SJ WorldNews - шаблон joomla Авто

AA အကြမ်းဖက် သောင်းကျန်းသူ များက ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာ အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်၊ ရွာသားနှစ်ဦးသေ၊ ခုနစ်ဦး ဒဏ်ရာရရှိ

Sunday, 26 January 2020 09:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇန်န၀ါရီ  ၂၅

၂၀၂၀ ပြည့်နှစ်၊ ဇန်န၀ါရီလ၂၅ ရက် နေ့ နံနက် ၁ နာရီ မိနစ် ၂၀ အချိန်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက ဘူးသီး တောင်မြို့နယ်၊ ကင်းတောင်ကျေးရွာ အတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် ကင်းတောင် ကျေးရွာသား နှစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ်ရှိ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ယူထားသော ဖုန်ညိုလိပ် တံတားအား AAအကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက  ဇန်န၀ါရီလ၂၅ ရက်နေ့ နံနက် ၁ နာရီ မိနစ်  ၂၀ အချိန်ခန့်တွင် တံတား၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာ နေရာနှစ်  နေရာမှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် မိမိ တပ်များက ၎င်းတို့ရှိရာ အရှေ့ မြောက်ဘက်သို့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ပစ်ခတ်တိုက်ခိုက်စဉ် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကင်းတောင်ကျေးရွာအတွင်း  ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ကျည်ကျရောက်ပေါက်ကွဲမှုကြောင့်  ကျေးရွာနေ မနူဟာဘာ(ဘ) အဒူနော်ဘီသည် လက်နက်ကြီး ကျည်ထိမှန် ဒဏ်ရာဖြင့်  အဆိုပါနေရာ၌ပင်သေဆုံးခဲ့ပြီး  မအိုမာ ဟာဘီ(ဘ) ဟာမာတူဆောင်းသည် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ရရှိဒဏ်ရာဖြင့်  ဆေးရုံ၌သေဆုံးခဲ့ပြီး ဂျာမာ လုဆောင်း(ဘ)ရှော်ရှီတာမောက် အပါအ၀င်   ခုနစ်ဦး  ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် တပ်မတော်စစ်ကြောင်းများဖြင့်  တိုက်ပွဲများဖြစ်ပွားစဉ် ဖြစ်စဉ်အနီးရှိ ဘင်္ဂါလီ ကျေးရွာများသို့ လက်နက်ကြီးများဖြင့်  ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ ဒီဇင် ဘာလနှင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်န၀ါရီလ  အတွင်းAA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များက ဖုန်ညို လိပ်တံတားအား နှောင့် ယှက်ပစ်ခတ်တိုက်ခိုက်မှုမှာ ငါးကြိမ်ခန့် ရှိကြောင်း တွေ့ရှိရသည်။ ၎င်းအပြင် ၂၀၁၉ခုနှစ်၊ သြဂုတ်လ၂၈ ရက်တွင် ထိပ်တူးပေါက် ကျေးရွာနေ ဟာမစ်ဟူဆောင်(ဘ) မာမွတ်ဆလံအား AA အကြမ်းဖက် သောင်းကျန်းသူများက ၎င်းအဖွဲ့အား ထောက်ခံအားပေးမှု မရှိသဖြင့် လက်နက်ငယ်ဖြင့် ပစ်ခတ်သတ် ဖြတ်ခြင်း၊၂၀၂၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၇ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းအား နင်းမိ ပေါက်ကွဲခဲ့ သဖြင့် ထိပ်တူးပေါက် ကျေးရွာမှ ကလေးငယ် လေးဦးသေဆုံးခဲ့ပြီး ကျောင်းဆရာတစ်ဦး ဖြစ်သည့် အလီဇူဟာရှ် (ဘ) ဆူတာအာမတ် အပါအ၀င် ခြောက်ဦး ဒဏ်ရာ ရရှိခဲ့ခြင်းတို့ ဖြစ်ပွားခဲ့သည်။

အဆိုပါ ဒဏ်ရာ ရရှိသူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များက ဘူးသီးတောင်မြို့နယ်ရှိ ပြည်သူ့ ဆေးရုံသို့ပို့ဆောင် ဆေးကုသမှု ခံယူစေပြီး လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 89 times Last modified on Tuesday, 28 January 2020 13:02