SJ WorldNews - шаблон joomla Авто

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံ ဆောင်ရွက်ချက်များ ချမှတ်ပေးရန် လျှောက်ထားချက်အပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်

Friday, 24 January 2020 07:53 font size decrease font size decrease font size increase font size increase font size

အပြည်ပြည်ဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက မှတ်သားထားရှိ၊ ရခိုင်ပြည်နယ်၌ လူမျိုးပြုန်းတီးစေရန် ဆောင်ရွက်မှု မရှိ

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံဆောင်ရွက် ချက်များချမှတ်ပေးရန် အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ လျှောက်ထား ချက်နှင့်ပတ်သက်၍ ယနေ့အပြည်ပြည်ဆိုင်ရာတရားရုံးက   ချမှတ်ခဲ့ သည့်ဆုံးဖြတ်ချက် အပေါ် မြန်မာနိုင်ငံအစိုးရအနေဖြင့် မှတ်သား ထားရှိ သည်။

၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် လူမျိုးပြုန်းတီးစေမှုများ ဖြစ်ပွားခဲ့ကြောင်း ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲ ချက်ဖြင့် တရားရုံးသို့ တင်ပြထား သည့်အမှုကိစနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံးမှ တရားသူကြီး များ အနေဖြင့် မှန်ကန်သည့်အချက်အလက်များရရှိနိုင်ရေးကို အထောက် အကူပြုစေရန်အတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး ရှေ့မှောက်တွင် မြန်မာ နိုင်ငံမှတက်ရောက်ရှင်းလင်းခဲ့ပြီးဖြစ်သည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်  (Independent Commission of Enquiry-ICOE)၏ အစီရင်ခံစာတွင်  ကောက်ချက်ချ ထားသကဲ့သို့ ရခိုင်ပြည်နယ်၌ လူမျိုးပြုန်းတီးစေရန် မည်သည့်ကျူးလွန် လုပ်ဆောင် ချက်မျိုးမျှ ဖြစ်ပွားခြင်း မရှိခဲ့ပါ။  စစ်မက်ပဋိပကဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်မှုများရှိသည်ဟု  ကော်မရှင်က တွေ့ရှိ ခဲ့ပြီး   ယင်းရာဇ၀တ်မှုများကို မြန်မာနိုင်ငံ၏ရာဇ၀တ်မှုဆိုင်ရာ တရားစီရင်မှုစနစ်အရ  စုံစမ်းစစ်ဆေးအရေးယူ လျက်ရှိ သည်။

ယခုအမှုကိစ်္စတွင် မူလလျှောက်ထားချက်၏ ခိုင်လုံမှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံးအနေဖြင့်    အချက် အလက်မှန် များကို  အခြေခံကာ မှန်ကန်သည့်စီရင်ဆုံးဖြတ်ချက်ချမှတ်သွားရေးမှာ မြန်မာနိုင်ငံ အတွက် အရေးကြီးသည်။ လူ့အခွင့်အရေးလှုပ်ရှားသူအချို့က တင်သွင်း ခဲ့ကြသည့် အထောက်အထားခိုင်လုံမှုမရှိသည့် စွပ်စွဲမှုများ၊ ရှုတ်ချမှုများကြောင့် ရခိုင်ပြည်နယ်၏ အခြေအနေကို လိုရာဆွဲ၍ လွဲမှားစွာပုံဖော် လျက်ရှိနေသည့်အတွက် မြန်မာနိုင်ငံနှင့် အခြားသော နိုင်ငံများ၏ဆက်ဆံရေးအပေါ် ထိခိုက်မှုများ ဖြစ်စေခဲ့သည်။ ယင်းသို့သော အခြေအနေများသည် ရခိုင်ပြည်နယ် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံကောင်းများ ချမှတ်ရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက် နေမှုများအပေါ်အဟန့်အတားဖြစ်စေခဲ့သည်။

အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့် အမှုကိစ်္စကို စတင်ကိုင်တွယ် ဆောင်ရွက်ချိန်တွင် အကာအကွယ်ပေးရေး အစီအမံများချမှတ်ရန် ပျက်ကွက် ခဲ့သည်ဟုစွပ်စွဲခံရနိုင်သည့် အလားအလာများမှ ကာကွယ်နိုင်ရန် ကြားဖြတ် စီမံဆောင်ရွက်ချက်များကို ချမှတ်ခဲ့လေ့ရှိသောအစဉ်အလာရှိသည်ကိုလည်း မိမိတို့အားလုံးအနေဖြင့် သိရှိထားသင့် သည်။ ““တရားရုံး၏ယနေ့ ဆုံးဖြတ်ချက်သည် ယင်းအမှု၏ဆီလျော်ခိုင်မာမှု (merits) အား တရားရုံးက စီရင်ဆုံးဖြတ် ပိုင်ခွင့် ရှိ- မရှိအပေါ်တွင်လည်းကောင်း၊ လျှောက်ထားသည့်အမှုကို လက်ခံကြားနာခွင့် ရှိ-မရှိနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အမှု၏ ဆီလျော်ခိုင်မာမှု (merits) နှင့်ပတ်သက်၍လည်းကောင်း၊ ကြိုတင်ဆုံးဖြတ်သည့် သဘော  လုံးဝ သက်ရောက်စေမည် မဟုတ်ကြောင်း””အပြည်ပြည် ဆိုင်ရာတရားရုံးက အတည်ပြုပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၃ ရက်                    

Read 156 times Last modified on Friday, 24 January 2020 08:04