချုပ် ထွန်းထွန်းညီက ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာဆက်ဆံရေးနှင့် ချစ်ကြည်ရေးများ တိုးတက်ကောင်းမွန်စေရေး တပ်မတော်၏ ဆောင်ရွက်ချက်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြည်ပချစ်ကြည်ရေး ခရီးစဉ်များ သွားရောက်ခဲ့မှု၊ ပြည်ပမှ ဧည့်သည်တော်များ လာရောက်မှုနှင့် တွေ့ဆုံခဲ့မှုများ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ဘာသာရေးအသင်း အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ NGO ၊ INGO များနှင့် တွေ့ဆုံခဲ့မှုများ၊ တပ်မတော်၏ အဓိကတာဝန် ထမ်းဆောင်မှုနှင့် နိုင်ငံ့အရေး၊ အမျိုးသားနိုင်ငံရေး တာဝန်ထမ်းဆောင်နေမှု အကြောင်းများအား ရှင်းလင်းပြောကြားသည်။

၎င်းနောက် တက်ရောက်လာကြသည့် သတင်းဌာနအသီးသီးတို့က သိရှိလိုသည်များ မေးမြန်းမှုအပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများက လည်းကောင်း၊ ICC နှင့် ICJ ဆိုင်ရာ ကိစ္စရပ် များ၊ICoE အစီရင်ခံစာနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ စစ်တရားရုံးစစ်ဆေးစီရင်မှုဆိုင်ရာ ကိစ္စရပ်များအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဥပဒေချုပ်ရုံးမှ ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင်က လည်းကောင်း ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 

Read 80 times Last modified on Thursday, 23 January 2020 17:49