SJ WorldNews - шаблон joomla Авто

မြေပုံမြို့နယ်၊ စညှင်းကျေးရွာ အနီးရှိ စစ်ဘေးရှောင် စခန်းတစ်ခု အနီး မိုင်းများ ဖော်ထုတ် တွေ့ရှိ၊ ဘေးကင်းရာ သို့ ပြောင်းရွှေ့ရန် အကြောင်း ကြားထား

Monday, 27 January 2020 18:48 font size decrease font size decrease font size increase font size increase font size

 နေပြည်တော် ဇန်န၀ါရီ - ၂၇

 ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာ၏ အရှေ့ဘက် မီတာ ၃၀၀ ခန့် အကွာ၌ မိုင်း ၁ လုံးပေါက်ကွဲ သံကြားရသဖြင့် လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းက ဇန်န၀ါရီ ၂၆ ရက် နံနက် ၁ နာရီ ခွဲခန့်တွင် သွားရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ၎င်းနေရာအနီး၌ စစ်ဘေးရှောင်စခန်းတစ်ခုအား တွေ့ရှိရပြီး အဆိုပါ စခန်း၏ အနောက်မြောက်ဘက် မီတာ ၂၀ ခန့်အကွာ ကားလမ်းဘေး၌ ကွန်ကြူးပိုက်ဖြင့် ပြုလုပ်ထားသော အချင်း ၃ လက်မ၊ အရှည် ၄ လက်မခန့်ရှိ ဒေသန္တရမိုင်း ၁ လုံးနှင့် နင်းမိုင်းခလုတ် ၁ ခုတို့အား တွေ့ရှိခဲ့သဖြင့် အများပြည်သူများ အန္တရာယ်မဖြစ်စေရေး စစ်ကြောင်းရှိ မိုင်းရှင်းလင်းရေးအဖွဲ့ဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့သည်။

 

အဆိုပါမိုင်းတွေ့ရှိသည့် နေရာသည် တပ်မတော်စစ်ကြောင်းများနှင့် AA အကြမ်းဖက် သောင်းကျန်းသူများ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး AA အကြမ်းဖက် သောင်းကျန်းသူများက မိုင်းထောင်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းများ ပြုလုပ်သည့် နေရာဖြစ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းများ ဖော်ထုတ်တွေ့ရှိခဲ့သည့် နေရာအနီးရှိ စစ်ဘေးရှောင်စခန်းအား လိုအပ်သည့်ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါစခန်းတွင် ရွတ်ဖျင်တဲ ၄၀ လုံးခန့်၊ သံဃာတော် ၃ ပါးနှင့် မိန်းမ၊ ကလေး၊ သက်ကြီးရွယ်အို ၂၅၀ ဦးခန့် နေထိုင်လျက်ရှိကြောင်း တွေ့ရှိရသည်။

 စညှင်းရွာအနီးရှိ စစ်ဘေးရှောင်စခန်းနေရာတစ်ဝိုက်၌ AA အကြမ်းဖက် သောင်းကျန်းသူများနှင့် တပ်မ တော်စစ်ကြောင်းများ မကြာခဏတိုက်ပွဲဖြစ်ပွားလျက် ရှိခြင်း၊ မြေပြင်သတင်းများရရှိမှုအရ ဖော်ထုတ်ဆဲ AA အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းအခြေပြုနေသည့် စခန်းနေရာနှင့် နီးကပ်စွာတည်ရှိနေခြင်း၊ ၎င်းစစ်ဘေးရှောင် စခန်းအား AA အကြမ်းဖက်သောင်းကျန်းသူများက ရွာသားအသွင်ဖြင့် ၀င်/ထွက်မှုများ ရှိနေပြီး ဆက်စပ်မှုများရှိနေခြင်းကြောင့် စစ်ဘေးရှောင်စခန်းရှိ သံဃာတော်များ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် အန္တရာယ်ရှိကြောင်းတွေ့ရှိရသည်။

ထို့ကြောင့် စစ်ဘေးရှောင်စခန်းနေသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဘေးကင်းရာနေရာသို့ ပြောင်းရွှေ့ပေးနိုင်ရေး ပြည်နယ်အစိုးရသို့ အကြောင်းကြားထားရှိပြီး သင့်တော်သည့်နေရာသို့ ရွှေ့ပြောင်း နိုင်ရေးအတွက် တာဝန်ရှိသူများက သံဃာတော်များနှင့် စခန်းနေသူများအား ယနေ့ နေ့လည်ပိုင်းတွင် သွားရောက်ရှင်းလင်း ပြောကြားခဲ့ပြီး ရွှေ့ပြောင်းနိုင်ရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Read 103 times Last modified on Tuesday, 28 January 2020 07:52