SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့ရှိ တပ်မတော် ပန်းခြံအား အများပြည်သူ မည်သူမဆို အပန်းဖြေ လည်ပတ်နိုင်ရန် ဖွင့်လှစ် ထားရှိမည်

Monday, 27 January 2020 11:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ မြန်မာ့သမိုင်းဝင် တော်လှန်ရေး ပန်းခြံသည် မြန်မာ နိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသည့်အထင်ကရနေရာ တစ်ခုဖြစ်ပြီး တပ်မတော်နေ့ အခမ်းအနား များကို ၂ဝဝ၅ ခုနှစ် (၆ဝ)ပြည့်နှစ် တပ်မတော်နေ့အထိ နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ပန်းခြံအတွင်း ၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သမိုင်းဝင် စစ်ထွက်မိန့်ခွန်း ပြောကြားခဲ့သည့် စစ်ထွက် သပြေပင်နှင့် ဗိုလ်ချုပ်၏ စီးတော်မြင်း ချည်ခဲ့သော မြင်းချည် သပြေပင် တို့ အပါအဝင် အလေးပြုခံ စင်မြင့်နှင့် အလံတိုင်များ၊ ဗိုလ်ချုပ်ကြေးရုပ်နှင့် မီးရှူးတိုင်များ၊ ကျန်းမာရေး ကိုယ်လက် လေ့ကျင့်ရေး ကွင်းများ၊ ရေပန်းများ၊ ကလေးကစားကွင်းများ၊ ပန်းခြံအတွင်း မုခ်ဦးများ၊ သစ်ပင် ပန်းမန်များ၊ ရုပ်တုများအား သန့်ရှင်း သာယာလှပစွာ ဆောင်ရွက်ထားပြီး မီးအလှများလည်း ဆင်ယင်ထားရှိပါသည်။

(၇၅) နှစ်မြောက် စိန်ရတု တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့ရှိ သမိုင်းဝင် တော်လှန်ရေး ပန်းခြံအား ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၁  ရက်နေ့မှစတင်၍ အများပြည်သူများ အခမဲ့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ရန် နေ့စဉ် နံနက် ၅ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်မည်ဖြစ်ပါသည်။ အဆိုပါပန်းခြံ၌ နေ့စဉ်နံနက် ၅း၃ဝ နာရီတွင် နိုင်ငံတော် အလံတင် အခမ်းအနားနှင့် ညနေ ၅း၃ဝနာရီတွင် နိုင်ငံတော် အလံချ အခမ်းအနားကို ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ပြုလုပ် သွားမည်ဖြစ်ပြီး အများပြည်သူများ လာရောက်ကြည့်ရှုနိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

 

Read 93 times Last modified on Monday, 27 January 2020 11:55