SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တမူးမြို့တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ

Friday, 24 January 2020 09:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇန်န၀ါရီ  ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်သူနှင့် ဦးလှမော်ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ကလေးမြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ဒေသခံပြည်သူများက ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် တမူးမြို့နယ် စက်ရောင်ဘီလူး ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲအပြီးတွင်   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်သည် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့် အဖွဲ့သည်  တမူးမြို့မှ ရဟတ်ယာဉ်များဖြင့်  ပြန်လည်ထွက်ခွာကြရာ ကလေးမြို့သို့ ရောက်ရှိကြပြီး ထိုမှတစ်ဆင့် အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာကြရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြသည်။

ယခုအခါ ထိုင်း-မြန်မာ-အိန်္ဒိယ အာဆီယံ လမ်းမကြီးကို ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ယာကြီး-ကလေးဝ အပိုင်း(၇၅ မိုင် ၅ ဖာလုံ)အား အိန်္ဒိယနိုင်ငံအကူအညီဖြင့် ကတ္တရာ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် ကလေးဝ- ကျီကုန်း-တမူးလမ်းပိုင်း(၉၃)မိုင် အပေါ်ရှိ တံတား ၆၉ စင်းကိုလည်း   အိန်္ဒိယနိုင်ငံ အကူအညီဖြင့်   ပြန်လည်ပြုပြင်ခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး  အဆိုပါလုပ်ငန်းများသည် ခန့်မှန်း ၂၀၂၁  ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းမကြီးပြီးစီးပါက မြန်မာ-အိန်္ဒိယ(နှစ်နိုင်ငံ) နယ်စပ်ကုန်သွယ်ရေး ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တမူးမြို့၌  မြေဧရိယာ ၃၂ ဒသမ ၁၇၆ ဧကအား နယ်စပ်ကုန်သွယ်ရေးဇုန် တည်ဆောက်နိုင်ရေးအတွက် ခွင့်ပြုချထားပေးကာ အဆိုပါမြေ ဧရိယာတွင် နယ်စပ်ကုန်သွယ်ရေးဇုန် တစ်ခုဖြစ်ပေါ်လာရန် အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ ပူးပေါင်း၍ Master Plan တစ်ခု ရေးဆွဲ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။                          

Read 87 times Last modified on Friday, 24 January 2020 09:33