SJ WorldNews - шаблон joomla Авто

တောင်ငူ- ရန်ကုန် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ

Monday, 27 January 2020 07:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇန်န၀ါရီ   ၂၆

တောင်ငူ- ရန်ကုန်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း  လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရန်ကုန်- မနလေး လမ်းပိုင်း    အဆင့်မြှင့်တင်ရေး စီမံကိန်း၏ အဆင့်(၂)ဖြစ်သည့် တောင်ငူ-ရန်ကုန်  ရထားလမ်းပိုင်း  အဆင့် မြှင့်တင် ဆောင်ရွက်နေမှုများကို   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး   ဦးသန့်စင် မောင် သည် ယမန်နေ့နံနက်ပိုင်းက ကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ အုတ်တွင်းဘူတာရှိ CP.103 လုပ်ငန်းရှင်းလင်း ဆောင်၌ တာဝန်ရှိသူများက လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းအား  အပိုင်းလိုက်ခွဲ၍   လုပ်ငန်းဆောင်ရွက်ထားမှု၊ ကွန်ကရစ်လောင်းခြင်းလုပ်ငန်းများ   ဆောင်ရွက်နေမှု၊ ကွန်က ရစ် ဇလီဖားနှင့် သံလမ်းများ ရောက်ရှိမှု၊ Welding Machine များဖြင့် သံလမ်းဆက်ခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှု၊ Railpile ရိုက်ခြင်းလုပ်ငန်း၊  မြေသားတာပေါင် များအား  စက်ဖြင့်ကြိတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု များနှင့် DEMU တွဲဆိုင်းများ ရောက်ရှိမည့်အခြေအနေ၊ စမ်းသပ်ပြေးဆွဲသွားမည့်အခြေအနေ၊ အချက်ပြဆက်သွယ် ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကန်ထရိုက်များနှင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား စံချိန်စံညွှန်းနှင့် ကိုက်ညီ မှုရှိစေရေး ကြပ်မတ် ဆောင်ရွက်သွားကြရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တံတားအမှတ် ၂၀၅ ဖြူးချောင်း တံတားတည်ဆောက်ရေး လုပ်ငန်း ခွင်သို့ ရောက်ရှိပြီး တံတားလုပ်ငန်းဆောင်ရွက်နေ မှုနှင့်လုပ်ငန်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ဖြူးဘူတာသစ် တည်ဆောက် နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ချိန် အမီ ပြီးစီးရေးကြိုးစား ဆောင်ရွက် ပေးကြရန်၊ ရေလုံလောက်စွာရရှိစေရေး၊ သန့်စင်ခန်းနှင့် မိလာကန်များအား စနစ်တကျ တည်ဆောက် သွားကြရန်၊ ဘူတာတည် ဆောက်နေစဉ် ကာလအတွင်း ခရီးသွား ပြည်သူများ သက်သောင့်သက်သာ နားနေ နိုင်ရန်နှင့် စိတ်ချမ်း မြေ့စွာ ခရီးသွားလာနိုင်ရေး စီစဉ် ဆောင်ရွက်ပေးကြရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြွန်တန်ဆာရှိ CP.102 ပဲခူး- ညောင်လေးပင် လမ်းပိုင်း လုပ်ငန်း ရှင်းလင်း ဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ရထားလမ်း တစ်လျှောက်ကျောက်များ  ဖယ်ရှားခြင်းနှင့် မြေသား လုပ်ငန်းဆောင် ရွက်ထားမှု၊ တံတားတည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက် ဆောင်ရွက် သွားမည့် လုပ်ငန်းများ၊ မြေထိန်း နံရံများပြုလုပ်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင် စု ၀န်ကြီးက လိုအပ်သည်များမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြွန်တန်ဆာဘူတာနှင့်ဒိုက်ဦးဘူတာအကြားတံတားအမှတ် ၁၁၅ ဘိုင် တားချောင်း တံတားတည်ဆောက်နေမှု၊ ဒိုက်ဦးဘူတာနှင့် အိမ်ခြေလေးဆယ်ဘူတာ အကြား တံတားအမှတ် ၁၁၁ ကောလိယချောင်းတံတား တည်ဆောက်နေမှု၊ လမ်းတစ်လျှောက် လမ်းပိုင်းများနှင့် တံတားများ ပြုပြင် တည် ဆောက်နေမှုကို ကြည့်ရှုစစ် ဆေးသည်။ ထို့နောက် ထုံးကြီးဘူတာရှိ CP.101 ၌ သံလမ်းဆက်များ ပြုလုပ် ထားရှိမှုနှင့် အဆက်များ ကြံ့ခိုင်မှုကို စက်ဖြင့် စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်မည့် သံလမ်းများကို ကြည့်ရှု စစ်ဆေးကြောင်း သိရသည်။

(သတင်းစဉ်)                     

 

Read 82 times Last modified on Monday, 27 January 2020 07:53