SJ WorldNews - шаблон joomla Авто

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပူတာအိုခရိုင်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများကို စစ်ဆေး

Friday, 24 January 2020 08:28 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇန်န၀ါရီ   ၂၃

ကချင်ပြည်နယ်  ပူတာအိုမြို့၌ ရောက်ရှိနေသော    နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည်   ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့က ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိရာ ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးက ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရေး လုပ်ငန်းများအား ရှင်းလင်းတင်ပြချက်အပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ၀န်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ   ရုံးဝင်းအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တည်ဆောက်ရေး လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နယ်စပ်ရေးရာ ၀န်ကြီးဌာန လက်ရှိ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မာမိန်-မာမိန်ရှီးဒီ ကျေးရွာချင်းဆက်လမ်း(၂/၆)မိုင် ပြုပြင် ထိန်းသိမ်းမှု အခြေအနေနှင့် မာမိန်ရှီးဒီ ဘေလီတံတားတို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စု ၀န်ကြီးနှင့် အဖွဲ့သည်  နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (ပူတာအို)သို့ရောက်ရှိပြီး  ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံကာ  မိမိဒေသ၊ မိမိပြည်နယ်၊ မိမိနိုင်ငံတော်အကျိုး သယ်ပိုးနိုင်မည့် နောင်တစ်ခေတ်၏ ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ဖြစ်လာစေရေး ရည်မှန်းချက်ထား၍ နိုင်ငံတော်က ထောက်ပံ့ပြုစုပျိုးထောင်နေသော မောင်တို့မယ်တို့ကို စာပေပညာရပ်အပြင် စိတ်ဓာတ်၊ စည်းကမ်း၊ ပေါင်းသင်းဆက်ဆံရေး၊ စာပေဖတ်ရှုသည့် အလေ့အထ၊ အချိန်ကိုတန်ဖိုးထား စနစ်တကျ ခွဲဝေတတ်ခြင်း၊ ငွေကြေးခြိုးခြံချွေတာ စုဆောင်းခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး လက်တွေ့ဆောင်ရွက်ရမှုများ အစရှိသည် တို့ကို လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်သဖြင့် မောင်တို့မယ်တို့အနေဖြင့် ဤအခွင့်အရေးကို အလေးထား တန်ဖိုးထားရန်၊ ဇွဲ၊ လုံ့လ၊ ၀ီရိယအပြည့်ဖြင့် ကြိုးစားအားထုတ်သွားကြရန် မှာကြား၍ နေ့လယ်စာအား ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စားသုံးခဲ့ပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Read 73 times Last modified on Friday, 24 January 2020 08:28